လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Sunday, October 7, 2012

AFF Suzuki ဖလား ဘောလုံးပွဲ လက်မှတ် များကို မှတ်ပုံတင်ပြ၍ ဝယ်ယူရမည်ဟုဆို

AFF Suzuki ဖလား ဘောလုံးပွဲ လက်မှတ် များကို မှတ်ပုံတင်ပြ၍ ဝယ်ယူရမည်ဟုဆိုအာရှ ဘောလုံး အဖွဲ့ချုပ် Suzuki ဖလား ခြေစစ်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင် အဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး ရန်ကုန် သုဝဏ္ဏကွင်း တွင် အောက်တို ဘာလ ၅ ရက်မှ ၃၁ ရက်အထိ လက်ခံ ကျင်းပမည်ဖြစ်ကြောင်း
၂၆-၉-၂၀၁၂ ရက်က သိရသည်။ မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် AFF Suzuki ဖလား ဘောလုံးပြိုင်ပွဲခြေစစ်ပွဲ လက်မှတ်များကို အတုပြုလုပ်ခြင်းမှ ကာကွယ်နိုင်ရန် နိုင်ငံသား စိစစ်ရေးကတ်ပြ၍ ဝယ်ယူရမည်ဖြစ်ကြောင်း သိရသည်။ “မှတ်ပုံတင် တစ်ခုကို လက်မှတ် လေးစောင်အထိ ဝယ်ယူနိုင်အောင်ပြုလုပ်ထားပါတယ်” ဟုမြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူ တစ်ဦးကပြောသည်။ ဘားကုတ် တပ်ဆင်ထားသော လက်မှတ်များကို ဘောလုံးကွင်း အဝင်ဝတွင် ဒီဂျစ်တယ် စက်များဖြင့် စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။ Suzuki ဖလား ခြေစစ်ပွဲ လက်မှတ်များကို အထူးတန်း ကျပ် ၃၀၀၀ နှင့် ရိုးရိုးတန်း ကျပ် ၁၀၀၀ သတ်မှတ်ပြီး လက်မှတ်များတွင် ဝယ်ယူသူများ၏ မှတ်ပုံတင်များကို ထည့်သွင်း ဖော်ပြထားကြောင်း သိရသည်။ ယခုကဲ့သို့ ဝယ်ယူရခြင်းမှာ အာရှ ယူ (၂၂) ခြေစစ်ပွဲစဉ်များ ကစားခဲ့စဉ်က ပရိသတ်များကို မထိန်းနိုင်သည့်အတွက် အာရှ ဘောလုံးအဖွဲ့ချုပ်က ဒဏ်ငွေ အမြောက်အမြား ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..