အမေရိကန် နိုင်ငံရှိ “Pittsburgh” တိရစ္ဆာန်ရုံ တစ်ခုတွင် သုံးနှစ် အရွယ် ကလေးငယ် တစ်ဦးသည် ၎င်း၏ အမေနှင့် တိရစ္ဆာန်ရုံ အတွင်း လိုက်လံ ကြည့်ရှု ရာ၌ အာဖရိက တောခွေး
များ မွေးမြူ ပြသ ထားသောလှောင်အိမ် အတွင်းသို့ လက်ရန်း သံဆန်ခါမှ ကျော်လွန် ကာ ပြုတ်ကျ သေဆုံး ခဲ့ရကြောင်း သတင်း ရရှိသည်။
တိရစ္ဆာန် ထိန်းသိမ်း သူများက လှောင်အိမ် အတွင်းရှိ တောခွေးရိုင်း ၁၁ ကောင်ကို အဝေးသို့ မောင်းထုတ် ခဲ့သော်လည်း တောခွေး တစ်ကောင်မှာ မပြေး သောကြောင့် ပစ်သတ် ခဲ့ရသည်။ ၎င်း ကလေးငယ် သည် တောခွေးရိုင်း များ၏ ကိုက်သတ် ခြင်းကြောင့် သေဆုံး ခဲ့ရသည်။
အဆိုပါ ဖြစ်ရပ် ဖြစ်ပွား ပြီးနောက် တိရစ္ဆာန်ရုံ ခေတ္တ ပိတ်ခဲ့ပြီး ရဲတပ်ဖွဲ့က တိရစ္ဆာန် ရုံကို စုံစမ်း စစ်ဆေးမှု ပြုလုပ်လျက် ရှိသည်။
နိုဝင်ဘာ ၄ ရက် နံနက် ပိုင်းက အာဖရိက တောခွေး ကိုက်သတ် ခံခဲ့ရသော ကလေး ငယ်၏ ဖြစ်ရပ်မှာ၎င်းတို့ အတွက် အလွန် ဝမ်းနည်း ဖွယ် ဖြစ်ရပ် တစ်ခု ဖြစ်ကြောင်း တိရစ္ဆာန်ရုံမှ အကြီး အကဲ တစ်ဦး ဖြစ်သူ ဘာဘရာ ဘာကာက သတင်းစာ ရှင်းလင်းပွဲ တစ်ခု၌ ပြော ကြား ခဲ့သည်။
တောခွေးရိုင်း များက ကလေးငယ်ကို ဝိုင်းကိုက် ခဲ့ကြ သော်လည်း ကလေးမှာ ခွေးကိုက် ခြင်းကြောင့် သေဆုံး ခဲ့ရခြင်း သို့မဟုတ် ပြုတ် ကျ၍ သေဆုံး ခဲ့ရခြင်း ဆိုသည်ကို ယခုထိ မသိရ သေးကြောင်း ၎င်းက ထပ်မံ ပြောကြား ခဲ့သည်။
အာဖရိက ခွေးရိုင်း များသည် အန္တရာယ်ရှိ သတ္တဝါ တစ်မျိုး ဖြစ်ပြီး အိမ်မွေးခွေး အလတ်စား အရွယ် ရှိကြောင်းနှင့် အုပ်စုလိုက် အမဲ လိုက်လေ့ ရှိကြောင်း သိရသည်။

MWD မှ...
No comments:
Post a Comment