
အမေရိကန်ဒေါ်လာ ၉၉ ဒေါ်လာသာ ကုန်ကျမယ့် ဂိမ်းစက် ဆိုတော့ တိုက်ရိုက် တွက်ချက်ရင် ၈ သောင်းခွဲဝန်းကျင်သာ ရှိပါတယ်။ လွန်ရောဆုံး မှ ၁ သိန်းထက် မပိုနိုင်တဲ့ ဂိမ်းစက်များ ဖြစ်ပါတယ်။ သူ့ကို Ouya လို့အမည်ပေးထားပါတယ်။
တကယ်ထူးထူးခြားခြားပဲ အဆင့်မြင့် Android ဂိမ်းများကို ဆော့ကစားနိုင် မှာ ဖြစ်ပါတယ်။ Android OS ကိုအခြေခံပြီး အလုပ်လုပ်မှာ ဖြစ်တဲ့အတွက် Android ဂိမ်းအကုန်လုံး ဆော့ကစားနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဖန်တီးသူ Boxer8 - Developer များရဲ့  ကျေးဇူးကြောင့် graphic ကောင်းတဲ့ Xbox နဲ့ PS3 ဂိမ်း များတောင် ဆော့ကစားရအုံးမှာ ဖြစ်ပါတယ်။ Open Source ဆော့ဖ်ဝဲ နည်းပညာကို အသုံးပြုထားပါတယ်။ ဒါကြောင့် ဘယ်နိုင်ငံ၊ ဘယ်နေရာ ကပဲ ဖြစ်ဖြစ် အသုံးပြု ဆော့ကစားနိုင်မှာ ဖြစ်ပါ တယ်။ Google Play ကို အသုံးပြုရမှာ မဟုတ်ပါဘူး။ Ouya ရဲ့  App store သီးသန့် ပြုလုပ်ပေးမှာ ဖြစ်ပြီး ဂိမ်းအားလုံး ဘယ်နေရာကဖြစ်ဖြစ် Download ဆွဲနိုင်မှာ ဖြစ်ပါတယ်။
စက်က လက်တစ်ဆုပ်စာပဲ ရှိပါတယ်။ မျက်နှာပြင်မပါပါဘူး။ HDMI အပေါက် ပါတဲ့ တီဗီများနဲ့ ချိတ်ဆက်ဆော့ကစားရမှာ ဖြစ်ပါတယ်။ ဒီတော့ ကွန်ပျူတာ မော်နီတာ များနဲ့လည်း ချိတ်ဆက်နိုင်ပါတယ်။ သူ့မှာ Wi-Fi ရော ၊ Bluetooth လည်း ပါဝင်ပါတယ်။ 1GB RAM memory ရှိပါတယ်။ Display မပါတာကလည်း အားသာချက် တစ်ခုလို့ ဆိုရပါမယ်။ ဘာလို့လဲဆို 1080p resolution အဆင့်အထိ ရှိတဲ့ ရုပ်ထွက်ကို ပေးစွမ်းနိုင် လို့ ဖြစ်ပါတယ်။ ဒါကြောင့် Xbox နဲ့ PS3 ဂိမ်းကြီးများ တောင် boxer8 က ပေးစွမ်းနိုင်ခြင်း ဖြစ်ပါတယ်။
Operating system : Android 4.2 Jelly Bean
System-on-chip used : Nvidia Tegra 3 (T33)
CPU : Quad-core ARM Cortex-A9
Storage capacity : 8 GB internal flash memory
Memory : 1 GB RAM
Display : HDMI (1080p, 1080i, 720p)
Graphics : NVIDIA ULP GeForce GPU
Input : USB 2.0 (one)
Controller input : Wireless controller
Connectivity : Wi-Fi 802.11 b/g/n, Bluetooth LE 4.0, Ethernet port
၂၀၁၂ ဇူလိုင်လ ၃ ရက်မှာ စတင် မိတ်ဆက်ပြသပြီး ၂၀၁၃ မတ်လက စလို့ ကမ္ဘာတစ်လွှာ စတင်ဖြန့်ချိမှာ ဖြစ်တယ်လို့ သိရပါတယ်။
--
Ref:Ouya
Aung Kham (TSJ team)
No comments:
Post a Comment