လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Friday, August 30, 2013

လူမှောင်ခိုကုန်ကူးသူ ၅ဦး သြစီရဲဖမ်းမိ

Photo: လူမှောင်ခိုကုန်ကူးသူ ၅ဦး သြစီရဲဖမ်းမိ
Friday, 30, August, 2013

သြစတြေးလျနိုင်ငံက ပြည်တွင်း ပြည်ပ လူမှောင်ခိုကုန်ကူးမှုတွေမှာ အဓိကပါဝင်တဲ့ သံသယရှိသူ ငါးဦးကို ပြည်ထောင်စုရဲတွေက ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။

အခုလိုဖမ်းဆီးမှုကို သြစတြေးလျ ပြည်ထောင်ရဲ အယောက်ပေါင်း ၁၀၀ ကနေ တနိုင်ငံလုံး အတိုင်းအတာနဲ့ တစ်နှစ်နီးပါး ရှာဖွေမှုလုပ်ပြီး ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ ဖမ်းဆီးခံရတဲ့အမျိုးသား ငါးဦးဟာ အာဖဂန်နစ္စတန်၊ ပါကစ္စတန်နဲ့ အီရန်လူမျိုးတွေ ဖြစ်တယ်လို့သိရပါတယ်။

ဖမ်းဆီးခံရတဲ့သူတွေဟာ သြစတြေးလျနိုင်ငံကို ရောက်လာတဲ့ လှေ ၁၃၂ စီးအတွက် စီစဉ်ဦးဆောင်မှု တွေမှာ ပါဝင်ခဲ့တဲ့သူတွေဖြစ်တယ်လို့ ပြည်ထောင်စုရဲတွေက ဆိုပါတယ်။ သူတို့ကို တရားမ၀င် လူမှောင်ခိုကုန်ကူးမှုနဲ့ တရားစွဲခံထားရပြီး အပြစ်ထင်ရှားတွေ့ရှိခဲ့ရင် ထောင်ဒဏ် ၁၀နှစ် ဒါမှမဟုတ် သြစတြေးလျ ဒေါ်လာ တစ်သိန်းတစ်သောင်း ဒဏ်ငွေပေးဆောင်ရမယ်လို့ ဆိုပါတယ်။

အခုဖမ်းမိခဲ့တဲ့အမျိုးသားငါးဦးဟာ ပြည်တွင်းနဲ့ ပြည်ပ လူမှောင်ခိုကုန်ကူးဆက်သွယ်မှုတွေမှာ ပါဝင်ပတ်သက်နေပြီးတော့ သူတို့တွေကို သြစတြေးလျနိုင်ငံ ဗီတိုးရီးယားပြည်နယ်၊ တောင်သြစတြေးလျ၊ အနောက်သြစတြေးလျနဲ့ နယူးဆောက်သ်ဝေးပြည်နယ်တွေမှာ ဖမ်းမိခဲ့တာဖြစ်တယ်လို့ ရှာဖွေဖမ်းဆီးမှုကို ဦးဆောင်တဲ့ ရဲအရာရှိ Steve Lancaster က မနေ့ကပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

သြစတြေးလျ ပြည်ထောင်စုရဲတွေအနေနဲ့ လူမှောင်ခိုကုန်ကူးသူတွေကို ၂၀၀၉ခုနှစ်ကစပြီးတော့ လိုက်လံ ဖမ်းဆီးမှုပြုလုပ်နေတာဖြစ်ပြီး ဒီတကြိမ်ဖမ်းဆီးမှုနဲ့ဆိုရင် ဖမ်းဆီးရမိတဲ့ လူမှောင်ခိုကုန်ကူးသူ ၂၆ဦး ရှိသွားပြီလို့ ဆိုပါတယ်။

ABC Radio Australia

အဖမ်းခံရတဲ့သူတွေဟာ သြစတြေးလျနိုင်ငံကို ရောက်လာတဲ့ လှေပေါင်း ၁၃၂စီးကို ဦးဆောင် စီစဉ်ခဲ့သူတွေ ဖြစ်ပါတယ်။ (Credit: ABC) 

http://www.myanmaronlinenews.net/2013/08/blog-post_762.html

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..