အေစီမီလန် အသင်းမှ ပြောင်းရွှေ့လာပြီး ကတည်းက ဆွီဒင်လက်ရွေးစင်
တိုက်စစ်မှူး အီဘရာဟီမိုဗစ် အနေဖြင့် ပြင်သစ်ချန်ပီယံ အသင်း၏ အားအထားရဆုံး
ကစားသမားတစ်ဦး ဖြစ်လာသည်။
ဇလာတန် အီဘရာဟီမိုဗစ် စိတ်တိုင်းကျ မချက်ပြုတ်ပေးနိုင်သဖြင့် PSGအသင်းမှ စားဖိုမှူးနှစ်ဦး အလုပ်ပြုတ်သွားကြောင်း သိရသည်။ အေစီမီလန် အသင်းမှ ပြောင်းရွှေ့လာပြီး ကတည်းက ဆွီဒင်လက်ရွေးစင် တိုက်စစ်မှူး အီဘရာဟီမိုဗစ် အနေဖြင့် ပြင်သစ်ချန်ပီယံ အသင်း၏ အားအထားရဆုံး ကစားသမားတစ်ဦး ဖြစ်လာသည်။ ထိုသို့ တွင်ကျယ်လာသည်နှင့်အမျှ PSGမှ တာဝန်ရှိသူများ အနေဖြင့်လည်း အသက်(၃၂)နှစ်အရွယ် ကစားသမားကို အရိပ်တကြည့်ကြည့်ဖြင့် လိုသမျှ လိုက်လံဖြည့်ဆည်းပေးလျှက် ရှိသည်။
ယခုရာသီ အသင်းအတွက် အမှတ်ပေးပြိုင်ပွဲများ၌ (၂၃)ဂိုး သွင်းယူပေးထားသည့် အီဘရာဟီမိုဗစ်က အသင်းမှ ကျွေးမွေးသော အစားအသောက်များ၏ အရည်အသွေးပိုင်းကို မေးခွန်းထုတ်ခဲ့သည်။ အီဘရာဟီမိုဗစ်သည် PSGတွင် အခွင့်ထူးခံ ဖြစ်နေရာ အသင်း၏ စားသောက်ခန်းတွင်ပင် ၎င်းအကြိုက် ပါစတာမုန့်များကို စင်တစ်ခုဖြင့် သီးခြားစီမံ ထားရှိပေးခဲ့ရသည်။
PSGနည်းပြ လောရင့်ဘလန့်က သတင်းစာ ရှင်းလင်းပွဲ တစ်ခုတွင် အသင်း၏ စားဖိုမှူးချုပ် စတီဖိန်း မီချွန်းကို အကူအညီပေးရန်အတွက် စားဖိုမှူးသစ် နှစ်ဦးကို ငှားရမ်းခဲ့ကြောင်း၊ ထို့အပြင် ကစားသမားများ၏ အကျွေးအမွေးကဏ္ဍအတွက် အသုံးစရိတ်ကိုလည်း မြှင့်တင်ခဲ့ကြောင်း ပြောဆိုသွားသည်။ အီဘရာဟီမိုဗစ်သည် လတ်တလောတွင် ပြင်သစ်လီဂူး၏ ထိပ်သီးဂိုးသွင်းသူအဖြစ် အသင်းဖော် အီဒင်ဆန် ကာဗာနီကို (၉)ဂိုးအသာဖြင့် ဦးဆောင်ရပ်တည်လျှက်ရှိသည်။
Planet Myanmar Network

No comments:
Post a Comment