လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Wednesday, November 7, 2012

ကမ္ဘာ့ အသက်အကြီးဆုံး ကိုယ်ချင်းဆက် အမြွာ


ကမ္ဘာ့အသက်အကြီးဆုံး
ကိုယ်ချင်းဆက်အမြွာအဖြစ်
အမေရိကန်နိုင်ငံမှ Roonnie
 နဲ့ Donnie Galyon တို့ကို
 ၂၀၀၉ခုနှစ်က ဂင်းနစ်စံချိန်

တင်ခဲ့ပြီး ယနေ့တိုင် မှတ်တမ်း ဝင်နေဆဲ ဖြစ်ပါတယ်။

၁၉၅၁ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့မှာ မွေးဖွားပြီး ယနေ့ဆိုရင်
 အသက် ၆၁ နှစ်ကျော်သွားပြီ ဖြစ်ပါတယ်။ မိခင် ဖြစ်သူ Maureen Galyon
က သားနှစ်ယောက်မွေးမယ်လို့ ထင်ခဲ့ပေမယ့် ထင်သလို ဖြစ်မလာပါဘူး။

ရင်ချင်းဆက် အမြွာဖြစ်နေပြီး အဝေးက ရုတ်တရက်ကြည့်လိုက် ရင်
 ခေါင်းနှစ်လုံးနဲ့ သတ္တဝါပမာ ကြောက်စရာ ကောင်းပါတယ်။

ကျောင်းနေခွင့် မရခဲ့ပါဘူး။ ကျောင်းတက်ရင် အခြားကလေးငယ်များ
ကြောက်လှန့်လို့ ဖြစ်ပါတယ်။ မိသားစုကလည်း ဆင်းရဲပါတယ်။

ဒါကြောင့် ယင်း Roonie နဲ့ Donnie နှစ်ဦးကို လမ်းမပေါ်တွေမှာ
 Reality Show လို ပြသပြီး ဝင်ငွေရှာခဲ့ပါတယ်။

 တောင်အမေရိက တိုက်တစ်ခုလုံးပတ်ပြီး ယခုလို ထူးထူးခြားခြား
အမြွာနှစ်ဦးက ကမ္ဘာက သိသွားအောင် လုပ်ပါတယ်။

 နောက်တော့ မိသားစု ဝင်ငွေ ကောင်းလာပြီး ယခုတော့ Ohio
ပြည်နယ်မိသားစုနဲ့ အတူနေထိုင်နေပြီ ဖြစ်ပါတယ်။ ယနေ့ချိန်ထိလည်း
သူ့တို့ရဲ့ အလုပ်အကိုင်က ရုပ်သံလိုင်းတွေမှာ ပါဝင်သရုပ်ဆောင်တဲ့ Reality
show personality များ ဖြစ်ပါတယ်။

သူတို့ရဲ့ အခက်အခဲ၊ နေထိုင်မှု ပြဿနာ အစရှိသဖြင့်တို့ကို ရုပ်သံလိုင်း
တွေက ရိုက်ကူးဖော်ပြေပေးကြပြီး တစ်ကမ္ဘာလုံးရှိ ကိုယ်ချင်းဆက်တို့ရဲ့ 
သနားစရာဘဝကို သိမြင်စေခဲ့ပါတယ်။ သာမန်လူတွေနဲ့တန်းတူ နေထိုင်
နိုင်ပေမယ့် လက်ခံပေးနိုင်မှုရှိလာဖို့ကျတော့ ကြိုးစားယူခဲ့ကြရတာ ဖြစ်
ပါတယ်။

လက်ရှိမှာတော့ Roonnie တို့ ကိုယ်ချင်းဆက် ညီအစ်ကိုရာ တစ်ကမ္ဘာ
လုံးရှိကိုယ်ချင်း၊ ရင်ချင်းဆက်ပြီး သာမန်လူလို မနေထိုင်နိုင်တဲ့ အမြွာများ
အားလုံး ရဲ့  လေးစားစရာ ပုဂ္ဂိုလ်များ ဖြစ်ပါတယ်။




--






International News for Myanmar

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..