လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Monday, March 24, 2014

ကိုယ်ဝန်ဆောင်စဉ် သံဓာတ်ကို နေ့စဉ်မှီဝဲပါက ကျန်းမာသော ကလေးများ မွေးဖွားစေနိုင်

Photo: ကိုယ်ဝန်ဆောင်စဉ် သံဓာတ်ကို နေ့စဉ်မှီဝဲပါက ကျန်းမာသော ကလေးများ မွေးဖွားစေနိုင်
Monday, March 24, 2014

ကိုယ်ဝန် ဆောင်နေစဉ် ကာလအ တောအတွင်း သံဓာတ် ပါဝင်မှုကို နေ့စဉ်ဖြည့်တင်း ပေးခြင်းကြောင့် ပိုမိုထွားကျိုင်း၍ ကျန်းမာရေး ကောင်းမွန်သော ကလေးများကို မိခင်လောင်း များ အနေ ဖြင့် မွေး ဖွား စေနိုင်ကြောင်း လေ့လာ ဆန်းစစ်ချက် အသစ် တစ်ရပ်အရ သိရသည်။

ထိုကဲ့သို့ ကိုယ်ဝန်ဆောင်စဉ် ကာလတွင် သံဓာတ် ဖြည့်တင်းပေးခြင်းသည် ကလေးငယ်ကို သိသိသာသာ ကိုယ်အလေးချိန် မြင့်တက်စေခြင်းနှင့် ကိုယ်အလေးချိန် နည်းပါးမှု အန္တရာယ်ကို လျှော့ ချ စေနိုင်ကြောင်း သုတေသီများက တွေ့ရှိခဲ့ကြသည်။ သံဓာတ် ပမာဏကို နေ့စဉ် ၆၆ မီလီဂရမ် တိုးမြှင့် ၍ သုံးစွဲသင့်ကြောင်း သိရသည်။

ကမ္ဘာ့ကျန်းမာရေး အဖွဲ့က လက်ရှိအချိန်တွင် ကိုယ်ဝန်ဆောင် အမျိုးသမီးများ အနေဖြင့် သံဓာတ် ၆ဝ မီလီဂရမ် သုံးစွဲသင့်ကြောင်း အကြံပြု ထားသည်။ သံဓာတ် ချို့တဲ့ခြင်းသည် ကမ္ဘာ တစ်ဝန်းတွင် အကျယ်ပြန့်ဆုံး တွေ့ရသော အာဟာရ ဓာတ်ချို့တဲ့မှု တစ်ခုဖြစ်ကြောင်း သိရသည်။ ဝင်ငွေ နည်းပါးသော နိုင်ငံများတွင် သွေးအားနည်းခြင်း ရောဂါကို ကိုယ်ဝန်ဆောင် အမျိုးသမီး ၃၂ သန်းတွင် တွေ့နေရသည်။ 

ကလေး မမွေးဖွားမီ သွေးအားနည်းခြင်းနှင့် အချိန် မတိုင်မီ ကလေး မွေးဖွားခြင်းတို့မှာ ဆက်စပ်နေကြောင်း တွေ့ရသော်လည်း အခြား ဖြစ်နိုင် ခြေများမှာ ပုံမှန်ဖြစ်လေ့ ဖြစ် ထမရှိကြောင်း လေ့လာချက်များအရ သိရသည်။ သံဓာတ်ဖြည့် တင်းပေးခြင်းသည် မိခင်လောင်း၏ ဟေမိုဂလိုဗင် ပါဝင်မှု ပမာဏကို မြင့်တက်စေပြီး သွေးအားနည်းခြင်းကို သိသိသာသာ လျော့ ကျ စေနိုင်ကြောင်း သုတေသီများ ကတွေ့ရှိ ခဲ့ကြသည်။ ။

ကျော်ဇင်ထွဋ်

မြ၀တီ
ကိုယ်ဝန် ဆောင်နေစဉ် ကာလအ တောအတွင်း သံဓာတ် ပါဝင်မှုကို နေ့စဉ်ဖြည့်တင်း ပေးခြင်းကြောင့် ပိုမိုထွားကျိုင်း၍ ကျန်းမာရေး ကောင်းမွန်သော ကလေးများကို မိခင်လောင်း များ အနေ ဖြင့် မွေး ဖွား စေနိုင်ကြောင်း လေ့လာ ဆန်းစစ်ချက် အသစ် တစ်ရပ်အရ သိရသည်။
ထိုကဲ့သို့ ကိုယ်ဝန်ဆောင်စဉ် ကာလတွင် သံဓာတ် ဖြည့်တင်းပေးခြင်းသည် ကလေးငယ်ကို သိသိသာသာ ကိုယ်အလေးချိန် မြင့်တက်စေခြင်းနှင့် ကိုယ်အလေးချိန် နည်းပါးမှု အန္တရာယ်ကို လျှော့ ချ စေနိုင်ကြောင်း သုတေသီများက တွေ့ရှိခဲ့ကြသည်။ သံဓာတ် ပမာဏကို နေ့စဉ် ၆၆ မီလီဂရမ် တိုးမြှင့် ၍ သုံးစွဲသင့်ကြောင်း သိရသည်။ကမ္ဘာ့ကျန်းမာရေး အဖွဲ့က လက်ရှိအချိန်တွင် ကိုယ်ဝန်ဆောင် အမျိုးသမီးများ အနေဖြင့် သံဓာတ် ၆ဝ မီလီဂရမ် သုံးစွဲသင့်ကြောင်း အကြံပြု ထားသည်။ သံဓာတ် ချို့တဲ့ခြင်းသည် ကမ္ဘာ တစ်ဝန်းတွင် အကျယ်ပြန့်ဆုံး တွေ့ရသော အာဟာရ ဓာတ်ချို့တဲ့မှု တစ်ခုဖြစ်ကြောင်း သိရသည်။ ဝင်ငွေ နည်းပါးသော နိုင်ငံများတွင် သွေးအားနည်းခြင်း ရောဂါကို ကိုယ်ဝန်ဆောင် အမျိုးသမီး ၃၂ သန်းတွင် တွေ့နေရသည်။

ကလေး မမွေးဖွားမီ သွေးအားနည်းခြင်းနှင့် အချိန် မတိုင်မီ ကလေး မွေးဖွားခြင်းတို့မှာ ဆက်စပ်နေကြောင်း တွေ့ရသော်လည်း အခြား ဖြစ်နိုင် ခြေများမှာ ပုံမှန်ဖြစ်လေ့ ဖြစ် ထမရှိကြောင်း လေ့လာချက်များအရ သိရသည်။ သံဓာတ်ဖြည့် တင်းပေးခြင်းသည် မိခင်လောင်း၏ ဟေမိုဂလိုဗင် ပါဝင်မှု ပမာဏကို မြင့်တက်စေပြီး သွေးအားနည်းခြင်းကို သိသိသာသာ လျော့ ကျ စေနိုင်ကြောင်း သုတေသီများ ကတွေ့ရှိ ခဲ့ကြသည်။ ။

ကျော်ဇင်ထွဋ်

မြ၀တီ

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..