ကာဆီးလက်စ်ကို အရန်ခုံ ပို့ခဲ့သည့်ကိစ္စနှင့် ပတ်သက်၍ အပြန်အလှန် ဝေဖန်မှုများရှိခဲ့ပြီး ဘာစီလိုနာမှာ မက်ဆီမပါဝင်နိုင်ပါက အလွန်ခြားနားသွားသော အသင်းဖြစ်ပြီး ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်က အဆိုပါ အဖြစ်အပျက်ကို သက်သေခံနေသည်ဟု မော်ရင်ဟိုက ဆိုခဲ့ဖူးသည်။
မော်ရင်ဟိုနှင့် ပတ်သက်၍ အင်နီယက်စတာက“အချက်အလက်တွေကို ကြည့်လိုက်ရုံပါပဲ။ ယေဘူယျအားဖြင့်တော့ အကောင်းထက် အဆိုးပိုများခဲ့လို့ သူဟာ စပိန်ဘောလုံးလောကကို ဖျက်ဆီးခဲ့သူပါပဲ။ ဒါပေမဲ့ ကျွန်တော်အနေနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စတွေ ပြောရတာကို မကြိုက်ပါဘူး။ ပြဿနာမရှိဘူးဆိုရင်တော့ ဒါကို ဒီအတိုင်း ထားလိုက်ရုံပါပဲ”ဟု ပြောခဲ့သည်။အင်နီယက်စတာအပြင် ဘာစီလိုနာ ကစားသမားများဖြစ်သည့် ဇာဗီ၊ ပီကေးတို့မှာလည်း မော်ရင်ဟိုကို ဝေဖန်ခဲ့ဖူးပြီး ကာဆီးလက်စ်ကိုယ်တိုင်ကလည်း ရီးရဲလ်တွင် အရန်ခုံပို့ခဲ့ရချိန်၌ အင်မတန်ခံစားခဲ့ရကြောင်း ၀န်ခံထားခဲ့သည်။
ရိုးရာလေး
No comments:
Post a Comment