လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Tuesday, November 12, 2013

ယခုနှစ်ကုန်အထိ မက်ဆီ ဘောလုံး ပြန်ကစားနိုင်တော့မည်မဟုတ်

Photo: ယခုနှစ်ကုန်အထိ မက်ဆီ ဘောလုံး ပြန်ကစားနိုင်တော့မည်မဟုတ်
Tuesday, November 12, 2013

ဘာစီလိုနာတိုက်စစ်မှူး မက်ဆီမှာ ဘယ်ဘက်ပေါင်ခြံကြွက်သားစုတ်ပြဲသည့်
ဒဏ်ရာကြောင့် သီတင်းပတ်(၆)ပတ်မှ(၈)ပတ်အထိအနားယူ
ရတော့မည်ဖြစ်ကြောင်းသိရသည်။ မက်ဆီသည် အဆိုပါဒဏ်ရာကို ဘက်တစ်နှင့်ပွဲစဉ်တွင် ရရှိခဲ့ခြင်းဖြစ်ပြီး ယင်းအတွက်ကြောင့် ပွဲချိန် (၂၂)မိနစ်တွင် လူစားလဲခဲ့ရပြီး ဘာစီလိုနာ ဆေးအဖွဲ့ဝင် ၎င်းအား ဆေးစစ်ခဲ့ပြီးနောက် ယခုကဲ့သို့ အတည်ပြုခဲ့ခြင်းဖြစ်သည်။

မက်ဆီမှာ ပြီးခဲ့သည့် သြဂုတ်လအတွင်း ယှဉ်ပြိုင်ကစားခဲ့သည့် အက်သလက်တီကိုနှင့်ပွဲစဉ်တွင် ဘယ်ဘက်ပေါင်ဒဏ်ရာ ရရှိခဲ့သည့်အပြင် စက်တင်ဘာလအတွင်း ကစားခဲ့သည့်အယ်မာရီယာနှင့်ပွဲစဉ်တွင်လည်း
ပေါင်ဒဏ်ရာ ထပ်မံခံစားခဲ့ရဖူးကာ ယခုကြုံတွေ့ခဲ့ရသည့် ဒဏ်ရာ ပြဿနာကြောင့် မက်ဆီအနေဖြင့် ၂၀၁၃နှစ်ကုန်အထိ ဘောလုံးပြန် ကစားနိုင်ဖွယ်မရှိကြောင်း သိရသည်။ ယင်းအတွက်ကြောင့် မက်ဆီအနေဖြင့် ၂၀၁၃ခုနှစ်အတွက် ချီးမြှင့်မည့် ဖီဖာတစ်နှစ်တာ အကောင်းဆုံး ဘောလုံးသမားဆုနှင့်လည်း လွဲချော်ရဖွယ်ရှိနေသည်။

http://yoyarlay.com/sport/football/38621-2013-11-11-18-19-07
ဇော်ထွန်း(ရိုးရာလေး)

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..