ဆီးချို ရောဂါကြောင့် သေဆုံးသူ ၁၃၃ဝဝဝ ၊ နှလုံး ရောဂါကြောင့် သေဆုံးသူ ၄၄ဝဝဝ နှင့် ကင်ဆာ ရောဂါကြောင့် သေဆုံးသူ ၆ဝဝဝ တို့မှာ အချိုရည်များ သောက်သုံးမှုနှင့် ဆက်စပ် နေသည်။ သေဆုံးသူ ၇၈ ရာခိုင်နှုန်းသည် ချမ်းသာသော နိုင်ငံ များထက် ဝင်ငွေ နည်းပါးသည့် နိုင်ငံနှင့် အလယ် အလတ် ဝင်ငွေ ရရှိသော နိုင်ငံ များမှ ပို၍ အဖြစ် များသည်ကို တွေ့ရှိ ရသည်။ အချိုရည် သောက်သုံး ခြင်းသည် သေဆုံးသူ စာရင်းနှင့် ဆက်နွှယ် နေသည် ကိုမူ သက်သေ မပြနိုင် သေးသော်လည်း သကြားဓာတ် များသော အချိုရည် များသည် ခန္ဓာကိုယ် အလေးချိန် မြင့်တက် စေပြီး ဆီးချို၊ နှလုံးနှင့် ကင်ဆာ ရောဂါ အချို့ ဖြစ်ပွား မှုကို မြင့်တက် စေနိုင်သည်။ သိပ္ပံ ပညာရှင် များသည် ၎င်းတို့၏ တွေ့ရှိချက် များကို 2010 Global Burden of Diseases ဌာန၏ သကြားဓာတ် များသော အချိုရည်များ သောက်သုံး ခြင်းသည် ကမ္ဘာ တစ်ဝန်း တစ်နှစ် လျှင် လူပေါင်း နှစ်သိန်းခန့် သေဆုံးနိုင် လေ့လာမှုမှ အချက် အလက် များအား စုဆောင်း သတင်း ပေးပို့ချက်များ အပေါ်တွင် အခြေခံ ထား သည်။ ကမ္ဘာ့ ဒေသကြီး ကိုးခု၊ လက်တင် အမေရိကနှင့် ကာရစ် ဘီယန် တို့၌ ဆီးချို ရောဂါဖြင့် သေဆုံးမှု နှုန်းမှာ အမြင့်ဆုံး ဖြစ်ပြီး ၎င်း သေဆုံးမှု များသည် အချို ရည်များ သောက်သုံး ခြင်းနှင့် ဆက်နွှယ် နေသည်။ အနာ ဂတ်တွင် သုတေ သန ပြုမှု များသည် ကမ္ဘာ တစ်ဝန်း ကလေး များ၌ သကြား ထည့်သွင်း ထားသော အချိုရည် သောက်သုံးမှု ပမာဏအား အကဲဖြတ် လေ့လာ ခြင်းနှင့် အချိုရည် သောက်သုံး မှုကြောင့် ကလေးများ လက်ရှိ အခြေ အနေနှင့် အနာဂတ် ကျန်းမာရေး အခြေအနေ တို့တွင် မည်သို့ အကျိုး သက်ရောက် မှုများ ရှိနိုင်သည်ကို လေ့လာ အကဲဖြတ် သင့်သည်။ တစ်နေ့ လျှင် အမြှုပ် ပါသော အချိုရည် တစ်ဘူးခန့် သောက်သုံးရုံ မျှဖြင့် ဆီးချို ရောဂါ အမျိုး အစား နှစ်မျိုး ဖြစ်ပွား စေနိုင်ကြောင်း သုတေသီ များက သတိပေး ပြောကြား ထားသည်။ မည်သည့် ကယ်လိုရီ ပုံစံမျိုး မဆို သကြားဓာတ် ကယ်လိုရီ ၁၅ဝ အပို စားသုံး ပါက လူထု အတွင်း ဆီးချို ဖြစ်ပွားမှု နှုန်း သုည ဒသမ ၁ ရာခိုင်နှုန်းခန့် တိုးလာ နိုင်သည် ကို စတန်းဖို့ဒ် တက္ကသိုလ်၊ကယ်လီဖိုးနီးယား ဘာကလေ တက္ကသိုလ်နှင့် ကယ်လီဖိုးနီးယား ဆန်ဖရန် စစ္စကို တက္ကသိုလ် တို့မှ သုတေသီ များက တွေ့ ရှိ ထားကြသည်။ ။
ကေကေ
No comments:
Post a Comment