လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Wednesday, April 10, 2013

ရတနာပုံမြို့ သို့မဟုတ် မန္တလေးမြို့

Photo: ရတနာပုံမြို့ သို့မဟုတ် မန္တလေးမြို့

မြန်မာနိုင်ငံ၏ အထက် မြန်မာပြည် မြို့တော် တစ်ခုဖြစ်သော မန္တလေးမြို့ကို မြန်မာ သက္ကရာဇ် ၁၂၁၈ ခုနှစ် သာသနာ သက္ကရာဇ် ၂၄ဝဝ ပြည့်နှစ်တွင် မင်းတုန်းမင်း တရားကြီးသည်

မန္တလေးတောင် ခြေတွင် ရတနာပုံ မြို့သစ် နေရာကို စတင် တောခုတ် ရှင်းလင်းပြီး မြန်မာ သက္ကရာဇ် ၁၂၂၁ ခုနှစ် ခရစ်နှစ် ၁၈၅၉ ခုနှစ်တွင်မှ မြို့ကို စတင် တည်ဆောက်သည်။

ထို့ကြောင့် နံသစ် သင်္ချာနည်းအရ တရတနာပုံ မြို့တည်နှစ်ကို (အုတ်၊ ကျစ်၊ ကျော်၊ ဧ၊ မန္တလေး) ဟူသော စကားဖြင့် မှတ်သားထား ခဲ့ကြသည်။ တစ်ချိန်က ရတနာပုံ မြို့ဟူ၍ အမည်မှည့် ခေါ်ခဲ့ကြသော်လည်း မန္တလေး တောင်ခြေတွင် တည်ရှိသဖြင့် ယခုအခါ ထိုမြို့ကို မန္တလေးမြို့ အဖြစ် ပြောင်းလဲမှည့် ခေါ်ခြင်းဖြင့် ထင်ရှားသော မြို့တစ်မြို့ ဖြစ်လာခဲ့သည်။

ယခုအခါ မန္တလေးမြို့ရှိ နန်းမြို့ရိုးနှင့် ကျုံးသည် ကမ္ဘာလှည့် ခရီးသွားများ၏ လေ့လာစရာ တစ်ခု ဖြစ်သလို မြန်မာတို့၏ ကုန်းဘောင်မင်းဆက် နန်းစိုက်ခဲ့သော မြို့ဖြစ်သောကြောင့် သမိုင်း မှတ်တမ်းများ အဖြစ် တည်ရှိနေသော မြို့တစ်မြို့ ဖြစ်ပါကြောင်း ....။ 

http://bit.ly/YIw4sX

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..