လာအို နိုင်ငံသည် ဗီယက်နမ် နိုင်ငံနှင့် ဆက်သွယ်ရန် အမေရိကန် ဒေါ်လာ ၄ ဘီလီ ယံ တန်ဖိုး ရှိသော ရထားလမ်း စီမံကိန်း တစ်ရပ်အား အာရှ-ဥရောပ ထိပ်
သီး
ဆွေးနွေးပွဲ၏ သီးခြား ဆွေး နွေးပွဲတွင် နိုဝင်ဘာလ ၅ ရက်နေ့က လက်မှတ်
ရေးထိုးခဲ့သည်ဟု Xinhua သတင်း တစ်ရပ် အရ သိရှိရ ပါသည်။ အဆိုပါ စီမံကိန်းသည်
လာအိုနှင့် ဗီယက်နမ် အကြားတွင် မြန်နှုန်းမြင့် ရထားလမ်း ကွန်ရက်တစ်ခု
ဖောက်လုပ်ရန် ရည်ရွယ်ပြီး လာမည့် ၅ နှစ်အတွင်း ပြီးစီးမည် ဖြစ်ပါ သည်။
ရထားလမ်း ၂ ခုပါ လျှပ်စစ်စွမ်းအင်သုံး အဆိုပါ ရထားလမ်း စီမံကိန်းကို လာအို ဝန်ကြီးချုပ် သွန်ဆင် သမာဗောင်းနှင့် မလေးရှား ဝန်ကြီးချုပ် ဒါတိုဆရီ နာဂျစ်ရာဇက် တို့၏ ရှေ့မှောက်တွင် လာအို အစိုးရနှင့် မလေးရှား နိုင်ငံ၏ Giant Consolidated ကုမ္ပဏီတို့ အကြား သဘောတူ လက်မှတ် ရေးထိုး ခဲ့ခြင်း ဖြစ် ပါသည်။ အဆိုပါ ရထားလမ်းသည် လာအိုနိုင်ငံ ဆဗန်နာ ခက်မြို့နှင့် ဗီယက်နမ် နိုင် ငံ လောင်ဘောင်းမြို့အား ဆက်သွယ် ဖောက်လုပ် ထားပြီး အရှည် ၂၂ဝ ကီလိုမီတာ (၁၃၆.၅ မိုင်) ရှိသည်ဟု သိရှိရပါသည်။
လာအို-ဗီယက်နမ် ရထားလမ်း စီမံကိန်းသည် အရှေ့တောင် အာရှ ရထားလမ်း ကွန်ရက်၏ အစိတ်အပိုင်း တစ်ခု ဖြစ်ပြီး ၎င်းစီမံကိန်း ပြီးစီးပါက စင်ကာပူ၊ မလေးရှား၊ ထိုင်း၊ လာအိုနှင့် တရုတ်နိုင်ငံတို့ အကြား ဆက်သွယ် နိုင်မည်ဟုသိရှိရ ပါသည်။

MWD မှ
No comments:
Post a Comment