လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Sunday, October 7, 2012

အိပ်ခ်ျအိုင်ဗီရောဂါပိုး အမျိုးသားမှ အမျိုးသမီး သို့ ကူးစက်မှု များလာ

အိပ်ခ်ျအိုင်ဗီရောဂါပိုး အမျိုးသားမှ အမျိုးသမီး သို့ ကူးစက်မှု များလာခုခံအားကျဆင်းမှု ရောဂါ ပိုးကူးစက်မှုတွင် အမျိုးသားများမှ အမျိုးသမီး များသို့ ကူးစက်မှုသည် အခြားအန္တရာယ်ရှိသည့် အမူအကျင့်များရှိသည့် လူများ အကြား ကူးစက်မှုများထက် များပြားလာကြောင်း သတင်းရရှိသည်။ မြန်မာနိုင်ငံတွင် တစ်နေ့လျှင် ခုခံအားကျဆင်းမှု ရောဂါပိုး ကူးစက်ခံရသူ ၂၇ ဦးရှိပြီး ထိုလူဦးရေသည် တစ်နာရီလျှင် လူတစ်ယောက်ကျော်နှုန်းဖြင့် ကူးစက်နေခြင်းဖြစ်သည်။
“လူ ၁၀၀ အိပ်ခ်ျအိုင်ဗီဖြစ်ရင် ၃၀ ရာခိုင်နှုန်းက အမျိုးသားကနေ အမျိုးသမီးကို ကူးတာပဲ။ ကူးတဲ့အထဲမှာ အများဆုံးပဲ။ အရင်က ရောဂါကူးစက်မှု အများဆုံးဖြစ်ခဲ့တဲ့ မူးယစ်ဆေးအကြောထဲ ထိုးသွင်းတဲ့ သူတွေထက်တောင် များနေသေးတယ်”ဟု Marie Stopes International မှ ဒေါက်တာစစ်နိုင်ကပြောသည်။ ၂၀၁၀ ခုနှစ်တွင် အမျိုးသားမှ အမျိုးသမီးများသို့ ကူးစက်မှု ၃၄ ရာခိုင်နှုန်းမှ ယခု အနည်းငယ် ကျဆင်းလာသည် ဆိုသော်လည်း ရောဂါကူးစက်မှုများတွင် မိမိ၏ အဖော်အမျိုးသားမှ အမျိုးသမီးများသို့ ကူးစက်မှုများ ရှိနေဆဲပင်ဖြစ်သည်။ “လွန်ခဲ့တဲ့နှစ် ၂၀ လောက်တုန်းက အိပ်ခ်ျအိုင်ဗီဆိုရင် အမျိုးသားတွေနဲ့ မူးယစ်ဆေး အကြောထဲသွင်းတဲ့ သူတွေလို့ ပြောလို့ရခဲ့ပေမယ့် အခုတော့ အိမ်ထောင်ရှင်မကြီးတွေလည်း ပါလာပြီ”ဟု ဒေါက်တာစစ်နိုင်က ဆက်လက်ပြောသည်။ အမျိုးသမီးများသို့ ထိုရောဂါပိုး ကူးစက်ရသည့် အကြောင်းများတွင် အမျိုးသားများက ရောဂါပိုး ကူးစက်ခံထားရသူများနှင့် အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းမှ တစ်ဆင့်လည်းကောင်း၊ အချို့ မူးယစ်ဆေး အကြောတွင်း ထိုးသွင်းခြင်းကြောင့် ရောဂါပိုး ကူးစက်ခံရပြီးနောက် အမျိုးမျိုးသော နည်းလမ်းများဖြင့် အမျိုးသမီးများသို့ ထပ်မံကူးစက်နေကြောင်း သိရသည်။ မြန်မာအမျိုးသမီးများအတွက် တန်ဖိုးသတ်မှတ်ချက် အမျိုးမျိုးထဲတွင် အမျိုးသမီးတစ်ယောက်အနေဖြင့် မျိုးဆက်ပွားကျန်းမာရေးနှင့် ပတ်သက်ပြီး မသိခြင်း၊ မပြောခြင်းကိုလည်း တန်ဖိုးတစ်ခုအနေဖြင့် ထည့်သွင်းထားသည့်အခါ အမျိုးသမီးများအတွက် မိမိလက်တွဲဖော်မှ ရောဂါများ မကူးစက်စေရန် ကာကွယ်ရမည့် အခွင့်အရေးများ ဆုံးရှုံးသွားပြီး ရောဂါပိုးများ ကူးစက်ခံနေရခြင်းဖြစ်ကြောင်း HIV ကာကွယ်ကုသရေး လုပ်ငန်းများ ဆောင်ရွက်နေသူများအပြင် ပညာရှင်များမှလည်း ထောက်ပြထားသည်။ “မျိုးဆက်ပွား ကျန်းမာရေးနဲ့ ပတ်သက်ပြီး လူတွေထဲမှာ ပြောမိရင်ကို ဆရာဝန်လည်းဖြစ်တဲ့ ကျွန်မတောင် အပျိုလေး မဟုတ်တဲ့အတိုင်းပဲ ဒါမျိုးတွေလည်းပြောတယ် ဆိုတာမျိုးတွေ ရှိတယ်”ဟု အဆိုတော်ချစ်သုဝေက World Contraception Day အခမ်းအနားတွင် ထည့်သွင်း ပြောကြားသွားခဲ့သည်။ “ကိုယ်နဲ့ လိင်ဆက်ဆံတဲ့သူက ရောဂါပိုးရှိမှန်း၊ မရှိမှန်း ဘယ်သူမှမသိနိုင်ဘူး။ လူတိုင်းက ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ကိုယ့်ကိုယ်ကိုယ်မှာပဲ တာဝန်ရှိတယ်လို့ ထင်တယ်”ဟု အစိုးရမဟုတ်သည့် အဖွဲ့အစည်းများတွင် အလွတ်ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်သည့် အမျိုးသားတစ်ဦးက မှတ်ချက်ပြု ပြောကြားသည်။

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..