Pages
Labels
- 18+
- Android ဖုန်းနည်ပညာများ
- Android ဖုန်းမြန်မာဖောင့်
- Movie များ
- NLD သတင်းများ
- ကာယဗလသမားများအတွက်
- ကျန်းမာရေး
- ထူးဆန်းထွေလာများ
- နည်းပညာအသစ်သတင်းများ
- ဖုန်းသုံးသူများအတွက်သတင်းကောင်းများ
- ဗဟုသုတ
- မိုးလေ၀သ
- သတင်းကောင်းများ
- ဟာသ
- အစားအသောက်ပြုလုပ်နည်းများ
- အားကစားသတင်းများ
- အနုပညာရှင်များသတင်း
- ဆောင်းပါးများ
- ဗေဒင်
- ပြည်တွင်းသတင်းများ
- ပြည်ပရောက်မြန်မာများသတင်း
- ဖြစ်ရပ်မှန်နှင့်ဟာသ VIDEO
- နိုင်ငံခြားသတင်းများ
Saturday, December 1, 2012
လျှပ်စစ်မီးမလိုသော iPhone အားသွင်းစက်
iFan အမည်ရ ပစ္စည်းလေး ဖြစ်ပါတယ်။ အိုင်ဖုန်း တစ်လုံး အားပြည့်သွားဖို့ ၆ နာရီတော့ အချိန်ပေးရမှာ ဖြစ်ပါတယ်။ လျှပ်စစ်မီး လုံးဝမလိုပါဘူး။
လေတိုက်ဖို့တော့ လိုပါတယ်။ ဒါကြောင့် စက်ဘီးတဲ့အခါ လက်ကိုင်တန်မှာ တပ်ဆင်လို့ရအောင်ပြုလုပ်ပေး ထားပါတယ်။ ကားစီးတဲ့ အခါ ပြတင်းပေါက် ဘောင်မှာ အဆင်ပြေပြေ တပ်ထာလို့ရအောင် လည်း ပြလုပ်ပေးထားပါတယ်။ သို့တည်းမဟုတ် လေကြမ်းကြမ်းတိုက်တဲ့ ကမ်းခြေကို ခရီးသွားတဲ့အခါကျရင် လက်မှာ ကိုင်ပြီး လမ်းလျှောက်ရုံနဲ့ အားပြည့်ပါတယ်။
ပန်ကာလှည့်အောင် ပါးစပ်နဲ့ ထိုင်မှုတ်နေလို့တော့ မဖြစ်ပါဘူး။ ဒီတော့ အိမ်မှာ အဲယားကွန်းမဟုတ်ပဲ လျှပ်စစ်ပန်ကာ သုံးတယ်ဆိုရင် iFan ကို သူ့အနီးမှာထားပြီး အိုင်ဖုန်းအားသွင်းရင် အလိုအလျောက် အားပြည့်ပါ တယ်။ တကူးတကကြီး မပူပေမယ့် ပန်ကာဖွင့်ပြီး iFan ကို မလည် လည်အောင် လုပ်ရင်တော့ လျှပ်စစ်ကုန်တာချည်း ကွာခြားမှု သိပ်ရှိမှာ မဟုတ်ပါဘူး။
ဒီတော့ ကိုယ်နေတဲ့နေရာက လေမတိုက်ဘူးဆိုရင်တော့ ဝယ်သုံးဖို့ စိတ် မကူး သင့်ပါဘူး။ လေတဖြူးဖြူးတိုက်တဲ့ နေရာမှာနေတယ်။ အိုင်ဖုန်းကို ပန်ကာတပ်ဖို့လည်း စိတ်ကူးရှိတယ်ဆိုရင် ပုံမှာ ဖော်ပြထားတဲ့ iFan ကို အသုံးပြုနိုင်ပါတယ်။
ဈေးကွက်ဖြန့်ချိပြီး ဖြစ်တဲ့အတွက် Apple ကုန်ပစ္စည်း အဓိက မှာကြားပေး တဲ့ ဆိုင်တိုင်းမှာ ရှာဖွေနိုင်ပါတယ်။
--
Ref: igadgets
Aung Kham (TSJ team)
Subscribe to:
Post Comments (Atom)

No comments:
Post a Comment