ဆွီဒင်လက်ရွေးစင်တိုက်စစ်မှူးအီဘရာဟီမိုဗစ်သည် ဘောလုံးလောက၏
ကြေးအမြင့်ဆုံး ကစားသမား တစ်ဦးဖြစ် ပြီး ၄င်းအားခေါ်ယူနိုင်ရေးအတွက် ကလပ်အသင်းများ အနေဖြင့်စုစုပေါင်း ပေါင်သန်း ၁၅ဝ ခန့်ကုန်ကျရဖွယ်ရှိ
လေသည်။ အီဘရာဟီမိုဗစ်သည် နိုဝင်ဘာ ၁၄ ရက်က ကျင်းပသော အင်္ဂလန်နှင့်ဆွီဒင် အသင်းတို့၏ ချစ်ကြည်ရေး ပွဲစဉ်တွင် အသင်းအတွက်
ထူးထူးခြားခြားခြေစွမ်း ပြကစားသွားပြီး ဆွီဒင် နိုင်ငံအတွက် သမိုင်းမှတ် တိုင်တစ်ရပ် စိုက်ထူနိုင်ခဲ့ သည်။ ၄င်းပွဲစဉ်တွင် ဆွီဒင်အသင်းသည် အင်္ဂလန်ကို ၄ ဂိုး-၂ ဂိုးဖြင့်အနိုင်ရရှိခဲ့ ပြီး လေးဂိုးစလုံးကိုအီဘရာဟီမိုဗစ် တစ်ဦးတည်းက ပြောင်မြောက်စွာသွင်း ယူပေးခဲ့ခြင်းဖြစ်သည်။
အဆိုပါကစားသမားသည် တစ်နှစ်လျှင် ပေါင် ၁၁ သန်းကျော်ဝင်ငွေရှိပြီး ၄င်း၏အမည်သည် ကုန်အမှတ်တံဆိပ်များ၏ မူပိုင်အဖြစ် ဥရောပသမဂ္ဂနိုင်ငံ များတွင် မှတ်ပုံတင်ထားခြင်း ခံရသည်ကို တွေ့ရသည်။ အီဘရာဟီမိုဗစ် သည် ယခုအခါ အသက် ၃ဝ နှစ်သာရှိသေးပြီး၎င်း၏ အရပ်မှာ ခြောက်ပေနှင့်
ငါးလက်မရှိ သည်။ သူသည် ဘော့စနီးယားနှင့်ခရို အေးရှားလူမျိုး မျိုးနွယ်မှ ဆင်းသက်လာ သူဖြစ်သည်။ အီဘရာဟီမိုဗစ်သည် အသက် ၁၇ နှစ် တွင် ဘောလုံးလောကသို့ စတင်ရောက်ရှိလာခြင်းဖြစ်ပြီး ၁၉ နှစ်အရွယ်တွင် ဆွီဒင်အသင်း၏ ကျော်ကြားသော ကစားသမားတစ်ဦးဘဝသို့ ရောက်ရှိနေ ပြီဖြစ်သည်။
၎င်းကစားသမားသည် ဘောလုံးပွဲ တစ်ပွဲကို တိုက်ပွဲတစ်ပွဲကဲ့သို့ရှုမြင်ထား သူဖြစ်ပြီး မည်သို့ ထိုးဖောက်တိုက်စစ် ဆင်ရမည်ကိုလည်း ကျိန်းသေသိရှိထား သူဖြစ်သည်။ အီဘရာဟီမိုဗစ်သည် တိုက်ကွမ်ဒို ကစားရာတွင်လည်း ခါးပတ်နက်ရရှိ ထားသူဖြစ်သည်။ ၄င်းသည် ဥရောပကလပ်အသင်း အတော်များများတွင် ကစားဖူးသူဖြစ်ပြီး လက်ရှိကစားနေသည့် PSG အသင်းသို့ယခုနှစ်နွေရာသီကမှ ပြောင်းရွှေ
့ကြေး ပေါင်သန်း ၂ဝ ဖြင့်ရောက်ရှိလာသူဖြစ်သည်။ သို့သော် ၄င်းအားခေါ် ယူသောကလပ်အသင်းများသည်အခွန်အတွက် ပေးဆောင်ရသော
ငွေကြေးအပါအဝင် စုစုပေါင်း ပေါင်သန်း ၁၅ဝ ခန့်သုံးစွဲရသည်ချည်း
သာဖြစ်သည်။
အီဘရာဟီမိုဗစ်အား ထိန်းချုပ်ချယ် လှယ်နိုင်သူဟူ၍ တစ်ဦးတည်းသာရှိပြီး ထိုသူမှာ ကြာရှည်စွဲမြဲစွာ လက်တွဲလာသော ၄င်း၏ ချစ်သူဟယ်လင်နာဆီ ဂါပင်ဖြစ်ကြောင်း ဘောလုံးချစ်သူများ အတွက် တင်ပြလိုက်ရပါသည်။

MWD မှ...
No comments:
Post a Comment