စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်အတွင်းရှိ အလောင်းတော်ကဿဖသို့ ဘုရားဖူးလာရောက်သည့် မန္တလေးတိုင်း အမရပူရမြို့နယ်
ရင်တော်ရွာမှ ဒိုင်နာကားသည် မတ် ၂၃ ရက် နေ့လည် ၁ နာရီခန့်တွင်
အလောင်းတော်ကဿဖ ဘုရားဖူးသွားရာလမ်းရှိ သနပ်ခါးရေစခန်း အနီးရှိ ချောက်ထဲသို့
အရှိန်မထိန်းနိုင်ဘဲ ထိုးကျသွားခဲ့ရာမှ ကားပေါ်တွင်ပါလာသည့်
ဘုရားဖူးနှစ်ဦး သေဆုံးခဲ့ပြီး ၂၂ ဦးမှာ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း
သိရသည်။
“ကားပေါ်မှာ ၂၆ ယောက်ပါတယ်။ ရွာကလူတွေစုပြီး ဘုရားဖူးထွက်လာကြတာ။ ဘယ်လိုဖြစ်သွားတ ယ်ဆိုတာကို မပြောတတ်တော့ဘူး။ လမ်းညာဘက်မှာရှိတဲ့ ၀ါးနှစ်ပြန်စာလောက်ရှိတဲ့ ချောက်ထဲကို ထိုးကျသွားတော့တာ။ မနက်ပိုင်း မိုးရွာလို့ဆိုပြီး မတက်ဖြစ်ခဲ့ဘူး။ မိုးစဲသွားတော့ တက်လို့ရပြီဆိုပြီး တက်ခဲ့တာပါ။ အပြန်မှာဖြစ်တာ။ နေ့လည် ၁ ချက်တီးလောက်လို့ ထင်တာပဲ” ဟု အဆိုပါကားပေါ်တွင် ပါလာသည့် အမျိုးသမီးတစ်ဦးက ဆေးရုံလူနာကုတင်ပေါ်မှ ပြောသည်။
ကျွန်တော်တို့ နယ်ဘက်က လူမှုရေးအသင်းတွေကို ဘုရားဖူးကနေ ပြန်လာတဲ့ကားတွေက ဆက်သွယ်ပြီး အကူအညီတောင်းလို့ သွားကူပေးခဲ့တယ်။ ကပိုင်တိုက်နယ် ဆေးရုံမှာ အမျိုးသားတစ်ယောက် ဆုံးတယ်” ဟု လူမှုကူညီရေးအသင်း ကားတစ်စီးမှ ယာဉ်မောင်းက ပြောကြားသည်။
“လက်ရှိ ကျွန်မတို့ မုံရွာဆေးရုံကိုတော့ ၂၃ ယောက် ရောက်ပါပြီ အဲဒီအထဲက အသက် ၆၀ ကျော်ခန့်ရှိတဲ့ အမျိုးသမီးတစ်ဦးကတော့ လမ်းမှာကတည်းက ဆုံးလာပါတယ်။ ကျန်တဲ့ ၂၂ ယောက်ကိုတော့ လိုအပ်တဲ့ ဆေးဝါးကုသမှုတွေ ပြုလုပ်ပေးဖို့ ကြိုးစားဆောင်ရွက်နေကြပါပြီ။ တစ်ယောက်ကတော့ ကပိုင်ဆေးရုံမှာ ဆုံးတယ်လို့ သိရတယ်” ဟု မုံရွာပြည်သူ့ဆေးရုံကြီးမှ တာဝန်ကျ ဆရာမကြီးတစ်ဦးက ပြောသည်။
အဆိုပါ ကားတိမ်းမှောက်မှုကြောင့် ဒဏ်ရာရရှိသူများအား ယင်းမာပင်မြို့နယ် အတွင်းရှိ လူမှုကူညီရေး အသင်းများမှ ကားများက မုံရွာမြို့ ပြည်သူ့ဆေးရုံကြီးသို့ လိုက်ပါပို့ဆောင် ပေးခဲ့ကြသည်။
မုံရွာဆေးရုံသို့ ရောက်ရှိလာသည့် လူနာများအား တွေ့ရစဉ်
Eleven Media Group

No comments:
Post a Comment