လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Friday, June 14, 2013

အလက်စကာမှာ ပီဇာကို လေယာဉ်နဲ့ပို့သတဲ့

Photo: အလက်စကာမှာ ပီဇာကို လေယာဉ်နဲ့ပို့သတဲ့

အမေရိကန်ပြည်ထောင်စု၊ အလက်စကာပြည်နယ်က ပီဇာကုမ္မဏီတစ်ခုပါ။ အော်ဒါမှာတဲ့ စားသုံးသူတွေထံကို လေယာဉ်ပျံနဲ့တကယ် အရောက်ပို့ပေး ပါတယ်။ 

Airport Pizza အမည်ရ ကုမ္မဏီမှ ဖြစ်ပါတယ်။ မိုင် ၂၀၀ အထက်ခရီးဝေးတဲ့ နေရာတိုင်းကို လေယာဉ်ပျံနဲ့ အရောက်ပို့ပါတယ်။ လေယာဉ်ဆင်းသက်လို့မရတဲ့ နေရာတွေကျ အနီးဆုံး လေဆိပ်မှာ ဆင်းပြီး သုံးဘီးဆိုင်ကယ်နဲ့ဆက်လက် ခရီးထွက်ပါတယ်။ 

တစ်နှစ်တာ ကာလ စလုံးအတွက် သက်မှတ်ထားတဲ့ ပီဇာ တစ်ခု ဈေးနှုန်းက အမေရိကန်ဒေါ်လာ ၃၀ ပါ။ ဘယ်တော့မှ မပြောင်းပါဘူး။ လေယာဉ်စရိတ် ကာမိအောင် ဖြစ်ပါတယ်။ တစ်ရက်ကို ပျမ်းမျှအားဖြင့် ၁၀ ခုပို့ရပါတယ်။ သို့ပေမယ့် လေယာဉ်စရိတ် ပြန်ကာမိစရာ အကြောင်း မရှိသေးပါဘူး။ 

လေယာဉ်စရိတ်ကာမိအောင် Frontier Flying Service အမည်ရ ကုမ္မဏီနဲ့ထပ်မံ ပူးပေါင်း ပါတယ်။ ယင်းသို့ပူးပေါင်းမှုကြောင့် ပီဇာပို့ခြင်းအပြင် ရောက်လေရာ လေဆိပ်ကနေ ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ပေးသည့် ဝန်ဆောင်မှုလည် ပူးတွဲ လုပ်ကိုင်ကြောင်း သိရပါတယ်။

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..