လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Saturday, April 19, 2014

ဆံပင် အလှပြင်ဆိုင် တစ်ဆိုင်မှာ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်းပုံ ပါရှိတဲ့ ဆံပင်ပုံစံ ပိုစတာကြောင့် မြောက်ကိုရီးယား သံရုံးမှ တာဝန်ရှိသူတွေ ချက်ချင်း ရောက်ရှိလာခဲ့

Photo: ဆံပင် အလှပြင်ဆိုင် တစ်ဆိုင်မှာ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်းပုံ ပါရှိတဲ့ ဆံပင်ပုံစံ ပိုစတာကြောင့် မြောက်ကိုရီးယား သံရုံးမှ တာဝန်ရှိသူတွေ ချက်ချင်း ရောက်ရှိလာခဲ့

April 17, 2014

လန်ဒန်မြို့ရှိ ဆံပင်ညှပ်ဆိုင် တစ်ဆိုင်မှာ ညှပ်လို့ ရရှိနိုင်တဲ့ ဆံပင်ပုံစံတွေကို ပြသထားတဲ့ ပိုစတာထဲမှာ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်းရဲ့ပုံကို ဘာကြောင့် ထည့်သွင်းဖော်ပြထားရတယ်ဆိုတာ မေးမြန်းဖို့အတွက် မြောက်ကိုရီးယားသံရုံးမှ တာဝန်ရှိသူတွေဟာ အဲ့ဒီဆံပင်အလှပြင်ဆိုင်ကို ချက်ချင်း ရောက်ရှိလာခဲ့ကြသည်။ လန်ဒန်မြို့ ဆောက်အီးလင်းရှိ M&M Hair Academy (အမ်အန်အမ်ဟဲရ်အကယ်ဒမီ) ရဲ့ ပိုစတာမှာ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်းရဲ့ ဓါတ်ပုံပါဝင်ပြီး အဲ့ဒီပုံအောက်မှာ "Bad Hair Day?" ဆိုတဲ့ စာတန်းကိုပါ ထည့်သွင်း ဖော်ပြထားတာ ဖြစ်သည်။ မြောက်ကိုရီးယားသံရုံးဟာ ဆံပင်ညှပ်ဆိုင်မှ (၁၀)မိနစ် လမ်းလျှောက်သွားလို့ ရတဲ့အကွာအဝေးမှာ ရှိတယ်ဆိုတာကို သတိမပြုမိခဲ့ဘူးလို့ ဆံပင်အလှပြင်ဆိုင် ပိုင်ရှင်ဖြစ်သူရဲ့သား ဆံပင်ညှပ်ဆရာ ဘာဘာကရင်နာဘတ်ခ်ျမှ ပြောကြားခဲ့ကြောင်း ဘီဘီစီ သတင်းမှာ ဖော်ပြထားသည်။

skynet-uptodate
The Melting Pot 4 U

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..