အမေရိကန်မှာ
ထုတ်လုပ်နေတဲ့ Fisker ဟာလည်း Celebrity ကြိုက်ကားပါပဲ။ ကနေဒါသွေးစပ်တဲ့
ကားလို့ဆိုရမလားပဲ။ ကုမ္ပဏီက ကနေဒါမှာ စဖြစ်တည်ပြီး အမေရိကန်မှာ
ကြီးပွားနေခြင်း ဖြစ်ပါတယ်။
အမေရိကန်အစိုးရထောက်ပံ့မှုရလည်း ကားကုမ္မဏီ လည်း ဖြစ်ပါတယ်။ ဒီတော့ ကနေဒါဖွား အဆိုတော် ဂျက်စတင်ဘီဘာကလည်း ပြည်တွင်းဖြစ် အားပေးတယ်လို့ ဆိုရမလားပဲ။ မွေးနေ့လက်ဆောင်ရဖူးတဲ့ Fisker Karma ကို ၁ နှစ်ကြာလည်း စီးနေဆဲ ဖြစ်ပါတယ်။ အခြားသော ပြိုင်ကား အသစ်များလည်း ဝယ်ပါတယ်။
ယခု နောက်ထပ် Fisker ကြိုက်သူ တစ်ယောက်ကတော့ Ice-T ပါ။ အသက် ၅၅ နှစ်ရှိပြီဖြစ်တဲ့ အမေရိကန် Rapper အဆိုတော်၊ သရုပ်ဆောင် တစ်ဦး ဖြစ်ပါတယ်။ လျှပ်စစ်ပြိုင် ကား Fisker ကို မကြာသေးသမှီကမှ ဝယ်ယူပြီး Instagram ပေါ် တက်ကြွားခဲ့ပါတယ်။ ကာလတန်ဖိုးအား ဖြင့် အမေရိကန်ဒေါ်လာ ၃ သိန်းဝန်းကျင် ပေါက်ဈေးရှိတဲ့ ၂၀၁၃ မော်ဒယ် Fisker လျှပ်စစ်ပြိုင်ကား အသစ်ဆက်ဆက် ဖြစ်ကြောင်း သိရပါတယ်။
--
Ref: ColayOnline:Automobile

No comments:
Post a Comment