လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Saturday, December 1, 2012

မက်ဆီ၊ စီရော်နယ်ဒိုနှင့် အင်နီယေစတာတို့ ရွှေဘောလုံးဆုကို ဘယ်သူရမှာလဲ

Photo: မက်ဆီ၊ စီရော်နယ်ဒိုနှင့် အင်နီယေစတာတို့ ရွှေဘောလုံးဆုကို ဘယ်သူရမှာလဲ

စပိန်နိုင်ငံ အခြေစိုက် ရီးယဲလ်နှင့် ဘာကာအသင်းတို့မှ ကစားသမား များ ဖြစ်ကြသော မက်ဆီ၊ စီရော်နယ်ဒိုနှင့် အင်နီယေစတာတို့ သုံးဦး အနက်မှ တစ်ဦးကို ရွှေဘောလုံးဆု ချီးမြှင့်မည့် အခမ်းအနားအား ၂ဝ၁၃ ဇန်နဝါရီ ၇ ရက်တွင် ကျင်းပသွား မည်ဖြစ်ကြောင်း သိရသည်။ 

ဘာကာ၏ ဂိုးသွင်းစက်အဖြစ် တင်စားခံရသည့် မက်ဆီအနေဖြင့် ၁၉၇၂ ခုနှစ်တွင် ဘိုင်ယန်မြူးနစ်နှင့် ဂျာမနီတိုက်စစ်မှူး မူလာ၏  ဘောလုံး ရာသီတစ်နှစ်တာအတွင်း ဂိုး(၈၅)ဂိုး သွင်းယူခဲ့သော စံချိန်ကို ချိုးဖြတ်ရန် အတွက် အခြေအနေ ကောင်းလျက်ရှိပါသည်။ လက်ရှိအချိန်တွင် မက်ဆီ သည် ၈၁ ဂိုး ရရှိထားပြီဖြစ် ၍ လေးဂိုးသာ လိုအပ်လျက်ရှိသည်။ 

ရီးယဲလ် ကစားသမား စီရော်နယ်ဒို အနေဖြင့်လည်း ယူရို ၂ဝ၁၂ ပြိုင်ပွဲ တွင် ပေါ်တူဂီအသင်းအား  ဆီမီးဖိုင်နယ် အဆင့်သို့ရောက်ရှိစေရန် ပို့ဆောင်ပေး ခဲ့သည်။ ဘာကာ အသင်းမှ ကစားသမား အင်နီယေစတာ သည် ယူရို ၂ဝ၁၂  ပြိုင် ပွဲများဖြစ်သော ပိုလန်နှင့် ယူကရိန်းတို့နှင့် ကစား သည့်ပွဲတွင် ဂိုးသွင်းယူနိုင် ခဲ့ခြင်းမရှိခဲ့သော်လည်း ယူရိုပြိုင်ပွဲ တစ်လျှောက် စပိန် နည်းပြ ဒဲဘော့စကီး၏ အားအထားရဆုံး သူတစ် ဦးဖြစ်ခဲ့ပြီး ဘာကာအသင်း၏ ၂ဝ၁၂ ရာသီအစမှ စပြီး နည်းပြသစ် တီတိုဗီ လာနိုဗာ၏ လက်ထက်တွင်လည်း အဓိကအခန်း ကဏ္ဍမှ ပါဝင်လျက်ရှိသည်။ 

အဆိုပါ သုံးဦးအနက် ကမ္ဘာ့အကောင်းဆုံးဆုကို  မည်သူရရှိမလဲဆိုသည့် သတင်းကို ပရိသတ်များက စိတ်ဝင်စားမျှော်လင့် နေမည်ဖြစ်သည်။

စပိန်နိုင်ငံ အခြေစိုက် ရီးယဲလ်နှင့် ဘာကာအသင်းတို့မှ ကစားသမား များ ဖြစ်ကြသော မက်ဆီ၊ စီရော်နယ်ဒိုနှင့် အင်နီယေစတာတို့ သုံးဦး အနက်မှ တစ်ဦးကို ရွှေဘောလုံးဆု ချီးမြှင့်မည့် အခ
မ်းအနားအား ၂ဝ၁၃ ဇန်နဝါရီ ၇ ရက်တွင် ကျင်းပသွား မည်ဖြစ်ကြောင်း သိရသည်။

ဘာကာ၏ ဂိုးသွင်းစက်အဖြစ် တင်စားခံရသည့် မက်ဆီအနေဖြင့် ၁၉၇၂ ခုနှစ်တွင် ဘိုင်ယန်မြူးနစ်နှင့် ဂျာမနီတိုက်စစ်မှူး မူလာ၏ ဘောလုံး ရာသီတစ်နှစ်တာအတွင်း ဂိုး(၈၅)ဂိုး သွင်းယူခဲ့သော စံချိန်ကို ချိုးဖြတ်ရန် အတွက် အခြေအနေ ကောင်းလျက်ရှိပါသည်။ လက်ရှိအချိန်တွင် မက်ဆီ သည် ၈၁ ဂိုး ရရှိထားပြီဖြစ် ၍ လေးဂိုးသာ လိုအပ်လျက်ရှိသည်။

ရီးယဲလ် ကစားသမား စီရော်နယ်ဒို အနေဖြင့်လည်း ယူရို ၂ဝ၁၂ ပြိုင်ပွဲ တွင် ပေါ်တူဂီအသင်းအား ဆီမီးဖိုင်နယ် အဆင့်သို့ရောက်ရှိစေရန် ပို့ဆောင်ပေး ခဲ့သည်။ ဘာကာ အသင်းမှ ကစားသမား အင်နီယေစတာ သည် ယူရို ၂ဝ၁၂ ပြိုင် ပွဲများဖြစ်သော ပိုလန်နှင့် ယူကရိန်းတို့နှင့် ကစား သည့်ပွဲတွင် ဂိုးသွင်းယူနိုင် ခဲ့ခြင်းမရှိခဲ့သော်လည်း ယူရိုပြိုင်ပွဲ တစ်လျှောက် စပိန် နည်းပြ ဒဲဘော့စကီး၏ အားအထားရဆုံး သူတစ် ဦးဖြစ်ခဲ့ပြီး ဘာကာအသင်း၏ ၂ဝ၁၂ ရာသီအစမှ စပြီး နည်းပြသစ် တီတိုဗီ လာနိုဗာ၏ လက်ထက်တွင်လည်း အဓိကအခန်း ကဏ္ဍမှ ပါဝင်လျက်ရှိသည်။

အဆိုပါ သုံးဦးအနက် ကမ္ဘာ့အကောင်းဆုံးဆုကို မည်သူရရှိမလဲဆိုသည့် သတင်းကို ပရိသတ်များက စိတ်ဝင်စားမျှော်လင့် နေမည်ဖြစ်သည်။

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..