
iPhone 5 နဲ့ Samsung Galaxy S3 တို့ထက် သာလွန်မယ့် အဆင့်မြင့် စမတ်ဖုန်းကို Sony မှ ထုတ်လုပ်မယ်လို့ ဆိုပါတယ်။ Xperia စီးရီးထဲကနေပဲ ထွက်ရှိမှာ ဖြစ်ပါတယ်။ Android OS ကိုသာ အသုံးပြုမှာ ဖြစ်ပေမယ့် Microsoft ရဲ့  Windows Phone 8 OS ကိုလည်း စောင့်ကြည့်လေ့လာနေတယ်လို့ ဆိုပါတယ်။ ၂၀၁၃ ခုနှစ် ပထမ လေးလအတွင်း ထွက်ရှိမှာ ဖြစ်ပြီး ဇန်နဝါရီလ CES ပြပွဲမှာ ဝင်ရောက် ပြသမှာ ဖြစ်ပါတယ်။
Sony ဟာ စမတ်ဖုန်း လောကကို The Xperia X1 နဲ့ ၂၀၀၈ ခုနှစ်က စဝင်တာ ဖြစ်ပါတယ်။ သို့ပေမယ့် အစမကောင်းခဲ့ပါဘူး။ Memory ထပ်မံ တိုးချဲ့ ၍မရနိုင်မှု၊ ဘက်ထရီ ချို့ ယွင်းမှု ဆိုတဲ့ အချက်နှစ်ချက်နဲ့တင် top seller အိပ်မက်ကို စွန့်လွတ်ခဲ့ရပါတယ်။ သို့ပေမယ့် ယင်းအဖြစ်ကို သင်ခန်းစာ ယူလို့ နောက်ထုတ်သမျှ Xperia စီးရီးအားလုံးဟာ Sony ရဲ့  ဂုဏ် သိက္ခာကို ဆည်ထုတ်ပေးနိုင်ခဲ့ပါတယ်။ သို့ပေမယ့် Apple နဲ့ Samsung တို့ရဲ့  ပြိုင်ဘက် ဖြစ်မလာပါဘူး။
ဒါကြောင့်မို့ iPhone 5 နဲ့ Samsung Galaxy S3 ရဲ့  ပြိုင်ဘက်ဖြစ်လာမယ့် စမတ်ဖုန်းကို Sony တို့ ၂၀၁၂ နှစ်ဆန်းပိုင်းမှာ ထုတ်လုပ်ဖြန့်ချိမည် ဖြစ်ကြောင်း ကြေညာလိုက်ခြင်း ဖြစ်တယ်လို့ သိရပါတယ်။
--techspace မှ ကနောင်သားလေး
No comments:
Post a Comment