လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Tuesday, March 18, 2014

မန်ယူဘက်မှ လောင်းကြေးထပ်သူများကို Betfred ပိုက်ဆံပြန်ပေးမည်

Photo: မန်ယူဘက်မှ လောင်းကြေးထပ်သူများကို Betfred ပိုက်ဆံပြန်ပေးမည်
Monday, March 17, 2014

ယခုရာသီတွင် မန်ယူအသင်း ပရီးမီးယားလိဂ် ချန်ပီယံဘွဲ့ ရရှိမည်ဟု လောင်းကြေးထပ်ခဲ့သူများကို လောင်းကစားဒိုင် Betfred မှ ပိုက်ဆံပြန်ပေးမည်ဖြစ်ကြောင်း သိရသည်။ မန်ယူမှာ ယခုရာသီတွင် ပရီးမီးယားလိဂ် ချန်ပီယံဘွဲ့ ကာကွယ်ခွင့် ဆုံးရှုံးခဲ့ရုံသာမက အဆင့်(၄)နေရာမှ မန်စီးတီးထက် နှစ်ပွဲပိုကစားပြီး (၁၂)မှတ် လျော့နည်းကာ အမှတ်ပေးဇယား အဆင့်(၇)နေရာတွင် ရှိနေခြင်းကြောင်း ချန်ပီယံလိဂ်ဝင်ခွင့်ရရန် ရာခိုင်နှုန်းနည်းပါးနေသည်။

သို့သော် Betfred လောင်းကစားဒိုင် ပိုင်ရှင်မှာ မန်ယူပရိသတ်တစ်ဦးဖြစ်ပြီး လီဗာပူးကို ရှုံးနိမ့်ခဲ့သည့်ပွဲစဉ်တွင် အသင်းအပေါ် ပွဲချိန်ပြည့်အားပေးခဲ့ကြသည့် ပရိသတ်များကြောင့် ယခုကဲ့သို့ လောင်းကြေးများ ပြန်ပေးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ Betfred လောင်းကစားဒိုင်တွင် မန်ယူအတွက် လောင်းကြေးထပ်ခဲ့သည့် ပမဏ ပေါင် (၂၀၀၀၀၀)အထိ ရှိကြောင်း သိရသည်။ 

Betfred လောင်းကစားဒိုင်ပိုင်ရှင် ဖရက်ဒ်က “မန်ယူအတွက် လောင်းကြေးထပ်ခဲ့တဲ့ ချလံစာရွက် ပြန်ယူလာရင် သူတို့ရဲ့ လောင်းကြေးတွေ ကျွန်တော် ပြန်ပေးမှာပါ။ လီဗာပူးကို (၃)ဂိုးပြတ် ရှုံးနေပေမယ့် ပွဲချိန်တစ်လျှောက်လုံး သီချင်းဆိုပြီး အသင်းကို အားပေးခဲ့တဲ့ ပရိသတ်တွေရဲ့လုပ်ရပ်က မယုံနိုင်စရာပါပဲ။ ဒီအတွက်ကြောင့် လာင်းကြေးပြန်ပေးဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး ဒိုင်တွေထဲမှာ လောင်းကြေး ပြန်ပေးတဲ့ ပထမဆုံးဒိုင် ဖြစ်လာမယ့်အချက်ကလည်း ဒီလိုလုပ်ရတဲ့ အကြောင်းရင်းတစ်ရပ်ပါ။ မန်ယူ ပရိသတ်တွေအတွက် မန်ယူအသင်းက ဒီထက်ပိုကောင်းတဲ့ စွမ်းဆောင်မှုမျိုး ပေးသင့်ပါတယ်”ဟု ပြောခဲ့သည်။

YoYarLay

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..