လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Saturday, September 29, 2012

မဟာချိုင်ပုလိပ်များမြန်မာအလုပ်သမားများကို မတရားအနိုင်ကျင့်မှုများပြား”

မြတ်ညို(အလွတ်သတင်းထောက်) ဘန်ကောက်မြို့အနီး မဟာချိုင်မြို့မှ ထိုင်းရဲများ မြန်မာ အလုပ်သမားများအားအနိုင်ကျင့်ဗိုလ်ကျနေမှု များ နေစဉ်ကြုံတွေ့ နေသဖြင့် မြန်မာသံရုံးအနေဖြင့် ထိထိရောက်ရောက်အရေး ယူပေးစေလိုကြောင်း အလုပ်သမား အရေးဆောင်ရွက်သူများ ကပြောသည်။ မဟာချိုင်မြို့မှ ထိုင်းရဲများသည်လမ်းတွင်တွေ့သမျှ မြန်မာအလုပ်သမားများအား တရားဝင်နေထိုင်အလုပ်လုပ် ခွင့်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ဖမ်းဆီးပြီးငွေတောင်းခံလေ့ ရှိကြောင်း
ကိုခိုင်ကြီးက ပြောသည်။ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT ၏မဟာချိုင် တာဝန်ခံ ကိုခိုင်ကြီးက“တနယ်လုံးက ဖမ်းဆီး လာတဲ့ မြန်မာ အလုပ်သမားတွေကို မဟာချိုင်လေးထပ် ပုလိပ်ရုံးမှာ ၂နေရာခွဲထားတယ်။ နေထိုင်ခွင့်ဘာမှ မရှိတဲ့သူေ တွ ကို အပေါ်ထပ်ကိုခေါ်တယ်။


ပတ်စပို့ရှိလျှက်နဲ့ ဖမ်းလာတဲ့ အလုပ်သမားတွေကိုတော့ အောက် ထပ်မှာ အချုပ်ခန်းတစ်ခုလုပ်ထားတယ်၊ အဲဒီမှာ ဘာသာပြန် ကုလားတစ်ယောက်ရှိတယ်။အလုပ်သမားတွေ ကိုလက်ထိပ်ခပ်တယ်၊အမျိုးမျိုးခြိမ်းခြောက်ပြီး တောင်းတယ်။ မြန်မာသံရုံးက တာဝန်ရှိတဲ့သတွေကို မြင်စေ ချင်တယ်” ဟုပြောသည်။ နေထိုင်အလုပ်လုပ်ကိုင်ခွင့်မရှိသည့် မြန်မာအလုပ်သမားများအား ပုလိပ်ကဒ်ဟူ၍ ရောင်းချပြီးလစဉ် ဘတ်ငွေ ၆၀၀ စီပေးသွင်းရသည်။ အဆိုပါ ပုလိပ်ကဒ်များအား ယူနီခေါ အလုပ်ရုံ၊ ထိုင်းယူနီယံ အလုပ်ရုံနှင့် ၀ပ်ဟုန် အနီးပတ်ဝန်းကျင်ဈေးဆိုင် တို့တွင် ၀ယ်ယူရရှိသည်။၎င်းကဒ်ကိုင်ဆောင်ထားသူအား မဟာချိုင် ရဲများဖမ်းမိသော်လည်းထပ်မံ၍ ငွေကြေး ပေးရန်မလိုသည့်အတွက် မြန်မာအလုပ်သမားများလိုလိုလားလား လုပ်ကိုင်ကြသည်။ ကဒ်လုပ်ခမှာ ဓါတ်ပုံပါပါက ဘတ်ငွေ၆၀၀ ပေးရပြီး ဓါတ်ပုံမပါပါက ဘတ်ငွေ၆၄၀ ပေးရ ကြောင်း အလုပ်သမားတစ်ဦးကပြောသည်။ ကွန်ခုရပ်ကွက် ၀ပ်စီမွန်ဘုန်းတော်ကြီးကျောင်းအနီး လီအိုဘီယာ စက်ရုံရှေ့တွင်ရှိသော အစာသွတ် အလုပ်ရုံတစ်ခုတွင် MOU ဖြင့် လာရောက် အလုပ် လုပ်ကိုင်နေကြသည့် မြန်မာအလုပ်သမား ၃၅၀ ခန့် တို့မှာ ပုလိပ်ကဒ်လုပ်ထားရကြောင်း အလုပ် သမားတစ်ဦးကပြောသည်။ မဟာချိုင်အခြေစိုက် မြန်မာအရေးဆောင်ရွက်သည့် ထိုင်းနှင့်မြန်မာအင်ဂျီအိုများရှိသော်လည်း ဒေသ ခံအာဏာပိုင်များနှင့် ထိပ်တိုက်တွေ့ဆုံမှုကိုရှောင်ရှားကြသဖြင့် မဟာချိုင်ရဲများမှာ မြန်မာအလုပ်သမားအား ပြုမူချင်တိုင်းပြုမူနေကြခြင်းဖြစ်သည်ဟု ကိုခိုင်ကြီး က ဆိုသည်။ မဟာချိုင် ပုလိပ်များသည် အလုပ်သမားနေထိုင်ရာ တန်းလျှားတစ်ခုခုသို့လာရောက် စစ်ဆေးပါက အလုပ်သမားများတွင် ပတ်စပို့နှင့် work permit များ အပြည့်အစုံရှိပါက စာရွက်တွင် ကဏန်း ၃လုံးကို ရေးပြီး ဖမ်းဆီးငွေတောင်းခံပါသည်။ နည်းအမျိုးမျိုးဖြင့် ငွေညှစ်တတ်သည်။ ချောမောလှပသည့် မြန်မာအလုပ်သမအချို့ကိုလေးထပ်ရဲ စခန်း ကိုယ်ပိုင်အခန်းများတွင် အနှိပ်ခိုင်းလေ့ရှိကြောင်း ကိုယ်တွေ့ကြုံဖူးသည့် မြန်မာပတ်စပို့ကုမ္ပဏီ ပိုင်ရှင် တစ်ဦးကပြောသည်။ ဘန်ကောက်မြို့အနီးမဟာချိုင်တွင် မြန်မာအလုပ်သမားသိန်းချီရှိနိုင်ကြောင်း အလုပ်သမား အရေးေ ဆာင် ရွက် သူများက ခန့် မှန်ပြောဆိုကြသည်။
 by- goldenworkers ATK

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..