ဘော်ဒါကျောင်းနေထိုင်မည့် နှစ်တက်ကျောင်း သား၊ ကျောင်း သူများ တက္ကသိုလ်ဝင်တန်းစာမေး ပွဲ ကျောင်းခေါ်ချိန်ပြည့် မီရန် စာမေးပွဲဖြေဆိုကြေးကျပ်သုံး သိန်းဈေးနှုန်းပေါက်နေကြောင်း ကျောင်းသား မိဘများထံမှ သတင်းရရှိသည်။လာမည့်ပညာသင်နှစ်အတွက် ကျောင်းဝင်ခွင့်များလက်ခံလျက်ရှိရာ
ကိုယ်ပိုင်ကျောင်းလက်မှတ်မရှိ သည့် ဘော်ဒါကျောင်းများတွင် ကျောင်းအပ်နှံသော
တက္ကသိုလ်ဝင်တန်းကျောင်းသားများအနေဖြင့် တက္ကသိုလ်ဝင်စာမေးပွဲ
ဝင်ရောက်ဖြေဆိုနိုင်ရန် ကျပ်သုံးသိန်းပေးသွင်းရခြင်း ဖြစ်သည်။ နှစ်ကျမဟုတ်
သောနှစ်တက်ကျောင်းသားများအနေဖြင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရန်
အစိုးရကျောင်း (သို့ မဟုတ်) ကိုယ်ပိုင်ကျောင်းများတွင်
ကျောင်းခေါ်ချိန်ပြည့်မီရန် သတ်မှတ်ထားရာ ဘော်ဒါကျောင်းများ က အစိုးရကျောင်း
(သို့မဟုတ်) ကိုယ်ပိုင်ကျောင်းတွင် စာရင်းပေးသွင်းရန် ငွေကောက်ခံခြင်း
ဖြစ် သည်။
"အခုလတည်းက စာစသင်နေပြီ။ တစ်လကိုကျပ်နှစ်သိန်းနဲ့ ၁၂ လစာအတွက် ကျပ် ၂၆ သိန်းနဲ့ စာမေးပွဲဖြေရဖို့ ကျပ်သုံးသိန်းဆိုတော့ ၂၉ သိန်းကျမယ်။ တစ်လချင်းစီသွင်းလို့ ရတယ်တဲ့။ စာမေးပွဲ ဖြေဖို့ကိုယ်ပိုင်ကျောင်းတစ်ခုမှာ စာရင်းသွင်းပေးမယ်ပြောတယ်" ဟုရန်ကုန်မြို့တွင် ဘော်ဒါကျောင်း အပ်နှံရန် ပြင်ဆင်နေသော ဆယ်တန်းကျောင်းသား ဖခင်တစ်ဦး ကပြောသည်။
ရန်ကုန်မြို့တွင်သာမက နယ်မြို့များတွင်ပါ နှစ်တက်ကျောင်းသားများ အစိုးရကျောင်းတက်ရောက်လို ခြင်း မရှိသောကြောင့် ငွေကြေးပေးအပ်၍ အမည်စာရင်းပေးသွင်းပြီး တက္ကသိုလ်စာမေးပွဲဝင်ရောက်ဖြေ ဆိုမှုများ ရှိနေသည်။
ငွေကြေးတတ်နိုင်သော မိဘအုပ်ထိန်းသူများသည် အစိုးရကျောင်းတွင် မိမိရင်သွေးကိုပညာသင်ယူစေ လိုခြင်းမရှိသလို ကိုယ်ပိုင်ကျောင်းများတွင်လည်း ကျောင်းသားလက်ခံမှု ပြည့်သွားခြင်းနှင့် ကျောင်းစ ရိတ်ကြီးမားခြင်းတို့ကြောင့် ဘော်ဒါကျောင်းများတွင် စာမေးပွဲဖြေဆိုကြေးပေး၍ အပ်နှံနေကြခြင်း ဖြစ် သည်။
လွန်ခဲ့သည့် နှစ်ကလည်းလှိုင်သာယာမြို့နယ်ရှိ ဘော်ဒါကျောင်းတစ်ခုသည် ကျောင်းအစိုးရစစ်စာမေး ပွဲများတွင် ဝင်ရောက်ဖြေဆိုခွင့်မရရှိခဲ့သောကြောင့် မိဘအုပ်ထိန်းသူများက ပညာရေးဝန်ကြီးဌာနနှင့် ရဲစခန်းသို့ တိုင်ကြားမှုဖြစ်ပေါ်ခဲ့သည်။
7Day Daily

Written by နေလင်းထွန်း
No comments:
Post a Comment