မြန်မာနိုင်ငံမှာ ၁၉၇၃၊ ၁၉၈၃ ခုနှစ်တို့မှာ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို ကောက်ယူပြီး နောက်ပိုင်းအကြောင်း အမျိုးမျိုးကြောင့် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို ဆယ်စုနှစ် ၃ခုအကြာအထိ ကောက်ယူနိုင်ခြင်း မရှိတော့ ပါ။
၂ဝ၁ဝနိုင်ငံရွေးကောက်ပွဲအပြီး သမ္မတဦးသိန်းစိန် (အစိုးရသစ် တက်လာပြီး နောက်) ၂ဝ၁၄ ခု နှစ်မှာ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကြီးကို ကောက်ယူ နိုင်ရေးအတွက် စီစဉ်ဆောင် ရွက်လာခဲ့တယ်။ ပြည်လုံးကျွတ် သန်းခေါင် စာရင်းကို ကောက်ယူ ရတဲ့ရည်ရွယ်ချက်ဟာ နိုင်ငံအတွင်း နေထိုင်ကြတဲ့ လူဦးရေ (သို့မဟုတ်) အုပ်ချုပ်မှုဒေသ အလိုက်ရှိလူဦးရေ၊ နေထိုင်မှု အခြေ အနေနဲ့ အခြေခံဝန် ဆောင်မှုများ လက်လှမ်းမီရရှိမှု အခြေအနေ အတိအကျ ကို သန်းခေါင်စာရင်း ကောက်ယူခြင်းနဲ့သာ ရရှိနိုင်တာကတစ်ကြောင်း၊ အဲဒီ အချက်အလက်တွေကို အသုံးပြုပြီးတော့ နိုင်ငံတော် အစိုးရကပဲဖြစ်ဖြစ်အစိုးရ မဟုတ်တဲ့ ပြင်ပပုဂ္ဂလိကအဖွဲ့အစည်း တွေကပဲဖြစ်ဖြစ် စီမံကိန်းတွေ ရေးဆွဲ နိုင်လာမှာ ဖြစ်တာက တစ်ကြောင်း၊ ပြီးတော့ ဒီသန်းခေါင်စာရင်းက ရရှိမယ့် အချက် အလက်တွေကို ကြည့်ခြင်းအားဖြင့် ပြည်သူလူထုတွေရဲ့ ပညာရေး၊ ကျန်းမာရေး စောင့်ရှောက်မှု၊ အိမ်ရာနေရာချထားရေးနဲ့ သယ်ယူပို့ဆောင်ရေး ကဏ္ဍတွေ မှာ အရင်းအမြစ်တွေ ဘယ်လောက် လိုနေသလဲဆိုတာကို စီမံကိန်းရေးဆွဲလာနိုင်ဖို့ စတာတွေပါဝင်တယ်။
ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူ နိုင်ရေးအတွက် စုစုပေါင်းကုန် ကျစရိတ်က အမေရိကန်ဒေါ် လာ ၅၈.၆ သန်းဖြစ်တယ်။ ပြီးတော့ သန်းခေါင် စာရင်း စတင်ကောက်ယူမယ့် မတ်၂၉ရက်၊ ညသန်းခေါင်ယံအချိန် (မြန်မာ နိုင်ငံဒေသအတွင်း မည်သည့် နေရာမဆိုတွေ့ရာအရပ်မှာ ကောက်ယူတဲ့ မူကိုသုံးမယ်) မှစ တင်ပြီး ဧပြီ ၁ဝ ရက်နေ့အထိကို သန်းခေါင်စာရင်း ကွင်းဆင်း ဆောင်ရွက်မယ့် ခန့်မှန်းသန်းခေါင်စာရင်း ဝန်ထမ်းအင်အား တစ်သိန်းလေးသောင်း ရှိမှာဖြစ်ကြောင်းကို လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့ အင်အားဝန်ကြီး ဌာနက ထုတ်ပြန်ထားတယ်။
မြန်မာနိုင်ငံရဲ့ အိမ်ထောင်စု စုစုပေါင်းက ၁၁သန်းခန့်နဲ့ အထိ ရှိကြောင်းကို လည်း လူဝင်မှုကြီး ကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန် ကြီးဌာနကထုတ်ပြန် ထားတယ်။၂ဝ၁၄ ခုနှစ်ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူခြင်း မတိုင်ခင် ပြည်သူတစ်ရပ် လုံးသန်းခေါင်စာရင်းကောက် ယူရခြင်း အကြောင်း ကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး၊ ဖြေဆိုရမယ့် မေးခွန်း ၄၁ ချက်ကို စိုးရိမ် ပူပန်ကြောင့်ကြမှု မရှိဘဲ တိကျမှန်ကန်စွာနဲ့ မေးခွန်းများကို ဖြေဆိုနိုင်စေရေး စတာတွေကို ကျယ်ကျယ် ပြန့်ပြန့်သိရှိစေရေး တို့အတွက်ကို ပြည်သူချစ်အနု ပညာရှင်များနဲ့ ပူးပေါင်းကာ အကြိုအသိပေး လှုံ့ဆော်သီချင်း၊ ဇာတ်လမ်းတို တို့ကို ရိုက်ကူးထုတ်လွှင့် တင်ဆက်ပေးလျက် ရှိနေတယ်။
ရုပ်သံချန်နယ်တွေ မှာသာမကဘဲနဲ့ ပြည်သူ့အလွှာ အမျိုးမျိုးသိရှိ နိုင်စေရေး ရှေးရှုကာ နေ့စဉ်ထွက်ရှိ နေတဲ့ ဗီဒီယိုဇာတ်ကား များမှာပါ ထည့် သွင်း အသိပေး လှုံ့ဆော်ဖော်ပြ ပေးလျက်ရှိနေတယ်။ ” ပညာပေးလှုံ့ဆော်တေး သီချင်းတွေကို အနုပညာရှင်တွေရဲ့ အနုပညာစွမ်းအားနဲ့ ပူးပေါင်းပြီးတော့ ရိုက်ကူးဖြစ်တဲ့ရည်ရွယ်ချက်ကတော့ ပြည်သူတွေ အားလုံး ၂ဝ၁၄ ပြည်လုံး ကျွတ် သန်းခေါင်စာရင်း ကောက်ယူ မယ့် အချက်အလက်တွေကို ဘာမှ မစိုးရိမ်ဘဲ ကြောင့်ကြ ပူပန်မှုမရှိဘဲနဲ့၊ မှန်ကန်စွာနဲ့ ဖြေဆိုနိုင်ရေး အတွက် ပါ။ ပြည်သူ တွေအနေနဲ့ မှန်မှန်ကန်ကန်နဲ့ မေးမြန်းမယ့် မေးခွန်းလေးတွေ ကို ဖြေဆိုပေးနိုင်ဖို့ပါ။
တိကျမှန်ကန်မယ့် စာရင်းအချက် အလက်တွေရရှိဖို့ အရေးကြီး ပါတယ်။ ဘာလို့လဲဆိုတော့ လာမယ့်နိုင်ငံတော်ဖွံ့ဖြိုးတိုး တက်ရေးအတွက် အရေးကြီး တဲ့ အချက်အလက်တွေ စုစည်းရရှိ ဖို့အတွက် အခုသန်းခေါင်စာရင်း ကောက်ယူမှုဟာ အင်မတန် အရေးကြီးတယ်ဆိုတာကို ပြည်သူတွေ သိရှိနိုင်ဖို့အတွက်ပါ” လို့ ရန်ကုန်တိုင်းဒေသကြီး လူဝင်မှု ကြီးကြပ်ရေးဌာန ဦးစီးအရာရှိ ဒေါ်မေလီဝင်း ကပြောပြတယ်။
အဲဒီလို အသိပေးလှုံ့ဆော်ရေး သီချင်းတွေကို ရိုက်ကူးတဲ့အခါ လူဝင်မှု ကြီးကြပ်ရေးက ဝန်ထမ်းတွေနဲ့ သန်းခေါင်စာ ရင်းကောက်ယူနိုင်ရေးမှာ လုပ် အားပေးပါဝင်ကြမယ့် စာရင်းစစ်၊ စာရင်းကောက်တာဝန်ယူ ထားကြတဲ့ ဆရာ၊ ဆရာမတွေလည်း ပါဝင်ကြောင်း ဒေါ်မော်လီဝင်း က ပြောပြတယ်။ ” ပြည်သူ အားလုံးကျယ်ကျယ်ပြန့်ပြန့်သိပြီး စိတ်ဝင်စားဖို့အတွက်ကို အနုပညာရှင် တွေရဲ့ အနုပညာစွမ်းအားတွေနဲ့ ပူးပေါင်းပြီးကျယ်ကျယ် ပြန့်ပြန့်လုပ်ဆောင်ဖို့ လိုအပ်တယ်။
အဲဒါမှလည်း ပြည်သူလူ ထုဆီကိုပိုရောက်မယ်လို့ မျှော်လင့်တယ်။ပြီးတော့ ပြည်သူတွေ အနေနဲ့ မေးခွန်းတွေမေးတာကို စိုးရိမ်ကြောင့် ကြမှုမရှိဖို့လိုပါ တယ်။ မေးခွန်းအချက်အလက် တွေကို အမှန်ကန်ဆုံးနဲ့ အရိုးသားဆုံးနဲ့ ဖြေပေးဖို့ လိုအပ်ပါတယ်။ စိုးရိမ်ဖို့မလိုပါဘူး။ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို စစ်ဆေးဖို့မဟုတ်ပါဘူး။ ဒါကြောင့်မို့လို့ တိကျမှန်ကန်တဲ့ အချက်အလက် တွေရဖို့အတွက်ကို လူတန်းစားပေါင်းစုံ၊ အလွှာပေါင်းစုံ၊ အခြေအနေမျိုးစုံရဲ့ အခြေအနေမှန်တွေကို ရယူပြီး နိုင်ငံတော် ဖွံ့ဖြိုးရေး အတွက် တိကျတဲ့ စာရင်းဇယားတွေ ရရှိဖို့အတွက် အထောက်အကူ ဖြစ်အောင်လို့ အမှန်ကန် ဆုံး စာရင်းဇယားတွေကို လိုချင်တာပါ။
အဲဒါကြောင့်မို့လို့ ပြည်သူတွေအနေနဲ့ စိုးရိမ်ကြောင့် ကြမှုမရှိဘဲ တိကျမှန်ကန် တဲ့ အဖြေ၊မေးခွန်းတွေကို တက်တက်ကြွကြွနဲ့ ဖြေဆိုမယ်လို့ မျှော်လင့်ထား ပါတယ်။ အဲဒီလိုမျိုး အားလုံး ပါဝင်လာနိုင်ဖို့ အတွက်မို့လို့လည်း အနုပညာရှင် တွေရဲ့ ပူးပေါင်းကူညီမှုတွေနဲ့ အကြိုအသိပေးလှုံ့ဆော်ရေးသီချင်းတွေကို လုပ်နေတာဖြစ်ပါတယ်” လို့ အန်တီ မော်လီဝင်း က ဆက်ပြောပြခဲ့တယ်။
သန်းခေါင်စာရင်း ကောက်ယူမှုကတော့ အချိန်နီးသထက် နီးလာနေပြီဖြစ်တာ မို့ အနုပညာရှင် အများစု အနေနဲ့လည်း အောက်မြန်မာပြည်၊ အထက် မြန်မာပြည် အနှံ့ကို သွားရောက်ကာ အကြိုအသိပေး လှုံ့ဆော်ရေး အစီအစဉ် များကို အားသွန်ခွန်စိုက် လုပ်ဆောင် ပေးနေမှုများလည်း ရှိနေပြီဖြစ်ပါတယ်။
Popular

No comments:
Post a Comment