လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Thursday, November 8, 2012

ညပိုင်း အလုပ်လုပ်ရသူများ ကင်ဆာရောဂါ ဖြစ်နိုင်ခြေ မြင့်မား

ညပိုင်း အလုပ်လုပ်ရတဲ့ အမျိုးသားတွေ အနေနဲ့ ကင်ဆာဖြစ်နိုင်ခြေ မြင့် မား ကြောင်း ကူးစက်မှု ရောဂါဆိုင်ရာ အမေရိကန် ဂျာနယ်မှ လေ့လာမှု အသစ်အရ ဖော်ပြထားပါတယ်။

ဒီလေ့လာမှုက ညပိုင်း အလုပ်လုပ်ရတဲ့ အမျိုးသားတွေနဲ့ ဆီးကျိတ်၊ အူမကြီး၊ အဆုတ်၊ ဆီးအိမ်၊ စအိုနဲ့ မုန့်ချိုအိတ်ကင်ဆာနဲ့ လင်ဖိုမားကျူမာ ဆက်စပ်မှုအကြောင်း ကမ္ဘာ့ပထမဆုံး လေ့လာမှုလို့ သိရပါတယ်။ ညဘက်မှာ မီးရောင်ကို ထိတွေ့နေရတာကြောင့် အိပ်စက်မှု ကို ဖြစ်ပေါ်စေတဲ့ ဟော်မုန်း မယ်လတိုနင်ထုတ်လုပ်မှု လျော့နည်းသွားကာ ကင်ဆာကျိတ်တွေ ဖြစ်ပေါ်မယ့် ကိုယ်တွင်းပြောင်းလဲ မှုတွေ ဖြစ်စေတာကြောင့်လို့ သိရပါတယ်။ မယ်လတိုနင် ဟော်မုန်းဟာ ညလယ်ပိုင်း မီးရောင်မရှိတဲ့ အချိန်မှာ ထွက်ပေါ်လာတတ်ပြီး ဟော်မုန်းလုပ်ငန်း ဆောင်တာနဲ့ ခုခံအားစနစ်အတွက် အရေးကြီးတဲ့ ကဏ္ဍမှ ပါဝင်ကြောင်း သိရပါတယ်။

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..