လုပ်ဆောင်မှုနည်းနေသည်ဟု ဝေဖန်မှုအပေါ်ဂျပန်ကုန်သည်စက်မှုအသင်းချုပ်အကြီးအကဲတုန့်ပြန်ပြောကြား
ဂျပန်နိုင်ငံမှ စီးပွားရေးလုပ်ငန်းများ မြန်မာနိုင်ငံတွင်လက်တွေ့ကျကျလုပ်ဆောင်မှု နည်းနေပြီး အပြောသာများနေသည်ဟု ဝေဖန်မှုကို ဂျပန်နိုင်ငံကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းချုပ်၏ အကြီးအကဲ မစ္စတာ တာဒရှိအိုကာမူရ က စက်တင်ဘာလ ၂၈ ရက် က
ဆီဒိုးနားဟိုတယ်တွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် တုန့်ပြန် ပြောကြားလိုက်သည်။
'' အခြေခံအားဖြင့် မြန်မာနိုင်ငံက စက်မှုလုပ်ငန်းတွေမှာ စတင်ပြုပြင်ပြောင်းလဲတာ ၁ နှစ်ကျော်ပဲ ရှိပါသေးတယ်။ ဒီကာလအတွင်းမှာ အမျိုးမျိုးသော ကဏ္ဍတွေနဲ့ အခြေခံအဆောက်အဦးတွေမှာ တိုးတက်အောင် လုပ်ဆောင်နေပေမယ့် ရင်းနှီးမြှုပ်နှံဖို့ အသင့်မဖြစ်သေးပါဘူး။ ဒါကြောင့်ဂျပန်ကနေ လာရောက်လုပ်ကိုင်ချင်သူတွေ ရှိနေပေမယ့် မလုပ်ဖြစ်သေးတာကို အခုလို ဝေဖန်ကြတာလို့ ထင်ပါတယ်။ အခုအချိန်ကစလို့ လက်တွေ့လုပ်ဆောင်မှုတွေ စတင်တော့ မယ်လို့ ထင်ပါတယ်'' ဟု ၎င်းက ဂျပန်နိုင်ငံ Ji Ji သတင်းဌာနမှ သတင်းထောက်၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့သည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းချုပ် RUMFCCI နှင့် ဂျပန်နိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် JCCI တို့ ကိုးကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲအပြီးတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
'' အခုဆွေးနွေးပွဲမှာ ဂျပန်နိုင်ငံက စီးပွားရေးမစ်ရှင်အဖွဲ့က လိုက်ပါလာတဲ့ အသေးစားနဲ့ အလတ်စား လုပ်ငန်း SME တွေက ရင်းနှီးမြှုပ်နှံဖို့ ကောင်းတယ်လို့ ယူဆစရာတွေ ရှိနေလို့ မကြာမီကာလမှာ ရင်းနှီးမြှုပ်နှံမှုတွေ စတင်တော့မယ်လို့ ထင်ပါတယ်'' ဟု မစ္စတာအိုကာမူရ က ဆက်လက်ပြောကြားသွားခဲ့သည်။
အဆိုပါ ကိုးကြိမ်မြောက် ဆွေးနွေးပွဲသို့ နှစ်ဘက်စလုံးမှ စီးပွားရေးလုပ်ငန်းရှင် ၂၀၂ ဦး တက်ရောက်ခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးနှင့် ကုန်သွယ်ရေးကိစ္စများ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဆွေးနွေးပွဲ၏ ရလဒ်အဖြစ် ၁၉၉၇ ခုနှစ်က UMFCCI နှင့် JCCI တို့အကြား ချုပ်ဆိုခဲ့သည့် သဘောတူစာချုပ်ကို နှစ်နိုင်ငံ စီးပွားရေးဆက်သွယ်မှုများ တိုးမြင့်စေရန် ပြင်ဆင်ချုပ်ဆိုခဲ့သည်ဟုဆိုသည်။ ထို့ပြင် အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးရေးအတွက် နှစ်နိုင်ငံ ပူးပေါင်းပူးပေါင်းလုပ်ဆောင်သွားရန်လည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
၁၉၈၈ ခုနှစ်မှစ၍ ၂၀၁၂ ခုနှစ် ဇူလိုင်လအထိ ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာ ၂၁၉ ဒသမ ၉၄ သန်း ရင်း နှီးမြှုပ်နှံပြီးဖြစ်ကာ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု အများဆုံးနိုင်ငံစာရင်းတွင် အဆင့် ၁၂ တွင်ရပ်တည်နေ သည်။ ပြီးခဲ့သည့် ၂၀၁၁-၁၂ ဘဏ္ဍာရေးနှစ်တွင် ဂျပန်နှင့်မြန်မာနိုင်ငံ၏ ကုန်သွယ်မှုမှာ ၂၀၁၀-၁၁ ဘဏ္ဍာရေးနှစ်ထက် နှစ်ဆနီးပါးမြင့်တက်ခဲ့သည်။
ကနောင်သားလေးဇင်အောင်
Pages
Labels
- 18+
- Android ဖုန်းနည်ပညာများ
- Android ဖုန်းမြန်မာဖောင့်
- Movie များ
- NLD သတင်းများ
- ကာယဗလသမားများအတွက်
- ကျန်းမာရေး
- ထူးဆန်းထွေလာများ
- နည်းပညာအသစ်သတင်းများ
- ဖုန်းသုံးသူများအတွက်သတင်းကောင်းများ
- ဗဟုသုတ
- မိုးလေ၀သ
- သတင်းကောင်းများ
- ဟာသ
- အစားအသောက်ပြုလုပ်နည်းများ
- အားကစားသတင်းများ
- အနုပညာရှင်များသတင်း
- ဆောင်းပါးများ
- ဗေဒင်
- ပြည်တွင်းသတင်းများ
- ပြည်ပရောက်မြန်မာများသတင်း
- ဖြစ်ရပ်မှန်နှင့်ဟာသ VIDEO
- နိုင်ငံခြားသတင်းများ
Subscribe to:
Post Comments (Atom)

No comments:
Post a Comment