လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Monday, December 24, 2012

လ ကို အမေရိကန်တို့၏ ၅၁ ခုမြောက်ပြည်နယ်ဖြစ်လာရန် တောင်းဆိုထား

Photo: လ ကို အမေရိကန်တို့၏ ၅၁ ခုမြောက်ပြည်နယ်ဖြစ်လာရန်
တောင်းဆိုထား
Saturday, 22 December 2012

လ (Moon) ကို အမေရိကန်တို့ရဲ့  ၅၁ ခုမြောက် ပြည်နယ်ဖြစ်လာရန် ယခုနှစ်အတွင်း တောင်းဆိုခဲ့ပါတယ်။

တောင်းဆိုသူကတော့ အမေရိကန် လွတ်တော်အမတ် တစ်ဦး ဖြစ်တဲ့ Newt Gingrich ဖြစ်ပြီး အိမ်ဖြူတော်အစိုးရအဖွဲ့ကို တင်ပြခဲ့တာ ဖြစ်ပါတယ်။ သူရဲ့  တင်ပြချက်အရ လကမ္ဘာမှာ အမေရိကန်နိုင်ငံသား လူဦးရေ ၁၃၀၀၀ နေ ထိုင်ပြီဆိုရင် အမေရိကန်ရဲ့  ပိုင်နက်နယ်မြေအဖြစ် သတ်မှတ်နိုင်ပြီး ပြည် နယ်တစ်ခု ဖြစ်လာမယ်လို့ တင်ပြခဲ့တာ ဖြစ်ပါတယ်။ သူ့ ရဲ့ တင်ပြချက်ဟာ အမေရိကန် အထက်လွတ်တော်အမတ်များ လက်ခံဖွယ်ရာ ဖြစ် လာပြီး ဆွေးနွေးတိုင်ပင်မှုပေါင်း များစွာ ပြုလုပ်ခဲ့ပါတယ်။

သို့ပေမယ့် အမေရိကန် Northwest Ordinance ဥပဒေပြဌာန်းရေး အဖွဲ့ မှ ပြန်လည်ကြေညာချက်အရ လူဦးရေ ၆သောင်း ရှိမှ ပိုင်နက်ပြည်နယ် တစ်ခု အဖြစ် ကြေညာနိုင်မယ်လို့ ဆိုခဲ့ပါတယ်။

လက်ရှိမှာတော့ လ ကို Terra nullius (မည်သူမှ မပိုင်သောနယ်မြေ) အဖြစ် သတ်မှတ်ထားပါတယ်။ သို့ပေမယ့် လက်ရှိ Newt Gingrich တင်ပြချက်အရ လကမ္ဘာဟာ အမေရိကန်ရဲ့  ၅၁ ခုမြောက် ပြည်နယ်ဖြစ်လာမယ်ဆိုရင် သူ့ထက် ငါအပြိုင် ပိုင်ဆိုင်ဖို့ ကြိုးစားမယ့် နိုင်ငံကြီးပေါင်းမြောက်များစွာ ရှိလာမှာ ဖြစ်ပါတယ်။
--
Ref:wiki
Royal Hero Media
လ (Moon) ကို အမေရိကန်တို့ရဲ့  ၅၁ ခုမြောက် ပြည်နယ်ဖြစ်လာရန် ယခုနှစ်အတွင်း တောင်းဆိုခဲ့ပါ တယ်။ တောင်းဆိုသူကတော့ အမေရိကန် လွတ်တော်အမတ် တစ်ဦး ဖြစ်တဲ့ Newt Gingrich ဖြစ်ပြီး အိမ်ဖြူတော် အစိုးရအဖွဲ့ကို တင်ပြခဲ့တာ ဖြစ်ပါတယ်။ သူရဲ့  တင်ပြချက်အရ လကမ္ဘာမှာ အမေရိကန်နိုင်ငံသား လူဦးရေ ၁၃၀၀၀ နေ ထိုင်ပြီဆိုရင် အမေရိကန်ရဲ့  ပိုင်နက်နယ်မြေအဖြစ် သတ်မှတ်နိုင်ပြီး ပြည် နယ်တစ်ခု ဖြစ်လာမယ်လို့ တင်ပြခဲ့တာ ဖြစ်ပါတယ်။ သူ့ ရဲ့ တင်ပြချက်ဟာ အမေရိကန် အထက်လွတ်တော်အမတ်များ လက်ခံဖွယ်ရာ ဖြစ် လာပြီး ဆွေးနွေးတိုင်ပင်မှုပေါင်း များစွာ ပြုလုပ်ခဲ့ပါတယ်။
သို့ပေမယ့် အမေရိကန် Northwest Ordinance ဥပဒေပြဌာန်းရေး အဖွဲ့ မှ ပြန်လည်ကြေညာချက်အရ လူဦးရေ ၆သောင်း ရှိမှ ပိုင်နက်ပြည်နယ် တစ်ခု အဖြစ် ကြေညာနိုင်မယ်လို့ ဆိုခဲ့ပါတယ်။

လက်ရှိမှာတော့ လ ကို Terra nullius (မည်သူမှ မပိုင်သောနယ်မြေ) အဖြစ် သတ်မှတ်ထားပါတယ်။ သို့ပေမယ့် လက်ရှိ Newt Gingrich တင်ပြချက်အရ လကမ္ဘာဟာ အမေရိကန်ရဲ့  ၅၁ ခုမြောက် ပြည်နယ်ဖြစ်လာမယ်ဆိုရင် သူ့ထက် ငါအပြိုင် ပိုင်ဆိုင်ဖို့ ကြိုးစားမယ့် နိုင်ငံကြီးပေါင်းမြောက်များစွာ ရှိလာမှာ ဖြစ်ပါတယ်။
--
Ref:wiki
Royal Hero Media

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..