လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Monday, November 11, 2013

တည်ကန်ဘောမှ ဂိုးပေး ခဲ့ရခြင်းကို ဝင်းဂါး စိတ်ပျက်နေ

Photo: တည်ကန်ဘောမှ ဂိုးပေး ခဲ့ရခြင်းကို ဝင်းဂါး စိတ်ပျက်နေ
Monday, November 11, 2013

မန်ချက်စတာ ယူနိုက်တက်နှင့် ပွဲစဉ်တွင် တည်ကန်ဘောမှ ဂိုးပေး လိုက်ရသည့် အခြေအနေ အတွက် စိတ်ပျက်မိကြောင်း အာဆင်နယ် မန်နေဂျာ အာစင်ဝင်းဂါးက ညည်းညူ ပြောဆိုခဲ့သည်။

အိုးလ်ထရက်ဖို့ဒ်တွင် ကစားသော ပွဲစဉ်၌ ပွဲချိန်(၂၇)မိနစ်တွင် ဝိန်းရွန်နီက ကန်တင်ပေးသော ထောင့်ကန်ဘောကို ရော်ဘင် ဗန်ပါစီက ခေါင်းတိုက်ကာ ဂိုးသွင်းခဲ့ခြင်း ဖြစ်သည်။ ယင်းတစ်ဂိုးတည်းက ပွဲရလဒ် အဆုံးအဖြတ် ဖြစ်ခဲ့သည့်နောက် အဆိုပါ အခြေအနေမျိုးဖြင့် ရှုံးပွဲကြုံရသည်ကို လက်ခံရန် ခက်ခဲလွန်းကြောင်း ပြင်သစ်သား မန်နေဂျာကြီးက ဖွင့်ဟခဲ့သည်။ "တည်ကန်ဘောကနေ ပေးလိုက်ရတဲ့ဂိုးကြောင့် ပွဲတစ်ပွဲကို ကျွန်တော်တို့ ရှုံးနိမ့်ခဲ့တယ် ဆိုတာက တော်တော့်ကို ကြမ်းတမ်းတဲ့ အခြေအနေပါ" ဟု ဝင်းဂါးက ဆိုသည်။

၎င်းက "ပွဲကြီးပွဲကောင်း တစ်ခုမှာ တည်ကန်ဘောကနေ ဂိုးပေးလိုက်ရပြီဆိုရင် ကွဲပြားတဲ့ အခြေအနေတွေကို ဖြစ်ပေါ်သွားစေနိုင်ပါတယ်။ ပထမပိုင်းမှာ ကျွန်တော်တို့ ကစားပုံက အမှားအယွင်း များလွန်းခဲ့တယ်။ ဘောလုံးတွေ အလွယ်တကူ ဆုံးရှုံးခဲ့သလို ပြန်လည်း လိုက်မယူနိုင်ခဲ့ဘူး။ ပေးလိုက်ရတဲ့ဂိုးက အဲဒီလို လက်လွတ်သွားတဲ့ အခြေအနေ တစ်ခုကနေ ခွင့်ပြုခဲ့ရတာပါ"ဟု မှတ်ချက်ပြုခဲ့သည်။ ၎င်းက " ဒုတိယပိုင်းမှာ ကျွန်တော်တို့ ပုံမှန်ခြေ ပြန်ရလာတယ်။ အခွင့်အလမ်းတွေ ရခဲ့ပေမယ့် လက်တွေ့ အသုံးမချနိုင်ခဲ့ဘူး။ ပွဲရဲ့ အနှစ်သာရကတော့ စိတ်ပိုင်းဖြတ်မှုနဲ့ သက်ဆိုင်ပါလိမ့်မယ်။ အထူးသဖြင့် ပထမပိုင်းမှာ သိသာခဲ့တယ် ထင်ပါတယ်"ဟုလည်း ပြောကြားသွားသည်။

Soccer Myanmar

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..