လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Saturday, March 22, 2014

သင်္ကြန်ကာလအတွင်း ရန်ကုန်တိုင်း ဒေသကြီးရှိ လမ်းမကြီးသုံးလမ်းကို တစ်လမ်းမောင်းစနစ် ကျင့်သုံးမည်

Photo: သင်္ကြန်ကာလအတွင်း ရန်ကုန်တိုင်း ဒေသကြီးရှိ လမ်းမကြီးသုံးလမ်းကို တစ်လမ်းမောင်းစနစ် ကျင့်သုံးမည်
Saturday, March 22, 2014

ဧပြီ သင်္ကြန်ကာလ လေးရက်အတွင်း ရန်ကုန်တိုင်းဒေသကြီးရှိ လမ်းမကြီးသုံးလမ်းကို နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ တစ်လမ်းမောင်းစနစ် ကျင့်သုံးမည်ဖြစ်ကြောင်း အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး လင်းထွဋ်ထံမှ သိရသည်။

ယင်းသို့ သင်္ကြန်ကာလအတွင်း တစ်လမ်းမောင်းစနစ် ကျင့်သုံးမည့် လမ်းမကြီး သုံးလမ်းမှာ ဆရာစံလမ်း (ကမ္ဘာအေးစေတီလမ်းဆုံ (ဟာမစ်တစ်) မှ စက်မှု(၁) လမ်းဆုံအထိ အနောက်မှအရှေ့သို့ တစ်လမ်းသတ်မှတ်သည်)၊ မဟာဗန္ဓုလလမ်း (ပန်းဆိုးတန်းလမ်းမှ ဆူးလေဘုရားလမ်းထိ အရှေ့မှ အနောက်သို့ တစ်လမ်းမောင်း သတ်မှတ်သည်)၊ ကန်တော်ကြီးပတ်လမ်း (ဦးထောင်ဘိုအ၀ိုင်း တိရစ္ဆာန်ဥယျာဉ်ဘက်မှ ကန်ရိပ်သာလမ်းသို့ အ၀င်လမ်းသတ်မှတ်ပြီး ကန်ရိပ်သာ လမ်းအတိုင်း လက်ဝဲရစ်မောင်းနှင်၍ ၎င်းမှ နတ်မောက်လမ်းအတိုင်း ကမ္ဘာအေးစေတီ လမ်းဆုံသို့ အထွက်သတ်မှတ် ထားရှိသည်။ ကန်တော်ကြီး ပတ်လမ်းသို့ ချဉ်းကပ်လမ်းများအားလုံး ညာကွေ့ပြီး လက်ဝဲရစ်သွား ရမည်ဖြစ်သည်။ ကန်တော်ကြီးပတ်လမ်းသို့ ၀င်ရောက်မည့် အထက်ပန်းဆိုးတန်းလမ်းမှ ယာဉ်များသည် ဒေါ်သိန်းတင်မီးပွိုင့်မှ လည်းကောင်း၊ သိမ်ဖြူလမ်းမှယာဉ်များသည် သိမ်ဖြူငါးခွဆုံမှ လည်းကောင်း လမ်းလွှဲအတိုင်း မောင်းနှင်ရမည်ဟု သတ်မှတ်ထားသည်)။

ထို့ကြောင့် ကန်တော်ကြီးပတ်လမ်း တစ်လျှောက်တွင် နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ မော်တော်ယာဉ်များ ရပ်နားခြင်း မပြုရန်နှင့် ယင်းသို့တားမြစ်ထားသော လမ်းများတွင် ရပ်နားထားသော ယာဉ်များကို ယာဉ်စည်းကမ်း ထိန်းသိမ်းရေးကြီးကြပ်မှု ကော်မတီမှ ဦးဆောင်၍ ပူးပေါင်းစစ်ဆေးရေး အထူးအဖွဲ့ လေးဖွဲ့မှ နေ့စဉ်စစ်ဆေး အရေးယူသွားမည် ဖြစ်ကြောင်း သိရသည်။

"သင်္ကြန်ကာလအတွင်း မူးယစ်သောက်စား ရမ်းကားပြီးမောင်းတဲ့ ယာဉ်မောင်းတွေကို အရက်မူးတိုင်းကိရိယာနဲ့ စစ်ဆေးပြီး အရေးယူသွားမယ်။ ပြီးတော့ မီးပွိုင့်တွေ၊ လမ်းမကြီးတွေမှာ ခေတ်မီ CCTV ကင်မရာတွေ တပ်ဆင်ထားတဲ့အတွက် အဲဒီကနေ မှတ်သားဖမ်းဆီးပြီး မည်သူ့ကိုမဆို ထိထိရောက်ရောက် အရေးယူသွားမှာပါ" ဟု  ဒုတိယရဲမှူးကြီး လင်းထွဋ်က မတ် ၂၁ ရက် ညနေပိုင်းက မီဒီယာများသို့ ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး၌ မဟာသင်္ကြန် ကာလအတွင်း ယာဉ်ကြောပိတ်ဆို့မှုများ ရှင်းလင်းရန်နှင့် စည်းကမ်းပျက် မောင်းနှင်သည့် မော်တော်ယာဉ်များကို ဖမ်းဆီးအရေးယူရန် ယာဉ်ထိန်းတပ်ဖွဲ့ဝင် အင်အား ၃၀၀ ကျော် အသုံးပြုမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီးအမှတ် (၂) ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲမှူးရုံးမှ သိရသည်။ ထို့အပြင် ယာဉ်ကြောပိတ်ဆို့မှုကို အမြန်ဆုံး ဖြေရှင်းနိုင်ရန် ရန်ကုန်မြို့အတွင်းရှိ DownTown မြို့နယ်ခြောက်မြို့တွင် ကားဆွဲကရိန်းယာဉ်များ ထားရှိသွားမည် ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် မဟာသင်္ကြန်တွင် ယာဉ်အမှု ဖြစ်စဉ်ပေါင်း ၄၆ မှုဖြစ်ပွားခဲ့ပြီး သေဆုံးသူ လေးဦးနှင့် ထိခိုက်ဒဏ်ရာရသူ ၉၂ ဦးအထိ ရှိခဲ့ကြောင်း သိရသည်။

ယမန်နှစ်က ဆင်နွှဲခဲ့သော သင်္ကြန်မြင်ကွင်း တစ်ခုကို တွေ့ရစဉ်
Eleven Media Group
ဧပြီ သင်္ကြန်ကာလ လေးရက်အတွင်း ရန်ကုန်တိုင်းဒေသကြီးရှိ လမ်းမကြီးသုံးလမ်းကို နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ တစ်လမ်းမောင်းစနစ် ကျင့်သုံးမည်ဖြစ်ကြောင်း အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး လင်းထွဋ်ထံမှ သိရသည်။ယင်းသို့ သင်္ကြန်ကာလအတွင်း တစ်လမ်းမောင်းစနစ် ကျင့်သုံးမည့် လမ်းမကြီး သုံးလမ်းမှာ ဆရာစံလမ်း (ကမ္ဘာအေးစေတီလမ်းဆုံ (ဟာမစ်တစ်) မှ စက်မှု(၁) လမ်းဆုံအထိ အနောက်မှအရှေ့သို့ တစ်လမ်းသတ်မှတ်သည်)၊ မဟာဗန္ဓုလလမ်း (ပန်းဆိုးတန်းလမ်းမှ ဆူးလေဘုရားလမ်းထိ အရှေ့မှ အနောက်သို့ တစ်လမ်းမောင်း သတ်မှတ်သည်)၊ ကန်တော်ကြီးပတ်လမ်း (ဦးထောင်ဘိုအ၀ိုင်း တိရစ္ဆာန်ဥယျာဉ်ဘက်မှ ကန်ရိပ်သာလမ်းသို့ အ၀င်လမ်းသတ်မှတ်ပြီး ကန်ရိပ်သာ လမ်းအတိုင်း လက်ဝဲရစ်မောင်းနှင်၍ ၎င်းမှ နတ်မောက်လမ်းအတိုင်း ကမ္ဘာအေးစေတီ လမ်းဆုံသို့ အထွက်သတ်မှတ် ထားရှိသည်။ ကန်တော်ကြီး ပတ်လမ်းသို့ ချဉ်းကပ်လမ်းများအားလုံး ညာကွေ့ပြီး လက်ဝဲရစ်သွား ရမည်ဖြစ်သည်။ ကန်တော်ကြီးပတ်လမ်းသို့ ၀င်ရောက်မည့် အထက်ပန်းဆိုးတန်းလမ်းမှ ယာဉ်များသည် ဒေါ်သိန်းတင်မီးပွိုင့်မှ လည်းကောင်း၊ သိမ်ဖြူလမ်းမှယာဉ်များသည် သိမ်ဖြူငါးခွဆုံမှ လည်းကောင်း လမ်းလွှဲအတိုင်း မောင်းနှင်ရမည်ဟု သတ်မှတ်ထားသည်)။

ထို့ကြောင့် ကန်တော်ကြီးပတ်လမ်း တစ်လျှောက်တွင် နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ မော်တော်ယာဉ်များ ရပ်နားခြင်း မပြုရန်နှင့် ယင်းသို့တားမြစ်ထားသော လမ်းများတွင် ရပ်နားထားသော ယာဉ်များကို ယာဉ်စည်းကမ်း ထိန်းသိမ်းရေးကြီးကြပ်မှု ကော်မတီမှ ဦးဆောင်၍ ပူးပေါင်းစစ်ဆေးရေး အထူးအဖွဲ့ လေးဖွဲ့မှ နေ့စဉ်စစ်ဆေး အရေးယူသွားမည် ဖြစ်ကြောင်း သိရသည်။

"သင်္ကြန်ကာလအတွင်း မူးယစ်သောက်စား ရမ်းကားပြီးမောင်းတဲ့ ယာဉ်မောင်းတွေကို အရက်မူးတိုင်းကိရိယာနဲ့ စစ်ဆေးပြီး အရေးယူသွားမယ်။ ပြီးတော့ မီးပွိုင့်တွေ၊ လမ်းမကြီးတွေမှာ ခေတ်မီ CCTV ကင်မရာတွေ တပ်ဆင်ထားတဲ့အတွက် အဲဒီကနေ မှတ်သားဖမ်းဆီးပြီး မည်သူ့ကိုမဆို ထိထိရောက်ရောက် အရေးယူသွားမှာပါ" ဟု ဒုတိယရဲမှူးကြီး လင်းထွဋ်က မတ် ၂၁ ရက် ညနေပိုင်းက မီဒီယာများသို့ ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး၌ မဟာသင်္ကြန် ကာလအတွင်း ယာဉ်ကြောပိတ်ဆို့မှုများ ရှင်းလင်းရန်နှင့် စည်းကမ်းပျက် မောင်းနှင်သည့် မော်တော်ယာဉ်များကို ဖမ်းဆီးအရေးယူရန် ယာဉ်ထိန်းတပ်ဖွဲ့ဝင် အင်အား ၃၀၀ ကျော် အသုံးပြုမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီးအမှတ် (၂) ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲမှူးရုံးမှ သိရသည်။ ထို့အပြင် ယာဉ်ကြောပိတ်ဆို့မှုကို အမြန်ဆုံး ဖြေရှင်းနိုင်ရန် ရန်ကုန်မြို့အတွင်းရှိ DownTown မြို့နယ်ခြောက်မြို့တွင် ကားဆွဲကရိန်းယာဉ်များ ထားရှိသွားမည် ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် မဟာသင်္ကြန်တွင် ယာဉ်အမှု ဖြစ်စဉ်ပေါင်း ၄၆ မှုဖြစ်ပွားခဲ့ပြီး သေဆုံးသူ လေးဦးနှင့် ထိခိုက်ဒဏ်ရာရသူ ၉၂ ဦးအထိ ရှိခဲ့ကြောင်း သိရသည်။

ယမန်နှစ်က ဆင်နွှဲခဲ့သော သင်္ကြန်မြင်ကွင်း တစ်ခုကို တွေ့ရစဉ်
Eleven Media Group

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..