လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Sunday, November 10, 2013

ဆီးဂိမ်းဖွင့်ပွဲသီချင်း ဖြူဖြူကျော်သိန်း ဆိုမယ်

Photo: ဆီးဂိမ်းဖွင့်ပွဲသီချင်း ဖြူဖြူကျော်သိန်း ဆိုမယ်
Sunday, November 10, 2013

“...နိုင်ငံတော် သီချင်းရဲ့ တီးလုံးနဲ့ Arrangement လုပ်ထားတာ လေးတွေပါသလို ဗိုလ်ချုပ် အောင်ဆန်းရဲ့ မိန့်ခွန်းလည်း ပါတယ်။...သန်းပေါင်း များစွာသော မြန်မာ ပြည်သူလူထု ပရိသတ်တွေ ကြိုက်နှစ်သက် ကြတဲ့ သီချင်းလေးဖြစ်လို့ Sea Games ဖွင့်ပွဲမှာ သီဆိုခွင့်ရတာ...”

၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲ ဖွင့်ပွဲ သီချင်းကို ဖြူဖြူကျော်သိန်း သီဆိုမယ်

မြန်မာနိုင်ငံက အိမ်ရှင်အနေနဲ့ လက်ခံကျင်းပမယ့် ၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲ ဖွင့်ပွဲနေ့မှာ အဆိုတော် ဖြူဖြူကျော်သိန်းက မိုးယံလွင့်ပျံ လက်ခုပ်သံ ဆိုတဲ့ ပရိသတ်ကြိုက် လှုံ့ဆော်ရေး သီချင်း သီဆိုပြီး မြန်မာ ပရိသတ်တွေ ကိုယ်စား မြန်မာ အားကစားတွေကို အားပေး ဂုဏ်ပြုမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံက အိမ်ရှင်အနေနဲ့ လက်ခံ ကျင်းပခွင့် ရပြီး မြန်မာနိုင်ငံ အနှံ့အပြားမှာ ရှိတဲ့ သန်းပေါင်း များစွာသော ပရိသတ်တွေ သောင်းသောင်း ဖြဖြ အားပေးကြမယ့် ၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲ ဖွင့်ပွဲနေ့မှာ သီဆိုခွင့် ရတဲ့အတွက် ဘယ်လိုခံစား ရလဲဆိုတာကိုတော့

“ဖြူဖြူတို့ နိုင်ငံရဲ့ သမိုင်းဝင်ပွဲ တပွဲမှာ သီဆိုခွင့် ရတာဖြစ်တဲ့ အပြင် သန်းပေါင်း များစွာသော မြန်မာပြည်သူ လူထု ကြိုက်နှစ်သက်လို့ ရွေးချယ်ပေးထားတဲ့ သီချင်းကို သီဆိုရမှာ ဖြစ်တဲ့အတွက် ဂုဏ်ယူပါတယ်။ အဲ့ဒီ သီချင်းမှာ နိုင်ငံတော် သီချင်းရဲ့ တီးလုံးနဲ့ Arrangement လုပ်ထားတာ လေးတွေပါသလို ဗိုလ်ချုပ် အောင်ဆန်းရဲ့ မိန့်ခွန်းလည်း ပါတယ်။
အဲဒီသီချင်းကို ဖြူဖြူတို့ရဲ့ စေတနာ ၊ အနုပညာ အစွမ်းအစတွေနဲ့ ပူးပေါင်း ဖန်တီးခဲ့ကြသလို မြန်မာ ပြည်သူလူထု ပရိသတ်တွေလည်း နှစ်သက် အားပေး ရွေးချယ်ခဲ့ကြတယ်။
သန်းပေါင်း များစွာသော မြန်မာ ပြည်သူလူထု ပရိသတ်တွေ ကြိုက်နှစ်သက် ကြတဲ့ သီချင်းလေးဖြစ်လို့ Sea Games ဖွင့်ပွဲမှာ သီဆိုခွင့် ရတာလို့လည်း ဖြူဖြူ ယုံကြည် လက်ခံတယ်”

လို့ ပြောပါတယ်။

အဆိုတော် ဖြူဖြူကျော်သိန်း က ၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲ ဖွင့်ပွဲသီချင်းကို ကျက်သရေရှိစွာ မြန်မာ ဆန်ဆန် ၀တ်စားပြင်ဆင် ထုံးဖွဲ့ပြီး သီဆိုမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံက အိမ်ရှင်အနေနဲ့ လက်ခံကျင်းပမယ့် ၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲဝင် မြန်မာ အားကစားသမားတွေကို မြန်မာပြည်ဖွား မြန်မာ အနုပညာရှင် တယောက်အနေနဲ့ ဘယ်လို အားပေးချင်လဲ မေးတော့

“ဖြူဖြူက အနုပညာရှင် တယောက်ဆိုပေမဲ့ အားကစားသမားတွေ အတွက်တော့ မြန်မာ ပရိသတ် တယောက်လို့ ပြောရမှာပေါ့။ ပရိသတ် တယောက်အနေနဲ့ ပြောရရင် အနိုင်အရှုံးက အဓိက မဟုတ်ပါဘူး။ နိုင်ရင် အတိုင်းထက် အလွန် ၀မ်းသာရမှာ ဖြစ်သလို ရှုံးရင်လည်း အပြစ် မတင်ဘဲ နားလည်ပေးမှာပါ။ အရေးကြီးတာက နိုင်ရင် ရိုးသား ဖြောင့်မတ်စွာ နိုင်ဖို့နဲ့ ရှုံးရင် သိက္ခာရှိစွာ ရှုံးဖို့ လိုတယ်လို့ ဖြူဖြူ ခံယူပါတယ်။ ပြီးတော့ ကျန်းမာရေး ဂရုစိုက်ကြဖို့ ဖြူဖြူ အမြဲတမ်း ဆုတောင်း ချင်ပါတယ်”

လို့ ပြောပါတယ်။

မိုးလေ ကင်းလွတ်တဲ့ ပွင့်လင်းရာသီ ကာလဖြစ်တာမို့ မြန်မာနိုင်ငံ အနှံ့ ဖျော်ဖြေပွဲတွေ သီဆိုဖြစ်နေတဲ့ အဆိုတော် ဖြူဖြူကျော်သိန်းက အနုပညာရှင် သံတမန် တယောက်အနေနဲ့ မော်လမြိုင် ၊ ဘားအံ ၊ ပုသိမ်မြို့တွေမှာ လူကုန်ကူးမှု တိုက်ဖျတ်ရေး အသိပညာပေး ဖျော်ဖြေပွဲတွေလည်း သီဆို ဖြစ်ခဲ့ပါသေးတယ်။

(မှတ်ချက် - နေလွင် ရေးသားတဲ့ ဒီသတင်းကို နိုဝင်ဘာ ၄ ရက်နေ့ထုတ် အလင်းတန်းဂျာနယ်မှာ ဖော်ပြခဲ့ပြီးပါပြီ။ အလင်းတန်းဂျာနယ်ရဲ့ ခွင့်ပြုချက်နဲ့ ဒီဘလော့မှာ ပြန်လည် ဖော်ပြခြင်း ဖြစ်ပါတယ်။)

ဧရာဝတီblog

1 comment:

  1. seagameမှာအားလုံးဟာနိုင်ငံတော်ကဝန်ဆောင်မှုအကုန်ပေးထားတယ်အဓိကပိုင်းမှာတာဝန်ကျလုံခြုံရေးရဲဝန်ထမ်းတွေကိုယ့်စရိတ်နဲ့ကိုယ်ထမင်းကိုဝယ်စားနေတာတွေ့ရတယ် စိတ်မကောင်းစွာနဲ့တင်လိုက်ပါတယယ် သက်ဆိုင်လူကြီးတွေဆောင်ရွက်ပေးစေချင်တယ် / ပြည်သူတဦး မျိုးသူရ

    ReplyDelete

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..