ဆား (SARS) ရောဂါနဲ့ ဆင်တူတဲ့ ဗိုင်းရပ်စ်ရောဂါပိုးအသစ်ဟာ တကမ္ဘာလုံးကို ခြိမ်းခြောက်နေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ဦးဆောင်ညွှန်ကြားရေးမှူးမာဂရက်ချန်းက ပြောဆိုလိုက်ပါတယ်။
နိုဗယ်ကော်ရိုနာဗိုင်းရပ် ဟာ နိုင်ငံတနိုင်ငံထဲက ဘယ်လိုမှရင်ဆိုင်လို့ မရတဲ့ ပြဿနာဖြစ်တယ်လို့ က တနင်္လာနေ့ ဂျနီဗာအစည်းအဝေးမှာ ပြောဆိုပါတယ်။ တကမ္ဘာလုံးက ဒီပြဿနာကို စုပေါင်းဖြေရှင်းဖိုလိုအပ်တယ်လို့ ဆိုပါတယ်။ ဒီဗိုင်းရပ်နဲ့ ပတ်သက်ပြီး သိရှိထားတာ နဲပါးလွန်းနေကြောင်း၊ ဘယ်နေရာမှာ ဘယ်လိုပုံစံမျိုးနဲ့ ခိုအောင်းနေတယ်ဆိုတဲ့ သဘာဝမျိုးကို မသိရသေးသလို လူတွေကို ဘယ်လိုနည်းနဲ့ ကူးစက်နိုင်တယ်ဆိုတာကိုလည်း မသိရဘူးလို့ သူက ပြောပါတယ်။
အခုအချိန်အထိ ဒီရောဂါကူးစက်ခံရသူ ၄၄ ယောက်ရှိပြီး အများစုက အရှေ့အလယ်ပိုင်းမှာဖြစ်ပါတယ်။ ရောဂါကူးစက်ခံရသူ ထက်ဝက်လောက်
သေဆုံးသွားခဲ့ပါတယ်။ အခုဒီရောဂါကို WHO က နာမယ်အသစ်ပေးထား ရာမှာ MERS-CoV (Middle East respiratory symptom coronavirus)
ဖြစ်ပါတယ်။
၂၃ ယောက်မြောက်သေဆုံးသူဟာ ပြင်သစ်ဆေးရုံမှာဖြစ်ပြီး ဒီရောဂါဖြစ်ပွားကြောင်းတွေ့ရပါတယ်။ သူဟာ အာရပ်ကျွန်းဆွယ်ကို သွားရောက်လည်ပတ်စဉ်မှာ ရောဂါကူးစက်ခဲ့တာပါ။ သူ့ရဲ့ အတွင်းအင်္ဂါတွေ အလုပ်မလုပ်တော့ဘဲ သေဆုံးသွားခဲ့တယ်လို့ ပြင်သစ်အာဏာပိုင်တွေက ပြောပါတယ်။
ဆေးရုံတင်ထားတဲ့ MERS-CoV ဗိုင်းရပ်ရှိသူနဲ့ အခန်းတူနေတဲ့ လူနာကိုလည်း ဒီရောဂါကူးစက်ခဲ့တယ်လို့ သိရပါတယ်။ ဒီလဆန်းပိုင်းက WHO ရဲ့ဝန်ထမ်း၂ ဦး ဆော်ဒီအာရေဗျမှာ လူနာတွေကို ကုသပေးနေစဉ်
ရောဂါကူးစက်ခံခဲ့ရပါတယ်။
MERS-CoV ရောဂါလက္ခဏာကို သာမန်အအေးမိတဲ့ ပုံစံတွေ့ရပြီး
ရောဂါပိုးက အသက်ရှူလမ်းကြောင်းကို စတင်တိုက်ခိုက်တယ် လို့ ရောဂါကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးဗဟိုဌာနက ပြောပါတယ်။ ဒါပေမဲ့ ရောဂါလက္ခဏာဟာ ချောင်းဆိုးတာနဲ့ အဖျား ပါလာပြီး ပြင်းထန် လာတဲ့အချိန်မှာ အဆုတ်ရောင် နမိုးနီးယား ဖြစ်စေပြီး
ကျောက်ကပ်ရဲ့လုပ်ငန်းတွေ ရပ်တန့်စေတယ်လို့ ပြောပါတယ်။
အခုအချိန်အထိ ဒီဗိုင်းရပ်ပိုးကူးစက်ခံရသူတွေနဲ့ ပတ်သက်လို့ ဘယ်လောက်များများရှိနေပြီလည်း ဆိုတာကိုလည်း မသိရသေးဘဲ လက်ရှိကူးစက်ခံရကြောင်း အတည်ပြုနိုင်တဲ့နိုင်ငံတွေကတော့ ၈ နိုင်ငံပဲရှိပြီး အဲဒီထဲမှာ ပြင်သစ်၊ ဆော်ဒီအာရေဗျ၊ ဂျာမဏီ၊ ဗြိတိန်တို့လည်း ပါဝင်ပါတယ်။
လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က တရုတ်နိုင်ငံကစတင်ပြန့်ပွားခဲ့တဲ့ ဆားရောဂါကြောင့် လူ ၈ ရာသေဆုံးခဲ့ရပါတယ်။
ဒီလို ဗိုင်းရပ်ကြောင့် အဆိုးဝါးဆုံးကူးစက်ဖြစ်ပွားခဲ့တာကတော့ ၁၉၁၈ ခုနှစ်ကဖြစ်ပြီး လူပေါင်း သန်း ၅၀၀ ကိုကူးစက်ခဲ့ပြီး အဲဒီထဲက သန်း ၅၀ ကျော် သေဆုံးခဲ့ရပါတယ်။
No comments:
Post a Comment