လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Thursday, November 8, 2012

တရုတ် နိုင်ငံ ဂရိတ်ဝေါလ် မဟာ တံတိုင်း၌ နှင်းမုန်တိုင်း တိုက်ခတ်

Photo: တရုတ် နိုင်ငံ ဂရိတ်ဝေါလ် မဟာ တံတိုင်း၌ နှင်းမုန်တိုင်း တိုက်ခတ်

တရုတ် နိုင်ငံ အတွင်းရှိ ဂရိတ်ဝေါလ် မဟာ တံတိုင်း၌ ရုတ်တရက် နှင်းမုန်တိုင်းများ ပြင်းထန်စွာ ကျဆင်းလာ မှုကြောင့် သက်ကြီး ဂျပန် ခရီးသည် သုံးဦး သေဆုံး ခဲ့ကြောင်း ပေကျင်းနှင့် တိုကျိုတို့မှ တာဝန်ရှိသူ များက နိုဝင်ဘာ ၅ ရက်တွင် ပြောကြား ခဲ့သည်။

ထိုကဲ့သို့ နှင်းမုန်တိုင်း ကျရောက် မှုကြောင့် အသက် ၆၂ နှစ် အရွယ်နှင့် ၆၈ နှစ် အရွယ်ရှိ အမျိုးသမီး နှစ်ဦး၏ ရုပ်အလောင်း အား နိုဝင်ဘာ ၄ ရက် ညနေပိုင်းက တွေ့ရှိ ခဲ့ပြီး အသက် ၇၆ နှစ် အရွယ်ရှိ အမျိုးသား တစ်ဦး၏ ရုပ်အလောင်းကို နိုဝင်ဘာ ၅ ရက် မွန်းလွဲ ပိုင်း၌ တွေ့ရှိ ခဲ့ကြကြောင်း သိရသည်။

အဆိုပါ သေဆုံး ခဲ့သော ဂျပန် အမျိုးသား တစ်ဦး၏ အမည်မှာ ရှုနီ ချီရို ယနိုင်း ဖြစ်ပြီး ၎င်းကို ကယ်ဆယ်ရေး ဝန်ထမ်းများ က ဟေပေးပြည်နယ် မြောက်ပိုင်း မဟာတံတိုင်း တစ်ခု အနီးရှိ နှင်းများ ဖုံးလွှမ်း နေသော တောင် တစ်လုံး၌ ရှာဖွေ တွေ့ရှိ ခဲ့ခြင်း ဖြစ် သည်။

ထို့အပြင် နှင်းမုန်တိုင်း တိုက်ခတ် မှုကြောင့် အခြား ဂျပန် ခရီးသည် တစ်ဦးနှင့် တရုတ် ဧည့်လမ်းညွှန် တစ်ဦး တို့ ဒေသခံ ဆေးရုံ တစ်ခု၌ ဆေးဝါး ကုသမှု ခံယူလျက် ရှိကြောင်း၊ သေဆုံးသူ များနှင့် စပ်လျဉ်း၍ ဂျပန် နိုင်ငံခြားရေး ဝန်ကြီးဌာန ကလည်း အတည်ပြု ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..