
သဘာဝဘေးအန္တရာယ် အမြဲကြုံတွေ့ရတဲ့ ဒေသတွေမှာ ဆောင်းထားသင့်တဲ့ သက်ကယ်ဘောလုံးလို့ ဆိုပါတယ်။ လူလေးယောက် ဆံ့ပြီး ဖိအား ၉.၃ တန်လောက်တော့ အသာလေး ခံနိုင်ပါတယ်။ ၈၂ ပေအမြင့်က ကျတဲ့ ဒဏ်ကိုလည်း ခံနိုင်ပါတယ်။ ယင်းအတွက် အထဲမှာ လေးယောက်စာအတွက် အလုံခြုံဆုံး အသက်ရှင်နိုင် ဆုံးဖြစ်အောင် ဖန်တီးပေးထားပါတယ်။ ရေထဲမှာလည်း ပေါ်နေ မှာ ဖြစ်ပါ တယ်။ ကုန်းမှာရော၊ ရေမှာရော အသုံးပြုလို့ရမယ့် ယင်း သက်ငယ်ဘောလုံးကို ဂျပန် ကုမ္မဏီတစ်ခုက တီထွင်ထားခြင်း ဖြစ်ပါတယ်။
Life armour လို့အမည်ပေးထားပါတယ်။ သဘာဝ ဘေးအန္တရာယ်အမြဲတမ်း ကြုံတွေ့နေရတဲ့ နိုင်ငံများအတွက် အထူးရည်ရွယ်ပြီး ထုတ်လုပ်ထားတာ ဖြစ် ပါတယ်။ ဂျပန်နိုင်ငံကိုယ်တိုင်းကလည်း သဘာဝ ဘေးအန္တရာယ်ကြီးများ အမြဲခံနေရတဲ့ နိုင်ငံ ဖြစ်တဲ့အတွက် သူတို့ရဲ့  တီထွင်မှုက အားလုံးအတွက် အကျိုးရှိမှာ ဖြစ်ပါတယ်။
သို့ပေမယ့် ယင်း Life armour ကဈေးကြီးပါတယ်။ အသုံးဝင် အကြမ်းခံ သလောက် ဈေးနှုန်းကလည်း အမေရိကန်ဒေါ်လာ ၅၀၀၀ (၅ထောင်) သတ်မှတ်ထားပါတယ်။
techspace မှ ကနောင်သားလေး
No comments:
Post a Comment