လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Saturday, March 22, 2014

မော်ဒယ်လ်သစ် မာဇဒါပြိုင်ကား စသွင်း

Photo: မော်ဒယ်လ်သစ် မာဇဒါပြိုင်ကား စသွင်း
Saturday, March 22, 2014

ဂျပန်မာဇဒါ (Mazda) အမှတ်တံဆိပ် ၂၀၁၄ ခုနှစ်ထုတ် မော်ဒယ်လ်သစ် MX-5 ပြိုင်ကားကို ပြည်တွင်း၌ မတ်လ ၂၁ ရက်နေ့မှ စတင် ရောင်းချပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံ ကိုယ်စားလှယ် CCAM ကုမ္ပဏီမှ ဈေးကွက်မန်နေဂျာ ဒေါ်သက်စုမွန်က ပြောကြားသည်။

အင်ဂျင်ပါဝါ၂ ဒသမ ၀ L ရှိ MX-5 ကို အမေရိကန်ဒေါ်လာ ရှစ်သောင်းနီးပါးဖြင့် ရောင်းချမည် ဖြစ်ပြီး အာမခံအင်ဂျင် သုံးနှစ်နှင့် ကီလိုမီတာ တစ်သိန်းအထိ ပေးထားကြောင်း ၎င်းက ရှင်းပြသည်။

Mazda အမှတ်တံဆိပ် မော်တော်ယာဉ် များသည် ပြည်တွင်း မော်တော် ယာဉ် ဈေးကွက်တွင် ရောင်းအား ကောင်းသော မော်တော်ယာဉ် တစ်မျိုး ဖြစ်ကြောင်း မင်းရဲကျော်စွာ မော်တော်ယာဉ် ရောင်းဝယ်ရေး စခန်းမှ ယာဉ်ရောင်းဝယ်သူ တစ်ဦးက ပြောဆိုသည်။

CCAM ကုမ္ပဏီသည် ဂျပန်နိုင်ငံ အခြေစိုက် Mazda ကုမ္ပဏီထံမှ ကိုယ်စားလှယ် ယူ၍ ပြည်တွင်းတွင် တင်သွင်း ရောင်းချနေသော ကုမ္ပဏီ တစ်ခုဖြစ်ပြီး ယင်းအမှတ်တံဆိပ် မော်တော်ယာဉ်များကို သီးသန့် ပြုပြင်မည့် အလုပ်ရုံကို အင်းစိန်မြို့နယ် ရွာမကျောင်းလမ်းတွင် တည်ဆောက်နေကာ ဇွန်လအတွင်း စတင် လည်ပတ်နိုင်မည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီ After Sales Serviceဌာန၏ Operation Manager ဦးသီဟစိုးက ပြောကြားသည်။

The Voice Weekly

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..