တောင်အာဖရိက နိုင်ငံမှ အသက် ၃၇ နှစ်အရွယ်ရှိ မတ်ဆေးလဗား- ဗောလ်လန့်စ်ဆိုသူ အမျိုးသား တစ်ဦးသည် တောင်အာဖရိက သမ္မတဟောင်း နယ်လ်ဆင် မင်ဒဲလားကို ချီးကျူး ဂုဏ်ပြုသည့်
အနေဖြင့် အဆိုပါ သမ္မတဟောင်း ၁၈ နှစ်ကြာ ဖမ်းဆီး ချုပ်နှောင်ခံခဲ့ရသည့် ရော်ဘင်ကျွန်းမှ ကိတ်ပ်တောင်းမြို့သို့ ဟီလီယမ် ဓာတ်ငွေ့ ဖြည့်တင်းထားသော မိုးပျံပူဖောင်း များဖြင့်ဖြတ်ကူး ပြခဲ့ကြောင်း သိရသည်။
ဗောလ်လန့်စ်သည် ဟီလီယမ် ဓာတ်ငွေ့ဖြည့်တင်း ထားသော မိုးပျံ ပူဖောင်းများကို ၎င်း၏ ခန္ဓာကိုယ်တွင် ချည်နှောင်လျက် ရော်ဘင်ကျွန်း၏ ပင်လယ် ရေမျက်နှာပြင် အထက်လေးမိုင် နီးပါး အကွာခန့်မှ ကိတ်ပ်တောင်း မြို့သို့ ဝေဟင်မှ နေ၍ လိုက်ပါ စီးနင်းပြခဲ့သည်။
ယင်းကဲ့သို့ ရော်ဘင်ကျွန်းမှ ကိတ်ပ်တောင်းမြို့သို့ မိုးပျံ ပူဖောင်းများဖြင့် ဖြတ်ကူးစဉ် ဗော်လ် လန့်စ်သည် ၎င်း၏ခန္ဓာကိုယ်တွင် ရေငုပ်ဝတ်စုံကို ဝတ်ဆင်ထားခဲ့ပြီး ယင်းသို့ လုပ်ဆောင် ရခြင်းမှာ ဂျိုဟန် နက်စ် ဘက်ဂ်မြို့၌ ကလေးဆေးရုံ တည်ဆောက်ရာတွင် အကူအညီပေး ရန်နှင့် နယ်လ်ဆင်မင်ဒဲလား ကလေး ရန်ပုံငွေ အဖွဲ့ကို ငွေကြေး ထောက်ပံ့ကူ ညီရန် ဖြစ် ကြောင်း သိရသည်။
ဗော်လ်လန့်စ်သည် အတ္တလန္တိတ် သမုဒ္ဒရာ ဝန်းကျင်အထက် ၃ ဒသမ ၇ မိုင် ခရီး အကွာ အဝေးကို တစ်နာရီကြာ စီးနင်း ပြခဲ့သည်ဟု သိရသည်။
MWD

No comments:
Post a Comment