ထိုင်းနိုင်ငံတွင် မြန်မာအကျဉ်းသား သုံးထောင်ကျော်ရှိပြီး ထိုင်းဘုရင့်
မွေးနေ့ဖြစ်သော ဒီဇင်ဘာ ၅ ရက်တွင် မြန်မာအကျဉ်းသားများ
လွတ်ငြိမ်းချမ်းသာခွင့် ရရှိရေးအတွက် မြန်မာသံရုံး အနေဖြင့် ထိုင်းနိုင်ငံ
သက်ဆိုင်ရာ ဌာနများသို့ အကြောင်းကြား မေတ္တာရပ်ခံ ထားရှိကြောင်း ပြည်ထဲရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က ပြောကြားသည်။
ထိုင်းနိုင်ငံတွင် အစဉ်အလာအရ ထိုင်းဘုရင်နှင့် မိဖုရားကြီးတို့၏ မွေးနေ့
(ဒီဇင်ဘာ ၅ ရက်နှင့် သြဂုတ် ၁၂ ရက်) တို့တွင် ထိုင်းလူမျိုးများ အပါအ၀င်
ထိုင်းနိုင်ငံ တစ်ဝန်းရှိ အကျဉ်းထောင်များ၌ ပြစ်ဒဏ်အသီးသီး ကျခံနေရ
သူများကို ပြစ်ဒဏ်လျှော့ပေါ့ ခြင်းများနှင့် လွတ်ငြိမ်းချမ်းသာခွင့်
ပေးခြင်းများ
အခါအားလျော်စွာ ပြုလုပ်ပေးလျက် ရှိသော်လည်း ၂၀၁၃ ခုနှစ်
အောက်တိုဘာ ၉ ရက်အထိ မြန်မာနိုင်ငံသား အကျဉ်းသားများကို ပြန်လည်
လွှတ်ပေးခြင်း မရှိသေးသဖြင့် ယခုလာမည့် ဒီဇင်ဘာ ၅ ရက်တွင် ကျရောက်မည့်
ထိုင်းဘုရင်၏ မွေးနေ့တွင် မြန်မာနိုင်ငံသား အကျဉ်းသားများ
လွတ်ငြိမ်းချမ်းသာခွင့် ရရှိရေးအတွက် ဘန်ကောက်မြို့ရှိ မြန်မာသံရုံး
အနေဖြင့် ထိုင်းနိုင်ငံရှိ သက်ဆိုင်ရာ ဌာနများသို့ အကြောင်းကြား မေတ္တာရပ်ခံ
ထားကြောင်း ဒုဝန်ကြီးဗိုလ်မှူးချုပ် ကျော်ဇံမြင့်က ပြောကြားသည်။
နိုဝင်ဘာ ၁၁ ရက်တွင် ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင်
သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ်မှ ဦးသိန်းညွန့်၏ မြန်မာနိုင်ငံနှင့်
ထိုင်းနိုင်ငံ အကျဉ်းသားများ ကိစ္စနှင့်ပတ်သက်၍ မေးမြန်းရာတွင် ဒုဝန်ကြီးက
ထိုသို့ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
ထို့အပြင်
ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံ အကျဉ်းသားများ လဲလှယ်ရေးကိစ္စ စာချုပ်များ
မည်သည့်အချိန်တွင် လက်မှတ်ရေးထိုးမည့် အစီအစဉ် ရှိပါသနည်း ဟူသော
မေးခွန်းကို ဒုဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က လတ်တလော အခြေအနေတွင်
ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား အကျဉ်းသားများကို လဲလှယ်ရေး
စာချုပ်ချုပ် လက်မှတ်ရေးထိုးရန် အစီအစဉ် မရှိပါကြောင်း ပြန်လည် ဖြေကြားသည်။
Eleven Media Group
Pages
Labels
- 18+
- Android ဖုန်းနည်ပညာများ
- Android ဖုန်းမြန်မာဖောင့်
- Movie များ
- NLD သတင်းများ
- ကာယဗလသမားများအတွက်
- ကျန်းမာရေး
- ထူးဆန်းထွေလာများ
- နည်းပညာအသစ်သတင်းများ
- ဖုန်းသုံးသူများအတွက်သတင်းကောင်းများ
- ဗဟုသုတ
- မိုးလေ၀သ
- သတင်းကောင်းများ
- ဟာသ
- အစားအသောက်ပြုလုပ်နည်းများ
- အားကစားသတင်းများ
- အနုပညာရှင်များသတင်း
- ဆောင်းပါးများ
- ဗေဒင်
- ပြည်တွင်းသတင်းများ
- ပြည်ပရောက်မြန်မာများသတင်း
- ဖြစ်ရပ်မှန်နှင့်ဟာသ VIDEO
- နိုင်ငံခြားသတင်းများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment