ဗမာ့တပ်မတော်ရဲ့ ဖြစ်တည်လာပုံနဲ့ လွတ်လပ်ရေးကြိုးပမ်းမှု ပုံရိပ်များကို ပုံဖော်ရိုက်ကူးထားတဲ့ ကြယ်စင်မော်ကွန်း ရုပ်ရှင်ဇာတ်ကားကြီးကို ရုံတင်ပြသ ရာ ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုရရှိခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ခဲ့ပါတယ်။ ဒီဇာတ်ကားမှာတော့ လူမင်းက ဘုန်းကြီး ဝတ်ဘဝကနေ မျိုးချစ်စိတ်ကြောင့် ဗမာ့လွတ်လပ်ရေးတပ်မတော် BIA စတင်ဖွဲ့စည်းတာကိုသိရှိခဲ့ပြီး နောက် လူဝတ်လဲခဲ့ပြီး BIA တပ်မတော်ထဲကို ဝင်ရောက်ခဲ့ပါတယ်။ ဒီ့နောက် BIA ဖျက်သိမ်းပြီး BDA ပေါ်လာချိန်မှာပဲ BDA တပ်မတော်မှာ ထပ်မံတာဝန်ထမ်း ဆောင်ခဲ့ပြန်ပါတယ်။
ဒီဇာတ်ကားမှာ ဘုန်းကြီးလူထွက်ပြီး နိုင်ငံအတွက် တာဝန်ထမ်းဆောင်သူတစ်ယောက်အဖြစ် သရုပ်ဆောင်မှုကို ပရိသတ်တွေ ကြိုက်နှစ်သက်ခဲ့တာကြောင့် ရိုက်ကူးခဲ့ပုံနဲ့ပတ်သက်ပြီး လူမင်းကိုမေးကြည့်ရာ
" အဲဒီဇာတ်ကောင်ကာရိုက်တာကိုက ကြိုက်တာ။ ဒါ ဗိုလ်ချုပ်အောင်ဆန်းတို့ လက်ထက်ကလေ။ စစ်ထဲကိုဝင်တယ်ဆိုတာ တိုင်းပြည်အတွက် ဘုန်းကြီး တောင် သင်္ကန်းချွတ်ပြီးတော့ တပ်ထဲကိုလိုက်တာ။ အဲဒီတုန်း က တိုင်းသူပြည်သားတွေရဲ့ စိတ်ဓာတ်က အဲဒီလိုမျိုးပေါ့။ တကယ်ကိုလေးစားလွန်းလို့ အဲဒီနေရာကိုလည်း ကြိုက် လွန်းလို့ ပါဝင်သရုပ်ဆောင်ဖြစ်ခဲ့တာပါ။ ပရိသတ် တွေက အားပေးကြတာ ဝမ်းသာစရာပါပဲ။ ကျေးဇူး တင်ပါတယ်။အကယ်ဒမီမှန်းနေကြတယ်ဆိုတာ ပရိသတ်တွေကလည်း ပြောကြပေမယ့် အကယ်ဒမီ နီးရင်တော့ ကိုလူမင်းတို့ကခေတ်စားတာပဲ။ပွဲကျရင် သာ မရတာလေ။ ကိုယ်တွေ ဖန်တီးတဲ့ အနုပညာကို အားပေးတယ်ဆို ဘာပိုက်ဆံနဲ့မှ ဝယ်ယူလို့ မရတဲ့ ကျေနပ်မှုမျိုးကိုရပါတယ်" လို့ ပြောပြခဲ့ပါ တယ်။
မေမွန်မောင်
Popular Journal
Pages
Labels
- 18+
- Android ဖုန်းနည်ပညာများ
- Android ဖုန်းမြန်မာဖောင့်
- Movie များ
- NLD သတင်းများ
- ကာယဗလသမားများအတွက်
- ကျန်းမာရေး
- ထူးဆန်းထွေလာများ
- နည်းပညာအသစ်သတင်းများ
- ဖုန်းသုံးသူများအတွက်သတင်းကောင်းများ
- ဗဟုသုတ
- မိုးလေ၀သ
- သတင်းကောင်းများ
- ဟာသ
- အစားအသောက်ပြုလုပ်နည်းများ
- အားကစားသတင်းများ
- အနုပညာရှင်များသတင်း
- ဆောင်းပါးများ
- ဗေဒင်
- ပြည်တွင်းသတင်းများ
- ပြည်ပရောက်မြန်မာများသတင်း
- ဖြစ်ရပ်မှန်နှင့်ဟာသ VIDEO
- နိုင်ငံခြားသတင်းများ
Subscribe to:
Post Comments (Atom)

No comments:
Post a Comment