လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Thursday, August 29, 2013

"အနုပညာ လောကထဲ ခေါ်လာတဲ့ သူကို ပြောပြတဲ့ စန္ဒီမြင့်လွင်"

Photo: "အနုပညာ လောကထဲ ခေါ်လာတဲ့ သူကို ပြောပြတဲ့ စန္ဒီမြင့်လွင်"

မကြာမီက ကွယ်လွန်ခဲ့သော အဆိုတော် မျိုးမြင့်လေးကြောင့် အနုပညာ လောက ကို စတင် ဝင်ရောက် လာခဲ့ခြင်း ဖြစ်ကြောင်း စန္ဒီမြင့်လွင် က ပြောသည်။

”ဒီးဒီကို ပထမဆုံးအနေနဲ့ ပြဇာတ် တစ်ခုမှာ ကဖို့ဆိုပြီး ဦးမျိုးမြင့်လေး ခေါ်လာတာ။ အဲဒီ ကစပြီး အနုပညာ အလုပ် တွေ စလုပ်ဖြစ်သွားတာ။ နောက် ဦးမျိုးမြင့်လေး ရဲ့ ‘နေကာ မျက်မှန်’ အခွေကို ဗီစီဒီ ရိုက်ဖို့ အတွက် မဒါ တို့နဲ့ ချိတ်ဆက်ပြီး ခေါ်ရိုက် တာ။ ဒီးဒီကို ကိုမင်းခေတ် နဲ့ ရိုက်ပေးတာ။ အကုန်လုံး နဲ့ မိတ်ဆက် ပေးတာ။ အခု နောက်ပိုင်း ဂီတ အစည်းအရုံး မှာဆိုလည်း အမြဲတမ်း တွေ့ဖြစ်တယ်။ ဟို တလော တွေ့တုန်းက အကောင်းကြီး ရှိသေးတာ။ တအားလည်း စိတ်မကောင်း ဖြစ်ရ တယ်။ ကိုယ့်ကို ဒီလို အနုပညာ လောကထဲ ကို လက်တွဲ ခေါ်လာခဲ့တဲ့သူလေ” ဟု စန္ဒီမြင့်လွင် က ပြောသည်။

”လူငယ်တွေ စုပြီး ဆီးဂိမ်းပွဲ အတွက် လှုပ်ရှားနေတာ။ ဘန်နီဖြိုး၊ လွှမ်းပိုင် ၊ ဂျောက်ဂျက်၊ ကျော်ထွဋ်ဆွေ၊ Bobby Soxer တို့လည်း ပါတယ်။ အများကြီးပဲ။ သီချင်းက တစ်ယောက် တစ်ပုဒ်စီ ဆိုကြတာ။ ဒီလို လူငယ်တွေ စည်းစည်းလုံးလုံး နဲ့ လုပ်ရမှာ ဆိုတော့ ဝမ်းသာတယ်။ နောက် ဒီသီချင်းကို အကုန်လုံး ချောင်းသာမှာ သွားရိုက် ကြမှာ ဆိုတော့ တအား ပျော်စရာ ကောင်းမှာ။ ဒီလိုမျိုး ဆီးဂိမ်း လှုံ့ဆော်ရေးမှာ ပါဝင်ခွင့် ရတဲ့ အတွက်လည်း ကျေးဇူးတင်ပါတယ်” ဟု ပြောပြခဲ့သည်။

မေမွန်မောင်

1 comment:

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..