လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Monday, May 20, 2013

အမေရိကန်မှဘရာဇီးလ်သို့ ဘောလုံးကိုပုတ်၍သွားသူကားတိုက်သေဆုံး

Photo: အမေရိကန်မှဘရာဇီးလ်သို့ ဘောလုံးကိုပုတ်၍သွားသူကားတိုက်သေဆုံး
Monday, May 20, 2013 

အမေရိကန်ပြည်ထောင်စု၊ ဆီယဲတဲလ်မြို့မှ အသက် ၄၂ နှစ် အရွယ်ရှိ ရစ်ချတ်စွမ်ဆန်သည် ၎င်း၏မြို့မှ ၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလားဘောလုံး
ပြိုင်ပွဲအား အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ဘရာဇီးလ်နိုင်ငံအထိ ခရီးကီလိုမီတာ ၁၆၀၀၀ ကို ဘောလုံးအား လက်ဖြင့်ပုတ်၍သယ်ဆောင်
သွားရန် ကြံစည်ခဲ့သည်။

သို့ရာတွင်၎င်းသည်ခရီးစတင် ထွက်ခွာ၍ ရက်သတ္တပတ်နှစ် ပတ်မပြည့်မီ
တွင်ပင်အော်ရီဂွန် ပြည်နယ်ကမ်းခြေ၌ကားတိုက်ခံ ရ ၍သေဆုံးသွားခဲ့ပြီး ၎င်း၏ အပြာရောင်ဘောလုံးမှအနီးအနား တွင်တွေ့ရှိရကြောင်း ရဲဘက်မှ
ပြောကြားလိုက်သည်။

စွမ်ဆန်သည် ၂၀၁၄ ခုနှစ် ဇွန်လတွင်ကျင်းပမည့်ကမ္ဘာ့ဘောလုံးပွဲအမီ ဘရာဇီးလ်နိုင်ငံ၏မြို့တော် ရီယိုဒီဂျနေးရိုးမြို့သို့ရောက်ရှိရန် စီစဉ်ထား
ခဲ့သည်။ ၎င်းသည် ဘရာဇီးလ်နိုင်ငံသို့ရောက်ရှိရန် အတွက်မက္ကဆီကို နီကရာဂွါနှင့် ကိုလံဘီယာနိုင်ငံများအားဖြတ် ကျော်သွားရမည်ဖြစ်သည်။
ဆွမ်ဆန်သည်သူ၏ခရီးစဉ် အား မေလ ၁ ရက်နေ့တွင်စတင် ထွက်ခွာ
လာခဲ့ခြင်းဖြစ်ပြီးအော်ရီဂွန် ပြည်နယ်၏ ပင်လယ်ကမ်းခြေမြို့ တစ်မြို့ဖြစ်
သည့် နယူပို့မြို့တွင် နောက်တစ်ဆင့်ခရီးတစ်ထောက် ရပ်နားရန်ရည်ရွယ်
ထားသော်လည်း ထိုမြို့သို့မရောက်ရှိမီ ၈ ကီလိုမီ တာအကွာတွင် ကားတိုက်ခံခဲ့ ရခြင်းဖြစ်သည်။

ဆွမ်ဆန်သည်၎င်း၏ခရီးစဉ် အားရိုက်ကူးထားသည့်နောက်ဆုံး ဗီဒီယိုပိုင်း
ကလေးအား မေလ ၁၃ ရက်နေ့ကအင်တာနက်သို့နောက်ဆုံး လွှင့်တင်
ထားခဲ့သည်။ ထိုစဉ်က ၎င်းသည်လင်ကွန်းမြို့သို့ရောက် ရှိနေခဲ့ပြီး ပစိဖိတ်
သမုဒ္ဒရာကမ်း ခြေ၏အလှအားကြည့်ရှု၍ကြည်နူး ပျော်ရွှင်နေချိန်ဖြစ်သည်။
ဆွမ်ဆန်ကွယ်လွန်သွားချိန်၌ ၎င်းတွင် အသက် ၂၂ နှစ်အရွယ် နှင့် ၁၈ နှစ်
အရွယ်သားနှစ်ဦး ကျန်ရစ်ခဲ့ကြောင်းလည်းသိရသည်။

The Hot News

အမေရိကန်ပြည်ထောင်စု၊ ဆီယဲတဲလ်မြို့မှ အသက် ၄၂ နှစ် အရွယ်ရှိ ရစ်ချတ်စွမ်ဆန်သည် ၎င်း၏မြို့မှ ၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလားဘောလုံး
ပြိုင်ပွဲအား အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ဘရာဇီးလ်နိုင်ငံအထိ ခရီးကီလိုမီတာ ၁၆၀၀၀ ကို ဘောလုံးအား လက်ဖြင့်ပုတ်၍သယ်ဆောင်သွားရန် ကြံစည်ခဲ့သည်။
သို့ရာတွင်၎င်းသည်ခရီးစတင် ထွက်ခွာ၍ ရက်သတ္တပတ်နှစ် ပတ်မပြည့်မီ
တွင်ပင်အော်ရီဂွန် ပြည်နယ်ကမ်းခြေ၌ကားတိုက်ခံ ရ ၍သေဆုံးသွားခဲ့ပြီး ၎င်း၏ အပြာရောင်ဘောလုံးမှအနီးအနား တွင်တွေ့ရှိရကြောင်း ရဲဘက်မှ
ပြောကြားလိုက်သည်။

စွမ်ဆန်သည် ၂၀၁၄ ခုနှစ် ဇွန်လတွင်ကျင်းပမည့်ကမ္ဘာ့ဘောလုံးပွဲအမီ ဘရာဇီးလ်နိုင်ငံ၏မြို့တော် ရီယိုဒီဂျနေးရိုးမြို့သို့ရောက်ရှိရန် စီစဉ်ထား
ခဲ့သည်။ ၎င်းသည် ဘရာဇီးလ်နိုင်ငံသို့ရောက်ရှိရန် အတွက်မက္ကဆီကို နီကရာဂွါနှင့် ကိုလံဘီယာနိုင်ငံများအားဖြတ် ကျော်သွားရမည်ဖြစ်သည်။
ဆွမ်ဆန်သည်သူ၏ခရီးစဉ် အား မေလ ၁ ရက်နေ့တွင်စတင် ထွက်ခွာ
လာခဲ့ခြင်းဖြစ်ပြီးအော်ရီဂွန် ပြည်နယ်၏ ပင်လယ်ကမ်းခြေမြို့ တစ်မြို့ဖြစ်
သည့် နယူပို့မြို့တွင် နောက်တစ်ဆင့်ခရီးတစ်ထောက် ရပ်နားရန်ရည်ရွယ်
ထားသော်လည်း ထိုမြို့သို့မရောက်ရှိမီ ၈ ကီလိုမီ တာအကွာတွင် ကားတိုက်ခံခဲ့ ရခြင်းဖြစ်သည်။

ဆွမ်ဆန်သည်၎င်း၏ခရီးစဉ် အားရိုက်ကူးထားသည့်နောက်ဆုံး ဗီဒီယိုပိုင်း
ကလေးအား မေလ ၁၃ ရက်နေ့ကအင်တာနက်သို့နောက်ဆုံး လွှင့်တင်
ထားခဲ့သည်။ ထိုစဉ်က ၎င်းသည်လင်ကွန်းမြို့သို့ရောက် ရှိနေခဲ့ပြီး ပစိဖိတ်
သမုဒ္ဒရာကမ်း ခြေ၏အလှအားကြည့်ရှု၍ကြည်နူး ပျော်ရွှင်နေချိန်ဖြစ်သည်။
ဆွမ်ဆန်ကွယ်လွန်သွားချိန်၌ ၎င်းတွင် အသက် ၂၂ နှစ်အရွယ် နှင့် ၁၈ နှစ်
အရွယ်သားနှစ်ဦး ကျန်ရစ်ခဲ့ကြောင်းလည်းသိရသည်။

The Hot News

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..