စင်ကာပူနိုင်ငံ၊ နန်ယန်းနည်းပညာတက္ကသိုလ်မှာ TUM CREATE group ရဲ့အဖွဲ့ဝင်တွေ စမ်းသပ်ပြသသွားတာ ဖြစ်ပါတယ်။
ဒီလျှပ်စစ်စွမ်းအင်သုံး ဆိုင်ကယ်အနေနဲ့ ကားကဲ့သို့ ခရီးသည်တွေကို သက်သောင့်သက်သာ နဲ့ ဘေးကင်းစွာ လိုရာကို ပို့ပေးနိုင်ပါသေးတယ်လို့ ဆိုပါတယ်။
ပုံမှာပါတဲ့အတိုင်းဆိုရင်ဖြင့် ခရီးသည် (၁)ဦးသာ လိုက်ပါနိုင်မှာ ဖြစ်ပါ တယ်။ နောက်ပြီး ဆိုင်ကယ်အမျိုးအစား ဖြစ်တာရော၊ လျှပ်စစ်ဓာတ် အားကို အသုံးပြုရခြင်းအတွက်ကြောင့် အနီးအနား ခရီးတို အတွက်သာ အဆင်ပြေလိမ့်မယ်လို့ ထင်ပါတယ်။
TUM CREATE ဆိုတာကတော့ ဂျာမန် နည်းပညာတက္ကသိုလ် (TUM, Technische Universitat Munchen)နဲ့ နန်ယန်း တက္ကသိုလ် တို့ ပူးပေါင်းလုပ်ဆောင်တဲ့ အစီအစဉ်ပဲ ဖြစ်ပါတယ်။
ယင်းအဖွဲ့ဝင်များအနေနဲ့ Automobile အင်ဂျင်သုံး (ပုံစံငယ်) Prototype VOI Scooter လိုမျိုး နောက်ထပ် ရှာဖွေစမ်းသပ်မှုတွေ ဆက်လက် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
VOI Multi Purpose Scooter ရဲ့ စက်ပိုင်းဆိုင်ရာ အချက်အလက်တွေ ကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
Dimensions: 2340 x 710 x 1320 mm
Range: 80 km
Max Speed: 45 km/h
Seating Capacity: 1 Driver + 1 Passenger
Energy Storage: Li-Ion 48 V, 3 kWh
-------
by AkaRy
No comments:
Post a Comment