အခုတော့ တံတားက ဆောက်လက်စ၊ တိုင်တွေထူပြီးစ ဖြစ်တာကြောင့် စိတ်မချမ်းသာနိုင်သေးပါ။
ရန်ကုန်ပြည်လမ်း နေရာအများအပြားမှာ ဆောက်လုပ်ရေးစီမံကိန်းအတွက် မဖြစ်မနေ လမ်းပိတ်ထားပါတယ်။ အဲဒါကြောင့် ယာဉ်ကျောပိတ်မှုပိုဖြစ်၊ ပိုပြီး စိတ်ညစ်ဖို့ကောင်းနေပါတော့တယ်။
| ခေတ်ဟောင်းနည်းနဲ့ ပျဉ်ဖြတ်နေတဲ့ လုပ်ငန်းခွင်ကို မနေ့က ညနေပိုင်းမှာ အထက်ကပုံအတိုင်း တွေ့ခဲ့ရပါတယ်။ |
တံတားကြီး မြန်မြန်ပြီးဖို့ လိုအပ်သလို စံချိန်မီဖို့၊ ကြံ့ခိုင်ဖို့လည်း လိုအပ်ပါတယ်။
တံတားကောင်းကောင်းတခု ပေါ်ပေါက်ရေးအတွက် စီစဉ်ဆောင်ရွက်နေရလို့ အချိန်တွေ ကြာနေတာ ဆိုရင်တော့ လက်ခံစရာပါ။
ဆောက်လုပ်ရေးလုပ်ငန်းရှင်များက ကိုယ့်အတွက် ပိုကျန်အောင် လုပ်နေလို့ သို့မဟုတ် စီမံခန့်ခွဲမှု အားနည်းနေတာလို့ အချိန်တွေ ကြာနေတာလား ဆိုပြီးတော့လည်း မေးခွန်းထုတ်သင့်ပါတယ်။
ဒီလိုလုပ်ငန်းတွေကို လေ့လာဖို့၊ စုံစမ်းထောက်လှမ်းဖို့ကလည်း မီဒီယာတွေ၊ စောင့်ကြည့်တဲ့အဖွဲ့တွေအတွက် အခြေအနေ မပေးသေးပါဘူး။
| တခါတလေတော့လည်း ဖြည်းဖြည်းမောင်းပါ ဆိုတဲ့ ဆိုင်းဘုတ်က မိနစ်အတန်ကြာ စောင့်ဆိုင်းနေတဲ့ ကားများကို ပြောင်လှောင်နေဟန် ရှိပါတယ်။ |
သူခန့်မှန်းတာ မှန်မယ် ဆိုရင်တော့ လပိုင်းအတွင်း တံတားကြီး ပေါ်ပေါက်လာတော့မှာပါ။ တံတားတည်ဆောက်မှု ၁၃ လပဲ ကြာမယ် ဆိုတဲ့ သဘောပါ။
| မီးပွိုင့်မိချိန် ကားအပြင်ထွက် မတ်တပ်ရပ် အညောင်းဖြေနေဟန်ရှိတဲ့ အငှားယာဉ်မောင်းသူ |
အခုတော့ မစိမ်းနိုင်တဲ့ မီးပွိုင့်ကို စိမ်းတဲ့အထိ စောင့်နေကြရတာပါ။ စောင့်နေတော့ မီးပွိုင့်က စိမ်းဖို့ ပိုကြာနေသလို ဖြစ်နေပါတော့တယ်။--
No comments:
Post a Comment