လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Friday, August 30, 2013

Uber ကို ဒရိုင်ဘာတို့ တရားစွဲပြီ



Uber အကြောင်းကို အရင်အပတ်က ရေးသားဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။ သူက ဇိမ်ခံကား တက္ကဆီသမား များအတွက် ကြားခံပွဲစားအနေနဲ့ ဝန်ဆောင်မှုပေးတဲ့ မိုဘိုင်း Application တစ်ခုပါ။ ယင်း Application ကို အမေရိကန်နိုင်ငံအပြင် အခြားသော နိုင်ငံကြီးများမှ မြို့ ကြီးများတွင်လည်း အသုံးပြုလျက် ရှိကြောင်း သိရ ပါတယ်။ ယခု ယင်း app ကိုတရားစွဲကြပါပြီ။ ဆန်ဖရန်စစ္စကိုက တက္ကဆီ ဒရိုင်ဘာ ၂ ဦးမှ တရားစွဲခြင်း ဖြစ်ပြီး အခြားသော ဒရိုင်ဘာများပါထောက်ခံမယ့် အနေအထားမှာ ရှိကြောင်း
သိရပါတယ်။ ဖြစ်ပုံက ဒီလိုပါ။ Uber ဟာ ကြားခံဝန်ဆောင်မှုပေးပြီး တက္ကဆီဒရိုင်ဘာရဲ့  အကြိုးခံစားခွင့်ကို ၅၀ ရာခိုင်နှုန်းတောင် ဖြတ်တောက်ယူ လို့ ဖြစ်ပါတယ်။ ယင်းသို့ ယူခြင်းက ဒရိုင်ဘာအတွက် ရလဒ်ငွေကြေး သိသိသာသာ ကျဆင်းစေပြီး အမြတ်နည်း ကြောင်း ဆိုပါတယ်။ ဒါကြောင့် ငွေအဖြတ်အတောက် များတဲ့ Uber ကို ဒရိုင်ဘာတို့က တရားစွဲ ပြီး ငွေကြေးခွဲဝေမှုကို ပြန်လည် ပြင်ဆင်စေမှာ ဖြစ်ပါတယ်။

Uber ဟာ လက်ရှိမှာ အောင်မြင်နေပါတယ်။ Google ကတောင် ရင်းနှီးမြှုပ်နှံငွေကြေး သန်း ၂၅၀ ထပ်မံ ထည့်သွင်းထားပြီး ပိုမိုတိုးတက်အောင်တောင် ဖန်တီးအုံးမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ယင်းတရားစွဲမှုက အောင် မြင်နိုင်ချေ ရှိမရှိက မသေချာကြောင်း သိရပါတယ်။

Ref: autoblog
ColayAutomobile

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..