လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Tuesday, March 18, 2014

ဆေးလိပ်နှင့်သကြား အန္တရာယ်များမှုသုံးသပ်

အမေရိကန်ပြည်ထောင်စု နှလုံးသုတေသနအဖွဲ့ (HRA) ၏ထုတ်ပြန်ချက်အရ အရွယ်ရောက်ပြီးသူ လူပေါင်း ၁၀၀၀ ကို လေ့လာဆန်းစစ်ရာတွင် ဆေးလိပ်၊ အရက်၊ ဆေးခြောက်များကဲ့သို့ သကြား စားသုံးခြင်းကလည်း ကျန်းမာရေးအတွက် အလားတူ အန္တရာယ် ရှိကြောင်း Yahoo သတင်းတွင် ရေးသားထားသည်။ဆေးလိပ် သောက်သုံးခြင်းကြောင့် ရောဂါဝေဒနာ ဖြစ်မှုသည် ၄၉ ရာခိုင်နှုန်း၊ အရက် သောက်သုံးခြင်းကြောင့် ၂၄ ရာခိုင်နှုန်း၊ ဆေးခြောက် ရှူခြင်းကြောင့် ၈ ရာခိုင်နှုန်း၊ အချိုဓာတ်နှင့် သကြား စားသုံးခြင်းကြောင့် ၁၅ ရာခိုင်နှုန်း ရောဂါဝေဒနာ ဖြစ်ကြရသည် ဆိုသဖြင့် အချိုနှင့် သကြား စားသုံးမှုများကို
သတိထားကြရန် လိုကြောင်း HRA အဖွဲ့က ဆိုသည်။

သကြားဓာတ်ကို လိုသည်ထက်ပိုပြီး စားသုံးခြင်းကြောင့် ကျန်းမာရေး ထိခိုက်မှု ပိုများကြောင်း၊ ဆီးချိုနှင့် အဝလွန် ရောဂါများ ဖြစ်ပွားခြင်းသည် အချိုဓာတ် လွန်ကဲစွာ စားသုံးခြင်းနှင့် ဆက်စပ်နေပြီး ယင်းဝေဒနာများကြောင့် စိတ်ကျရောဂါ၊ ကင်ဆာ၊ နှလုံးရောဂါများပါ နောက်ဆက်တွဲအနေဖြင့် ခံစားလာရဖွယ် ရှိသောကြောင့် အချိုစားသုံးခြင်းကို လျှော့သင့်ကြောင်း Yahoo သတင်းတွင် ဖော်ပြထားသည်။

The Voice Weekly

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..