ဓာတုပစ္စည်းများက ကျန်းမာရေးကို ထိခိုက်စေ သလားဒိုင်အောက်ဇင် လို့ခေါ်တဲ့ စက်မှုနဲ့ စိုက်ပျိုးရေးသုံး အဆိပ်ဖြစ်စေလောက် တဲ့ ဓာတုပစ္စည်းတွေဟာ အခုအချိန်မှာတော့ လူတွေရဲ့ အနီးအနားမှာ ပုံမှန် လိုလိုရှိနေတဲ့ ပစ္စည်းတွေ ဖြစ်လာခဲ့ပါပြီ။ ဒါကြောင့် ဒီပစ္စည်းတွေဟာ လူသားတွေရဲ့ ကျန်းမာရေးအပေါ် ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိစေတယ်ဆိုတာနဲ့ ပတ်သက်ပြီး သိလိုသူတွေလည်း
များပြားလာခဲ့ပါတယ်။
ဒိုင်အောက်စင် ဓာတုပစ္စည်းနဲ့ ပတ်သက်ပြီး ၁၉၆၀ ပြည့်နှစ် နောက်ပိုင်းကစလို့ သုတေသန ပြုလုပ်ချက်တွေမှာတော့ ကျန်းမာရေး ချို့ယွင်းမှုတွေနဲ့ မျိုးဆက်ပြန့်ပွားရေးအတွက် ပြဿနာတွေ ဖြစ်ပွားနိုင်တယ်ဆိုတာကို အတည်ပြုနိုင်ခဲ့ပါတယ်။ ဒီသုတေသနပြုချက်တွေကို အတည်ပြုတဲ့ တက္ကသိုလ်က Washington State တက္ကသိုလ်ကဖြစ်ပြီး စစ်တပ်တွေ၊ စက်မှုထုတ်ကုန် ကဏ္ဍတွေနဲ့ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အသုံးချမှုတွေမှာ ဒိုင်အောက်ဇင်ကို အသုံးချနေကြလို့ပါပဲ။ ဒါကြောင့် အကျိတ်ရောဂါ ဖြစ်မှုတွေ၊ မျိုးဥ ပျက်စီးမှုတွေနဲ့ ကျောက်ကပ်ရောဂါ ဖြစ်ပွားမှုတွေကို ပိုမိုခံစားလာကြရတာ ဖြစ်တယ်လို့ အဖြေထွက်လာတာလည်း ဖြစ်ပါတယ်။
ဇီဝဗေဒပညာရှင် မိုက်ကယ်စကင်နာက “ဒိုင်အောက်ဇင်တွေရဲ့ ဖျက်ဆီးမှုက တစ်ဦးတစ်ယောက်ချင်းနဲ့ ဆိုင်တာမဟုတ်ဘဲ အားလုံးနဲ့ တိုက်ရိုက် ပတ်သက်နေပါတယ်။ အဓိကကတော့ ဒီဓာတ်တွေ များပြားလာတဲ့ အခါမှာ အနာဂတ် မျိုးဆက်တွေအတွက် ထိခိုက်နစ်နာမှုတွေ အများကြီး ဖြစ်လာနိုင်ပါတယ်။ ဒီအချက်ကိုသိလို့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့တွေက ဒိုင်အောက်ဇင် ဓာတုပစ္စည်းတွေ အသုံးပြုမှုကို လျှော့ချဖို့ နိုင်ငံတကာ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို သတိပေးနေရတာပါ” လို့ ပြောကြားခဲ့ပါတယ်။
Pages
Labels
- 18+
- Android ဖုန်းနည်ပညာများ
- Android ဖုန်းမြန်မာဖောင့်
- Movie များ
- NLD သတင်းများ
- ကာယဗလသမားများအတွက်
- ကျန်းမာရေး
- ထူးဆန်းထွေလာများ
- နည်းပညာအသစ်သတင်းများ
- ဖုန်းသုံးသူများအတွက်သတင်းကောင်းများ
- ဗဟုသုတ
- မိုးလေ၀သ
- သတင်းကောင်းများ
- ဟာသ
- အစားအသောက်ပြုလုပ်နည်းများ
- အားကစားသတင်းများ
- အနုပညာရှင်များသတင်း
- ဆောင်းပါးများ
- ဗေဒင်
- ပြည်တွင်းသတင်းများ
- ပြည်ပရောက်မြန်မာများသတင်း
- ဖြစ်ရပ်မှန်နှင့်ဟာသ VIDEO
- နိုင်ငံခြားသတင်းများ
Subscribe to:
Post Comments (Atom)

No comments:
Post a Comment