လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Saturday, September 29, 2012

အမေရိကန်နှင့် မြန်မာ စစ်ရေးပူးပေါင်းရန် အစီအစဉ်ရှိ

အမေရိကန်နှင့် မြန်မာ စစ်ရေးပူးတွဲ လုပ်ဆောင်ရန် နှစ်ဖက်တပ်မတော် အရာရှိများက ဆွေးနွေး ညှိနှိုင်းနေကြပြီး ဖြစ်ကြောင်း Financial Times တွင် ဖော်ပြထားသည်။ တပ်မတော် အရာရှိများကို စတင် သင်တန်းပေးရန် အလားအလာ ရှိနေကြောင်း သိရသည်။ ဗြိတိန်နှင့် ပြင်သစ်တို့ကလည်း ရုပ်သိမ်းထားသည့် စစ်သံမှူးများကို မြန်မာပြည်တွင် ပြန်လည်ခန့်ထားရန် စီစဉ်နေကြပြီဟု သိရသည်။ ကနဦး စတင်မှုကတော့ စစ်ရေးနှင့် မဆိုင်ဘဲ မဟာဗျူဟာလေ့လာရေး သင်တန်း စာတင်ပေးရန်နှင့်
စစ်ဦးစီးမှူး ရာထူးအဆင့်များ အပြန်အလှန် လည်ပတ်ရန် ဖြစ်သည်။ ကနဦးအဆင့် အဆင်ပြေချောမောလျှင် စစ်သင်တန်းနှင့် စစ်ဘက်ရေးရာ အထောက်အပံ့ပေးရန်ပါ ဆက်လက် ဆောင်ရွက်ဖွယ်ရှိကြောင်း သတင်းတွင် ဖော်ပြထားသည်။ အမေရိကန်နှင့် ဒေသတွင်းနိုင်ငံများ ပူးတွဲစစ်ရေး လေ့ကျင့်မှုတွေမှာ မြန်မာလေ့လာသူ အဖြစ် ပါဝင်ချင်ကြောင်း ကမ်းလှမ်းချက်အရ တစ်ဖက်က စဉ်းစားနေသည်ဟု သိရသည်။ စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ နက်နက်ရှိုင်းရှိုင်း ဖြစ်မလာခင် ကွန်ဂရက်၏ ထောက်ခံမှုရရန် အိုဘားမားအစိုးရက ဆွဲဆောင်ရလိမ့်မည်ဟု သတင်းတွင် ဖော်ပြထားသည်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲသာ အဆင်ပြေ ချောမွေ့ခဲ့လျှင် အမေရိကန်-မြန်မာ ဆက်ဆံရေးသည် လုပ်ဖော်ကိုင်ဖက် Comprehensive Partnership အဆင့်ထက်ပိုပြီး Strategic မဟာဗျူဟာမြောက်အဆင့်ထိပါလွယ်ကူစွာ ရောက်နိုင်ကြောင်းသုံးသပ်နေကြသည်။ မြန်မာစစ်ဘက် ခေါင်းဆောင်တချို့ အထူးသဖြင့် လက်ရှိ ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အမေရိကန်နှင့် အနောက်နိုင်ငံ သံတမန်များက ပုဂ္ဂိုလ်ရေးအရ ချီးကျူးကြကြောင်း ၂၀၁၂ ခုနှစ် အောက်တိုဘာ ၂ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..