လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Thursday, March 13, 2014

အမျိုးသမီးများ လစဉ်သုံး ပစ္စည်းကို အချိန်ကြာမြင့်စွာ သုံးစွဲလျှင် ကင်ဆာရောဂါ ဖြစ်နိုင်

Photo: အမျိုးသမီးများ လစဉ်သုံး ပစ္စည်းကို အချိန်ကြာမြင့်စွာ သုံးစွဲလျှင် ကင်ဆာရောဂါ ဖြစ်နိုင်

(အမျိုးသမီးထု တကိုယ်ရေသန့်ရှင်း ကျန်းမာရေးအတွက် လွန်စွာအရေးကြီး လို့ ရှက်စရာလို့ မယူဆဘဲ၊ ဒီသတင်းကို မိမိရဲ့မိတ်ဆွေ၊ အပေါင်းအသင်းများ အား ကျယ်ကျယ်ပြန့်ပြန့် မျှဝေအသိပေးကြပါ)

အိန္ဒိယနိုင်ငံ၊ ကာလကတ္တားရှိ Tata Cancer Hospital(ခေါ်)ကင်ဆာဆေးရုံမှ အမျိုးသမီးများအတွက် ကျန်းမာရေးအသိပေး နှိုးဆော်ထားချက်ကို မျှဝေ လိုက်ပါရစေ။

အဲဒီဆေးရုံမှာ သားအိမ်ကင်ဆာ၊ ဆီးအိမ်ကင်ဆာတို့ဖြင့် လာရောက်ကုသမှု ခံနေကြတဲ့ အမျိုးသမီး ဝေဒနာရှင်များကို ဆေးမှတ်တမ်းပြုစု၍ ရောဂါ ရာဇ၀င်ကို လေ့လာစမ်းစစ်တဲ့အခါမှာ၊ ထိုကင်ဆာ ဝေဒနာသည်အများစုဟာ ဓမ္မတာရာသီ လာတဲ့အခါ pad(ခေါ်) လစဉ်သုံးပစ္စည်းကို အတွင်းခံဘောင်းဘီ မှာ အချိန်ကြာမြင့်စွာထားပြီး၊ တော်တော်နဲ့ အသစ်လဲလေ့ မရှိခဲ့ကြတာကို အဖြေရှာတွေ့ ခဲ့ပါတယ်။

ရာသီသွေးဆင်းတဲ့အခါ အတွင်းခံဘောင်းဘီမှာ ကပ်ထားတဲ့ pad(ခေါ်) လစဉ်သုံးပစ္စည်းက အပြင်အဝတ်အထည်တွေကို မစွန်းထင်းစေဖို့ စုပ်ယူ ထိန်းထားပေးလေ့ရှိပါတယ်။ pad တွေကို ဓာတုပစ္စည်းတွေနဲ့ ဖန်တီးပြုလုပ် ထားခြင်းကြောင့်သာ၊ အခုလို ရာသီသွေးရည်များနဲ့ အစိုဓာတ်ကို အချိန် ကြာကြာ စုပ်ယူုထိန်းထားနိုင်တာပါ။ 

ဒါပေမယ့် အချိန်တော်တော်ကြာ စုပ်ယူပြီး နောက်မှာတော့ pad မှာပါတဲ့
ဓာတုပစ္စည်းများ ပျက်ပြယ်ကာ အထဲမှာ စုပ်ယူထိန်းပေးထားတဲ့ သွေးပုပ်များ ကို ဓာတ်ပြောင်းလဲစေပြီး၊ အနီရောင်မှ အစိမ်းရောင်မှိုဖြစ်သွားပါတော့တယ်။

ထိုမှိုများက ယောနိလမ်းကြောင်းမှတဆင့် သားအိမ်လမ်းကြောင်းနဲ့ ဆီးလမ်း
ကြောင်းတလျှောက် ပျံ့နှံ့သွားကာ၊ နောက်ဆုံးမှာတော့ ဆီးအိမ်နဲ့ သားအိမ် တို့ကို ကင်ဆာဖြစ်လာစေပါတယ်။ ဒါ့ကြောင့် pad ကို အတွင်းခံမှာ အကြာ ကြီးမထားဘဲ ၅ နာရီကြာတိုင်း အသစ်လဲပေးပါလို့ Tata
Cancer Hospital က အကြံပြုထားပါတယ်။ 

၎င်း လစဉ်သုံး ပစ္စည်းများသာမက၊ daily use(ခေါ်)နေ့စဉ်သုံး ကပ်ခွာပစ္စည်း တွေကိုလည်း ၅ နာရီကြာသုံးပြီးတိုင်း အသစ်လဲလှယ် ပေးသင့်ပါတယ်တဲ့။
၂၀၁၃ ခုနှစ်၊ Tata Cancer Hospital ရဲ့ မှတ်တမ်းအရ၊ pad တစ်ခုတည်းကို
အချိန်ကြာကြာ သုံးစွဲခဲ့ခြင်းကြောင့် ဖော်ပြပါ ကင်ဆာရောဂါများနဲ့
ကွယ်လွန်သူ အမျိုးသမီးဦးရေမှာ ၂၀၁၃ခုနှစ်၊ စက်တင်ဘာ လလယ်အထိ ၅၆ ဦး ရှိနေပါပြီတဲ့။

ဒါကြောင့် အမျိုးသမီးထု တကိုယ်ရေးသန့်ရှင်း ကျန်းမာရေးအတွက် လွန်စွာ အရေးကြီးလို့ ရှက်စရာလို့ မယူဆဘဲ၊ ဒီသတင်းကို မိမိရဲ့ မိတ်ဆွေ၊ အပေါင်း အသင်းများအား ကျယ်ကျယ်ပြန့်ပြန့် မျှဝေအသိပေးပါလို့ ကင်ဆာဆေးရုံမှ ထပ်လောင်း အကြံပြုထားပါတယ်။

Myanmar News Media

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..