အင်တာနက်ကတဆင့် လူသတ်တယ်လို့ စွပ်စွဲခံရသူ၊ ၁၉နှစ်အရွယ် မိန်းကလေးဟာ လူသတ်မှု ၂၂ခု ပြုလုပ်ခဲ့ကြောင်း ၀န်ခံလိုက်ပြီလို့ သတင်းရရှိပါတယ်။
ဒါဟာ ရူးဖွယ်ဖြစ်ပြီး ကြောက်စရာပါ။ ဖြစ်လည်းဖြစ် နိုင်ပါတယ်။ ၁၉နှစ်အရွယ် မိန်းကလေးတစ်ယောက်ဟာ သူ့ကိုအွန်လိုင်းကတဆင့် လိင်ကိစ္စအတွက်ငှားရမ်းခဲ့သူ လူကြီးကို သတ်ခဲ့တဲ့ အပြင် နောက်ထပ် လူတော်တော်များများကို သတ်ခဲ့တယ်။ သူမပြောပုံက “လူသတ်တာ ၂၂ယောက်ပြည့်တော့ နောက်ထပ် မှတ်မထားတော့ဘူး။” တဲ့။ သူမဟာ အသက် ၁၃နှစ်ကစ စေတန်ဘာသာကို ယုံကြည်သက်ဝင်ခဲ့ပြီး လူတွေ
စသတ်ခဲ့တာဖြစ်ပါတယ်။
သူမအမည်ကတော့ Miranda Barbourပါ။ Pennsylvania ပြည်နယ်အကျဉ်းထောင်မှာ လောလောဆယ် သူမရှိပါတယ်။ Troy LaFerrara ဆိုတဲ့ လူကြီးကို ဓားနဲ့ အချက်၂၀ ထိုးသတ်ခဲ့တဲ့ အမှုအတွက် အမိန့်ချမှုကို စောင့်ဆိုင်းနေပါတယ်။ သူမက ၁၆နှစ်ပဲရှိသေးတယ်ဆိုပြီး စမ်းသပ်လိုက်တော့ အဲ့ဒီ့လူက အလျှော့မပေးဘဲ လိင်အကြမ်းဖက်တဲ့အတွက် သတ်ခဲ့တာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
“မကောင်းမှုတွေ လုပ်ခဲ့ပြီး လူ့လောကမှာ ဆက်နေဖို့မသင့်တော့တဲ့ သူတွေကို သတ်ခဲ့တာပါ။” လို့လည်း သူမက ပြောပါတယ်။
“နောင်တရတာမျိုး မရှိပါဘူး။ ကျွန်မလွတ်လာရင် ဒီအလုပ်တွေထပ်လုပ်ဖြစ်ဦးမှာမို့လို့ ထောင်က လွတ်ချင်စိတ် မရှိတော့ပါဘူး။” လို့ Barbour ကဆက်ပြီးပြောပါတယ်။
Trend Myanmar.
Pages
Labels
- 18+
- Android ဖုန်းနည်ပညာများ
- Android ဖုန်းမြန်မာဖောင့်
- Movie များ
- NLD သတင်းများ
- ကာယဗလသမားများအတွက်
- ကျန်းမာရေး
- ထူးဆန်းထွေလာများ
- နည်းပညာအသစ်သတင်းများ
- ဖုန်းသုံးသူများအတွက်သတင်းကောင်းများ
- ဗဟုသုတ
- မိုးလေ၀သ
- သတင်းကောင်းများ
- ဟာသ
- အစားအသောက်ပြုလုပ်နည်းများ
- အားကစားသတင်းများ
- အနုပညာရှင်များသတင်း
- ဆောင်းပါးများ
- ဗေဒင်
- ပြည်တွင်းသတင်းများ
- ပြည်ပရောက်မြန်မာများသတင်း
- ဖြစ်ရပ်မှန်နှင့်ဟာသ VIDEO
- နိုင်ငံခြားသတင်းများ
Subscribe to:
Post Comments (Atom)

No comments:
Post a Comment