အမေရိကန်က ဗီဒီယို၊ ရုပ်ရှင် ဒါရိုက်တာဖြစ်သူ Josh Kim ဟာ မြန်မာပြည် ကို
ရောက်ရှိပြီး ဂူးဂဲလ်မျက်မှန် (Google Glass)နဲ့ documentary video
ရိုက်ကူးခဲ့ပါတယ်။
ဂူးဂဲလ် မျက်မှန်ကို ရန်ကုန်က အခြေခံ လုပ်သားပြည်သူ အချို့ကို တပ်ဆင် စေပြီး ရိုက်ကူးခဲ့ခြင်း ဖြစ်ပါတယ်။ ကြံရည်စက်သည်နဲ့ အများသုံး တယ်လီ ဖုန်း ဝန်ထမ်းအပြင် အခြားသော လူအနည်းငယ်မှာ တပ်ဆင်ပြီး မှတ်တမ်း တင်စေခဲ့ပါတယ်။ ဒီတော့ မြန်မာပြည်ကို Google Glass ရောက်ရှိခဲ့ပြီးပြီလို့ ဆိုနိုင်ပါတယ်။
ကာလ တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ ၁၅၀၀ ဝန်းကျင်ရှိတဲ့ စမတ် မျက်မှန် ဖြစ်ပါတယ်။ ယင်းမျက်မှန်နဲ့ မြန်မာပြည်တွင်း မှတ်တမ်းတင်မှု သတင်းကို Wall Street ရဲ့ အောက်ပါ Link မှာ ဝင်ရောက် ဖတ်ရှုနိုင်ပါ တယ်။
အောင်ခမ်း (www.innewsmyanmar.com)

No comments:
Post a Comment