လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Thursday, May 23, 2013

ကုလသမဂ္ဂ ဗုဒ္ဓနေ့၏ ဆောင်ပုဒ် ဆွေးနွေး ချက်များသည် ဗုဒ္ဓ ဘာသာဝင် မိသားစုများ သာမက တစ်ကမ္ဘာ လုံးကို အကျိုးဖြစ်ထွန်း စေမည်

Photo: ကုလသမဂ္ဂ ဗုဒ္ဓနေ့၏ ဆောင်ပုဒ် ဆွေးနွေး ချက်များသည် ဗုဒ္ဓ ဘာသာဝင် မိသားစုများ သာမက တစ်ကမ္ဘာ လုံးကို အကျိုးဖြစ်ထွန်း စေမည်

ကုလသမဂ္ဂ ဗုဒ္ဓနေ့၏ ဆောင်ပုဒ် ဆွေးနွေးချက် များသည် ဗုဒ္ဓဘာသာဝင် မိသားစုများ သာမက တစ်ကမ္ဘာ လုံးကို အကျိုးဖြစ်ထွန်း စေမည်ဟု ယုံကြည်

ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ရောက်ရှိနေသော ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည် ယနေ့ နံနက်ပိုင်းတွင် ကုလသမဂ္ဂ အဖွဲ့ရုံး၌ ကျင်းပသည့် (၁ဝ) ကြိမ် မြောက် ကုလသမဂ္ဂ ဗုဒ္ဓနေ့ (ကဆုန် လပြည့်နေ့) အထိမ်းအမှတ် အခမ်းအနား ဒုတိယနေ့သို့ တက်ရောက် ကြည်ညိုသည်။

ရှေးဦးစွာ ဆရာတော်၊ သံဃာတော် များသည် ကမ္ဘာ့ ငြိမ်းချမ်းရေး အတွက် စုပေါင်း၍ ဆုတောင်းကြသည်။

ထို့နောက် မဟာချုလာ လောင်ကွန် တက္ကသိုလ်မှ ပါမောက္ခချုပ် ဆရာတော် Dr. Phra Brahmapundit က အဖွင့် အမှာစကား ပြောကြားသည်။

ယင်းနောက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း၏ ကိုယ်စား အာရှနှင့် ပစိဖိတ် စီးပွားရေးနှင့် လူမှုရေး ကော်မရှင် (UNESCAP) အမှုဆောင် အတွင်းရေးမှူး Dr. Noeleen Heyzer က မိန့်ခွန်းပြောကြား သည်။

ယူနက်စကို ညွှန်ကြားရေး မှူးချုပ်၏ သဝဏ်လွှာကို ထိုင်းနိုင်ငံ အခြေစိုက် ဒေသဆိုင်ရာ ယူနက်စကို ဒုတိယ ညွှန်ကြားရေးမှူးက ဖတ်ကြားသည်။

ထို့နောက် ထိုင်းနိုင်ငံ ဝန်ကြီးချုပ်၏ ကိုယ်စား ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ရုံး ဝန်ကြီးက မိန့်ခွန်း ပြောကြားသည်။

ယင်းနောက် ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက မိန့်ခွန်း ပြောကြားရာတွင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရကိုယ်စား (၁ဝ) ကြိမ်မြောက် ကုလသမဂ္ဂ ဗုဒ္ဓနေ့ အထိမ်းအမှတ် အခမ်းအနားသို့  တက်ရောက် မိန့်ခွန်းပြောကြားခွင့် ရသည့်အတွက်

Read More >> http://bit.ly/16RERhf

ကုလသမဂ္ဂ ဗုဒ္ဓနေ့၏ ဆောင်ပုဒ် ဆွေးနွေးချက် များသည် ဗုဒ္ဓဘာသာဝင် မိသားစုများ သာမက တစ်ကမ္ဘာ လုံးကို အကျိုးဖြစ်ထွန်း စေမည်ဟု ယုံကြည
ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ရောက်ရှိနေသော ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည် ယနေ့ နံနက်ပိုင်းတွင် ကုလသမဂ္ဂ အဖွဲ့ရုံး၌ ကျင်းပသည့် (၁ဝ) ကြိမ် မြောက် ကုလသမဂ္ဂ ဗုဒ္ဓနေ့ (ကဆုန် လပြည့်နေ့) အထိမ်းအမှတ် အခမ်းအနား ဒုတိယနေ့သို့ တက်ရောက် ကြည်ညိုသည်။
ရှေးဦးစွာ ဆရာတော်၊ သံဃာတော် များသည် ကမ္ဘာ့ ငြိမ်းချမ်းရေး အတွက် စုပေါင်း၍ ဆုတောင်းကြသည်။

ထို့နောက် မဟာချုလာ လောင်ကွန် တက္ကသိုလ်မှ ပါမောက္ခချုပ် ဆရာတော် Dr. Phra Brahmapundit က အဖွင့် အမှာစကား ပြောကြားသည်။

ယင်းနောက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း၏ ကိုယ်စား အာရှနှင့် ပစိဖိတ် စီးပွားရေးနှင့် လူမှုရေး ကော်မရှင် (UNESCAP) အမှုဆောင် အတွင်းရေးမှူး Dr. Noeleen Heyzer က မိန့်ခွန်းပြောကြား သည်။

ယူနက်စကို ညွှန်ကြားရေး မှူးချုပ်၏ သဝဏ်လွှာကို ထိုင်းနိုင်ငံ အခြေစိုက် ဒေသဆိုင်ရာ ယူနက်စကို ဒုတိယ ညွှန်ကြားရေးမှူးက ဖတ်ကြားသည်။

ထို့နောက် ထိုင်းနိုင်ငံ ဝန်ကြီးချုပ်၏ ကိုယ်စား ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ရုံး ဝန်ကြီးက မိန့်ခွန်း ပြောကြားသည်။

ယင်းနောက် ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက မိန့်ခွန်း ပြောကြားရာတွင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရကိုယ်စား (၁ဝ) ကြိမ်မြောက် ကုလသမဂ္ဂ ဗုဒ္ဓနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက် မိန့်ခွန်းပြောကြားခွင့် ရသည့်အတွက်

ဝမ်းမြောက်ဂုဏ်ယူ ရပါကြောင်းနှင့် ကြည်ညိုစိတ် များစွာ ဖြစ်ရ ပါကြောင်း၊ ဤနေ့ထူးနေ့မြတ်သည် မြန်မာတို့အတွက် သာမက ကမ္ဘာတစ်ဝန်းမှ ဗုဒ္ဓဘာသာ ဝင်များ အတွက် အရေးကြီးသော မွန်မြတ်သည့် နေ့ရက်တစ်ရက် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ အစိုးရနှင့် ဗုဒ္ဓ ဘာသာဝင် မြန်မာပြည်သူများကလည်း ယခု အခမ်းအနားသို့ တက်ရောက် လာကြသော ဆရာတော်၊ သံဃာတော် အရှင်သူ မြတ်များနှင့် ပုဂ္ဂိုလ် များအားလုံး ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာ စေရန်ဆုမွန်ကောင်း တောင်းလိုက်ပါကြောင်း၊ ၁၉၉၉ခုနှစ် ဒီဇင်ဘာ ၁၅ရက်တွင် ကျင်းပခဲ့သော (၅၄) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံက ချမှတ်ခဲ့သည့်အတိုင်း လွန်ခဲ့သော ၁၄နှစ်မှ စတင်၍ ဗုဒ္ဓနေ့ကို ကုလသမဂ္ဂနှင့် လက်အောက်ခံ အဖွဲ့အစည်း များက အသိအမှတ်ပြု ဦးဆောင် ကျင်းပလာခဲ့ရာ ထိုအချိန်မှစ၍ ဗုဒ္ဓနေ့ကို နိုင်ငံ တကာက ပိုမိုနားလည် သိရှိလာကြပြီး ထေရဝါဒ၊ မဟာယာနနှင့် ဝိဇယယနတို့ကို ကိုးကွယ် ယုံ ကြည်သူများ အနေဖြင့် ငြိမ်းချမ်းမှု၊ သည်းခံမှုနှင့် အတ္တကို ကျော်လွှားခြင်းစသည့် ဗုဒ္ဓ၏ အဆုံးအမများကို ရင်ဝယ်ပိုက် ထားလာ နိုင်ခဲ့ကြ ပါကြောင်း၊ မိမိအနေဖြင့် ကုလသမဂ္ဂ ဗုဒ္ဓနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပထမဦးဆုံး အကြိမ် တက်ရောက်ခြင်း ဖြစ်ပါကြောင်း၊ သို့ရာတွင် လွန်ခဲ့သော ၁ဝ နှစ်တာ ကာလအတွင်း ဗုဒ္ဓနေ့ နှင့်တကွ  နိုင်ငံတကာ ညီလာခံများကို ယခုကဲ့သို့ ကမ္ဘာ့အဆင့် ကျင်းပခဲ့ကြသည့် အတွက် နိုင်ငံတကာရှိ ဗုဒ္ဓဘာ သာဝင် မိသားစုများ၊ ထိုင်းနိုင်ငံ အစိုးရနှင့် တကွ သံဃာတော်များအား အထူးကျေးဇူး တင်ရှိပါကြောင်း၊ ယခုနှစ် ကုလသမဂ္ဂ ဗုဒ္ဓနေ့ အခမ်းအနား၏ ဆောင်ပုဒ်ဖြစ်သည့် ''ပညာရေးနှင့် ကမ္ဘာ့မိသားစု အပေါ် ဗုဒ္ဓ လမ်းစဉ်မှ ရှုမြင်ချက်'' (Education and Global Citizenship: A Buddhist Perspective) ဆိုသည်မှာ အလွန် ဆီလျော်ပါကြောင်း၊ ယင်းဆောင်ပုဒ်သည် ဗုဒ္ဓကို အောက်မေ့သည့် အထိမ်းအမှတ် နေ့ထူး နေ့မြတ်များ ကျင်းပသည့် အခါတိုင်း ဗုဒ္ဓဘာသာဝင် အားလုံးက နှလုံးသွင်း အာရုံပြုထားသင့် သည့် ဆောင်ပုဒ်လည်း ဖြစ်ပါကြောင်း၊ လူသား အားလုံးသည် တစ်ခုတည်းသော ကမ္ဘာသူ၊ ကမ္ဘာသား မိသားစု အမြင်များ ရှိလာကြရန် အမှန်တကယ် လိုအပ်ပါကြောင်း၊ ဗုဒ္ဓ၏ အဆုံးအမများမှာ အတ္တကို ပယ်ဖျောက်ရန် သွန်သင်ဆုံးမ ထား ပါကြောင်း၊ မိမိတို့နှင့် အတူ အမြဲရှိနေသော ဒုက္ခကိုလည်း ရှုမြင်ရမည် ဖြစ်ပါကြောင်း၊ အသေအချာ ဆန်းစစ် ကြည့်လျှင် ဗုဒ္ဓ၏ အဆုံးအမများသည် အသားအရောင်၊ ကျား၊ မ၊ ယုံကြည်မှုနှင့် လူမှုရေး အဆင့်အတန်း မရွေးကမ္ဘာ့လူသား အားလုံးအပေါ် တူညီစွာ လွှမ်းခြုံထားသည့် မေတ္တာတရား များပင် ဖြစ်ပါကြောင်း၊ မြန်မာတို့သည် ဗုဒ္ဓနေ့ ကို နှစ်စဉ် မေလတွင် ကျရောက်သည့် မြန်မာတို့၏ ဒုတိယမြောက်လဖြစ်သော ကဆုန် လပြည့်နေ့တွင် ကျင်းပ လေ့ရှိပါကြောင်း၊ ယင်းလပြည့်နေ့သည် မြန်မာပြည်သူ ပြည်သားများ ဝိပဿနာ ရိပ်သာများနှင့် ဘုရားကျောင်း ကန် များသို့သွားရောက်၍ တရားထိုင်ခြင်း၊ ဓမ္မကို နှလုံးသွင်းခြင်းနှင့် အလှူဒါန ပြုလုပ်ခြင်းတို့ဖြင့် ဗုဒ္ဓ၏ အဆုံးအမတို့ကို လိုက်နာဆောင်ရွက် ကြပါကြောင်း၊ ဗုဒ္ဓသည် ဗောဓိညောင်ပင် ရိပ်တွင် သဗ္ဗညုတ ဥာဏ်တော်ကို ရရှိ၍ ဘုရားရှင်အဖြစ်သို့ ရောက်တော်မူ ခဲ့သည်ကို အကြောင်းပြုပြီး ကဆုန်လပြည့် နေ့တွင် မြန်မာတို့သည် ညောင်ရေ သွန်း လောင်းလေ့ ရှိကြ ပါကြောင်း၊  ယခုနှစ် ကုလသမဂ္ဂ ဗုဒ္ဓနေ့၏ ဆောင်ပုဒ်အပေါ် ဆွေးနွေးချက်များသည် ဗုဒ္ဓဘာသာဝင် မိသားစုများကို သာမက တစ်ကမ္ဘာလုံးကို အကျိုးဖြစ်ထွန်း စေမည်ဟု ယုံကြည် ပါကြောင်းဖြင့် ပြောကြားသည်။
ဆက်လက်၍ စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး ဒုတိယ သမ္မတအား မဟာချုလာ လောင်ကွန်  တက္ကသိုလ်မှ ပါမောက္ခချုပ် ဆရာတော်က ဗုဒ္ဓဆင်းတုတော်ကို လက်ဆောင် အဖြစ် ပေးအပ် သည်။
ထို့နောက် အခမ်းအနား အစီအစဉ် အတိုင်း ဆက်လက် ကျင်းပသည်။
ယင်းနောက် ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနှင့် အဖွဲ့သည် သုဝဏ္ဏဘူမိ လေဆိပ်မှ အပြည်ပြည် ဆိုင်ရာ မြန်မာလေကြောင်း ခရီးစဉ်ဖြင့် ထွက်ခွာလာရာ ည ၈ နာရီတွင် ရန်ကုန်မြို့ သို့ ပြန်လည် ရောက်ရှိကြသည်။ ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနှင့် အဖွဲ့အား ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝန်ကြီးများနှင့် သံရုံးမှ တာဝန် ရှိသူများက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆို နှုတ်ဆက်ကြသည်။
MWD

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..